cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲခူးတိုင်း ဇွန်လ ၃ ရက် မှ ဇွန်လ ၉ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ငါး/ပုစွန်ကန်များအတွက် အကြံပြုချက်
  • ပဲခူးတိုင်း အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကဒေသတွေမှာ ဇွန်လ ၃ ရက်နေ့က စ ပြီး နေသာချိန်ရှိကာ မိုးရွာသွန်းခြင်း(မိုးရေချိန်)လျော့နည်းလာနိုင်ပါတယ်။

    ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းဒေသတွေတလျှောက်မှာတော့ ဇွန်လ ၅ ရက်နေ့နောက်ပိုင်းမှသာ နေသာချိန်ပိုပြီး မိုးရွာသွန်းမှုလျော့ကျလာနိုင်ပါတယ်။

    ပဲခူးတိုင်းအရှေ့ခြမ်းနဲ့ အနောက်ခြမ်းက မြို့နယ်တွေအားလုံးမှာ ဇွန်လ ၁၁ ရက်နောက်ပိုင်းတွင် ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာအထက်(၀.၈ လက်မအထက်)မိုးရွာသွန်းနိုင်ချေရာနှုန်းပြည့် ပြန်ဖြစ်လာနိုင်ပါမယ်။

    ပဲခူးတိုင်းအတွင်း အနောက်တောင်ဘက်နဲ့ တောင်ဘက်မှ လေတိုက်နှုန်းတနာရီ ၁၀ မိုင်မှ ၁၅ မိုင်ခန့်တိုက်နိုင်ပြီး၊ နေ့အပူချိန်အမြင့်ဆုံး ၃၃°C နဲ့ အနိမ့်ဆုံး ၂၅°C ရှိနိုင်ပါမယ်။ လေထုစိုထိုင်းဆက ၉၀% နဲ့အထက်မှာဆက်လက်ရှိနေနိုင်မှာကြောင့် စွတ်စိုထိုင်းမှိုင်းတဲ့ မိုးရာသီကိုဒီတပတ်မှာလဲ ဆက်လက်ဖြတ်သန်းကြရဦးမှာပါ။

    ပဲခူးတိုင်းအတွင်းက မြစ်ကြီးများရဲ့ မြစ်ရေမြင့်တက်နေတဲ့အခြေအနေကလဲ စိုးရိမ်ရေမှတ်ရောက်ရန် လိုနေသေးတာကို မိုး/ဇလမှ နေ့စဉ်မြစ်ရေအခြေအနေ post တွေမှာတွေ့ရတာကြောင့် မြစ်ရေကြီးနိုင်မဲ့ အခြေအနေကို ဒီတပတ်အတွင်းမှာ မတွေ့နိုင်‌သေးပါ။

    ပဲခူးတိုင်းဒေသကြီးအတွင်းက မြို့နယ်အချို့ရဲ့ ၄ ရက်ကြိုတင်ခန့်မှန်းချက်တွေကို VPN မလို၊ ၆ နာရီတကြိမ် update ဖြစ်နေတဲ့ weather widget တွေကို အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ် - https://www.mmweather.org/divisional-cities-weather/bago-div

    Win Naing

    Administration Team,

    MMWEATHER,

    https://www.mmweather.org/home


    ငါး/ပုစွန်ကန်များအတွက် အကြံပြုချက်

    ငါးစာကျွေးရာတွင်လည်း အချိန်မှန်ကျွေးခြင်းသည် ငါးများအတွက် အစာစားခြင်းကိုအပြည့်အဝ စားသုံးနိုင်ပါမည်။ ငါးသေးချိန်တွင် တစ်နေ့လျှင် အစာသုံးကြိမ်ကျွေးရမည်ဖြစ်ပြီး၊ ငါးကြီးအချိန်တွင် တစ်နေ့ လျှင် အစာနှစ်ကြိမ်ကျွေးရပါမည်။ မိုးရွာလျှင် ကန်ရေအပူချိန် ပြောင်းလဲတတ်သည်။ ငါးများသည် ၂၀ °C အောက်ကျသွားလျှင် အစာစား နှုန်းလျော့ကျသွားတာကြောင့် လျှော့ကျွေးရန် လိုအပ်ပါသည်။

    ပြုပြင်ထားသောအစာ၊ စက်ရုံထုတ်အစာများသည် ဖြည့်စွက်စာများဖြစ်ပြီး ငါးများအာဟာရမြင့်မားစွာရရှိစေပြီး ကြီးထွားမှုမြန်လာစေသည်။ အခြေခံအစာသည် သဘာဝအစာဖြစ်သည့်အတွက် သဘာဝအစာကို ကန်အတွင်းအမြဲရှင်သန်စေရန် ဆောင်ရွက်ပြီး ဖြည့်စွက်စာကို လိုအပ်သလိုဖြည့် စွက်ကျွေးနိုင်ပါက အစာကုန်ကျစရိတ်သက်သာမည်ဟု အကြံပြုအပ်ပါသည်။

    စက်ရုံထုတ်ငါးစာသည် မွေးမြူမည့် ငါးမျိုးစိတ်များအတွက် လိုအပ်သည့် ပရိုတင်းအချိုးအစားနှင့် ကိုက်ညီစေရန် စီမံထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ ငါးသေးစာတွင် ပရိုတင်းပါဝင်မှုများပြီး၊ ငါးကြီးစာများတွင် ပရိုတင်းပါဝင်မှု တဖြည်းဖြည်းလျှော့ကျလာမည်ဖြစ်ပါသည်။

    -------------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
  • article
  • article
  • article
likes
8
comments
1
views
6619