cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မိုးအဆက်မပျက် ရွာသွန်း နေခြင်း ကြောင့်ရှမ်းကုန် အချို့ စျေးကျနိုင်

. Crop Price News
မိုးအဆက်မပျက် ရွာသွန်း နေခြင်း ကြောင့် ရှမ်းကုန် ချို့ အရောင်းအဝယ် အေးပြီး စျေးကျနိုင်ကြောင်း ကုန်စိမ်း အရောင်းအဝယ် လုပ်သူများထံ မှ သိရပါသည်။
  • လက်ရှိ စျေးကွက်တွင် ရှမ်းကုန်များ

    အဝင်များ နေပြီး မိုးအဆက်မပျက် ရွာသွန်း နေခြင်း ကြောင့် ဝယ်လက်များ အသွားအလာ နည်းပြီး အရောင်းဝယ် ပါးနေ ကြောင်းလည်း သိရပါသည်။


    နှစ်စဉ် မိုးရာသီ ဇွန်လ တွင် ဘိုစား၊ မုံညှင်း ၊ရွှေပဲ ၊ငရုပ်ပွ ၊နှင့် ဂေါ်ဖီ အစ ရှိ သည့် ရှမ်း ကုန်စိမ်းများမှာ စျေး များ ကျလေ့ရှိကြောင်း သိရပါသည်။


    “ မိုးတွင်း ၆လပိုင်း မှာ စျေးကျတက်တယ်။ ကုန်အဝင်များတော့စျေးထိုး ကျတယ်။ နောက်ပြီး မိုးများတော့ အသွားအလာနည်းတယ်အရောင်းဝယ် မကောင်းဘူး ။လုပ်ရကိုင်ရတာ အဆင်မပြေဘူး။ “ ဟု ရှမ်းပြည်နယ်အောင်ပန်း မြို့ မှ ကုန်စိမ်း လက်လီလက်ကား ရောင်းဝယ်သူတစ်ဦး ကသုံးသပ်ပြောထားသည်။


    ထို့အပြင် မိုးရာသီ ခရီးသွား များ ဝင်ရောက်မှု နည်း သည့် အတွက် ဟိုတယ်လုပ်ငန်း များ နှင့် စားသောက်ဆိုင် များ မှလည်း အဆိုပါ ကုန်စိမ်းများ ဝယ်ယူမှုနည်း လာကြောင်း လည်း သိရပါသည်။


    “ ဘိုစား ၊ ငရုတ်ပွ၊ မုံညှင်းတွေက ဟိုတယ် တွေ နဲ့ စားသောက်ဆိုင်ကြီးတွေ မှာ အသုံးများတာ ၊ အခု ကမိုးရာသီဆိုတော့ ခရီးသွား ဝင် ရောက်မူ နည်း တယ်။ ဒါကြောင့် ဒီကုန်စိမ်းတွေက နှစ်တိုင်း မိုးတွင်းဆို အရောင်းအဝယ်အေးတယ် ။ အရောင်းအဝယ်အေးတော့ စျေးကျ တယ်။ “ ဟု ရှမ်းပြည်နယ် တောင်ကြီး မှ ကုန်စိမ်းရောင်းဝယ်သူ တစ်ဦး ကပြောသည်။


    လက်ရှိ ရာသီဥတု အခြေအနေများ နှင့် လမ်းခရီး အခြေအနေများ မကောင်း သောကြောင့် သယ်ယူပို့ဆောင်းရေး ခက်ခဲ ကာ

    နယ်ဘက် မှ အဝယ် နည်းလာကြောင်းလည်း သိရပါသည်။


    သို့ဖြစ်၍ ကုန် အထွက်များ ပြီး အဝယ် မရှိသည့် အတွက် စျေး တက်နိုင်ရန် အခြေအနေမရှိ ကြောင်း နှင့် စက်တင်ဘာ လ ပိုင်း ရောက်မှ သာ ပြန် လည် မြင့်တက်နိုင်ကြောင်း သုံးသပ် ထားကြသည်။


    လက်ရှိ ရှမ်းပြည်နယ် တွင် ဘိုစား တစ်ပိဿာလျှင် ၃၀၀၀ ကျပ် ၊ မုံညှင်း တစ်ပိဿာလျှင် ၁၃၀၀ ကျပ် ၊ ဂေါ်ဖီ တစ်ထုတ်လျှင် ၅၀၀ မှ ၁၀၀၀ ကျပ် နှင့် ငရုပ်ပွ တစ်ပိဿာလျှင် ၁၄၀၀ ကျပ် နှင့် ရွှေပဲ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်သာပေါက်စျေး ရှိ ပြီး နောက်ပိုင်း စျေးကျနိုင်ကြောင်းသိရပါသည်။


    ဖိုးချဲ(AMIA)


    Exclusive Content For

    Htwet Toe - ထြက္တိုး

    ----------

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
3
comments
0
views
3725