cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်း ဇွန်လ ၅ ရက် မှ ဇွန်လ ၁၁ ရက် မိုးလေဝသအခြေအနေ

. Weather News
ငါး၊ပုစွန်မွေးမြူခြင်းလုပ်ငန်းတွင် မွေးမြူမည့်နေရာရွေးချယ်ခြင်းသည် အဓိကကျသောလုပ်ငန်း ဖြစ်ပါသည်။ မြေနေရာရွေးချယ်ခြင်းမှန်ကန်လျှင် ငါး၊ပုစွန်မွေးမြူရေးလုပ်ငန်း၏ ၅၀ရာခိုင်နှုန်း အောင်မြင်ကြောင်း ပညာရှင်များက အဆိုပြုထားပါသည်။
  • ဒီရက်သတ္တပါတ် ၁ ပတ်အတွင်း နေသာချိန်ရှိပြီး မိုးအားလျော့နေတာတွေ ဇွန်လ ၉ ရက်အထိ ဆက်ပြီး ရှိနေနိုင်ပါတယ်။ ဒီရက်အတွင်း ၂၄ နာရီ မိုးရေချိန် ၂၀ မီလီမီတာဝန်းကျင်သာရွာနိုင်တာကြောင့် မိုးအနည်းငယ်ရွာနိုင်မယ်လို့ပဲ ခန့်မှန်းရပါတယ်။ 

    ဇွန်လ ၁၀ ရက်နေ့နဲ့နောက်ပိုင်းမှာတော့ ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံလေအားပိုကောင်းလာပြီး ဧရာဝတီတိုင်းမှာ သိသိသာသာမိုးပိုလာနိုင်ပါတယ်။ ၂၄ နာရီအတွင်း အများဆုံးမိုးရေချိန် ၃၀ မီလီမီတာခန့်(၁.၂ လက်မခန့်)သာရွာနိုင်တာမို့ မိုးအသင့်အတင့်ရွာနိုင်မယ်လို့သာ ခန့်မှန်းပါတယ်။ မိုးများနိုင်၊ မိုးအလွန်များနိုင်မည့်အခြေအနေမရှိပါ။ (၂၄ နာရီအတွင်း ၅ လက်မအောက်သာ ရွာနိုင်ပါမယ်)။ 

    လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်တဲ့ ၂၀၂၅ ခုနှစ် မေလအတွင်း ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း ပင်လယ်ကမ်းခြေအနီးက ရွာတွေမှာ ပင်လယ်လှိုင်းရိုက်ခတ်တာကြောင့် အိမ်တွေပြိုပျက်ရတဲ့ဖြစ်စဉ်တွေ တွေ့လာရပါတယ်၊ အရင်နှစ်တွေမှာတော့ မုန်တိုင်းကြီးတလုံးဖြစ်မှအခုလို ပင်လယ်လှိုင်းရိုက်ခတ်ဖျက်ဆီးခံတာတွေရှိပေမဲ့ ဒီနှစ်မှာ လေဖိအားနည်းရပ်ဝန်းအဆင့်လောက်က မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း-ပင်လယ်ကမ်းခြေတွေကို လှိုင်းအမြင့် ၄ ပေ မှ ၆ ပေ လောက်ရိုက်ခတ်တာနဲ့ အိုးအိမ်ပျက်စီးတာတွေ ၊ ကမ်းပါးပြိုတာတွေ တွေ့လာရတာကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့် တက်လာခြင်းနဲ့လဲ သက်ဆိုင်နိုင်ပါတယ်။ 

    ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းကြောင့် လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်လာတဲ့ကာလအတွင်း ရေလွှမ်းနိုင်သည့်အခြေအနေပိုများလာနိုင်ကြောင်း လေ့လာနိုင်ရန် MMWeather Knowledge Site မှာ တင်ပေးထားပါတယ် - https://www.mmweather.org/sea-level-rise#h.tv4buwyrxuzw 

    ငါး၊ပုစွန်ကန်များအတွက် အကြံပြုချက် 

    ငါး၊ပုစွန်မွေးမြူခြင်းလုပ်ငန်းတွင် မွေးမြူမည့်နေရာရွေးချယ်ခြင်းသည် အဓိကကျသောလုပ်ငန်း ဖြစ်ပါသည်။ 

    မြေနေရာရွေးချယ်ခြင်းမှန်ကန်လျှင် ငါး၊ပုစွန်မွေးမြူရေးလုပ်ငန်း၏ ၅၀ရာခိုင်နှုန်း အောင်မြင်ကြောင်း ပညာရှင်များက အဆိုပြုထားပါသည်။ 

    ထို့အတူ ကန်ပြင်ဆင်ခြင်းလုပ်ငန်းသည်လည်း အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်သည့်အပြင် ကန်ပြင်ဆင်ခြင်းမှန်ကန်ပါက မွေးမြူရေးကာလ တစ်လျှောက်လုံး ကန်ရေဩဇာရရှိမှု မှန်ကန်ခြင်း၊ ငါးရောဂါကျရောက်မှု နည်းပါးခြင်း ၊ ကန်ရေချဉ်ဖန်နှုန်း ပုံမှန် အခြေအနေတွင် ရှိခြင်း နှင့် ငါးရိုင်းနှင့် သားစားငါးများ ဝင်ရောက်မှု နည်းပါးခြင်းတို့ စသည့် အကျိုးကျေး ဇူးများကို ဖြစ်စေပါသည်။ 

    ထို့အပြင် ကန်အတွင်းမလိုလားအပ်သော ဓာတ်ငွေ့များဖြစ်သည့် ဟိုက်ဒြိုဂျင်ဆာ လဖိုဒ်နှင့် အမိုးနီးယား ဓါတ်ငွေ့ဖြစ်ပေါ်စေခြင်းကိုလည်း လျော့ပါးစေပါသည်။ 

    ထို့ကြောင့် ငါးမွေးမြူရေးနှင့်ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ကောစင်တာနံပါတ် 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ 

    --------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
10
comments
0
views
5500