cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်ဈေးကွက်ရှိ ကြက်သွန်နီစျေးကွက် သုံးသပ်ချက်

. Market Analysis
စားဖိုဆောင်သီးနှံ ကြက်သွန်နီ၏ တစ်ပိဿာ စျေးနှုန်းများကို သုံးသပ်ကြည့်ပါက စျေး ပထမငါးလအတွင်း စျေးက တဖြေးဖြေး နဲ့ ကျလာတာတွေ့ရပါတယ်။ ကြက်သွန်နီကို ပြည်ပနိုင်ငံအချို့က ဝယ်ယူမှုရှိလာတဲ့အခြေအနေတွေကြောင့် ပြည်တွင်းစျေးကွက်မှာ အရည်အသွေးကောင်းတဲ့ ကြက်သွန်တွေ စျေးကွက်မြင့်တက်လာနိုင်ပြီး ဇွန်လကုန်လောက် မှသာ စျေးကွက်ပြန်လည်မြင့်တက်လာနိုင်ကြောင်း ကုန်သည်တွေခန့်မှန်းထားပါတယ်။
  • ရန်ကုန်ဈေးကွက်ရှိ ကြက်သွန်နီ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဆိပ်ဖြူရှယ်(သစ်) စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၆၀၀/-ကျပ်၊ ဆိပ်ဖြူလတ်ကြီး ပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာ လျှင် ၁၅၀၀/-ကျပ်၊ ဆိပ်ဖြူလတ်သန့် စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၄၀၀/-ကျပ်၊ ဆိပ်ဖြူလတ်ချော စျေး နှုန်းမှာ တစ်ပိဿာလျှင် ၉၅၀/-ကျပ်အထိလည်းကောင်း၊ အသီးသီးဈေးပေါက်နေပါတယ်။  

    ၂၀၂၅ ခုနှစ်၊ ဧပြီလနှင့် မေလ နှိုင်းယှဉ်ခြင်း  

    ၂၀၂၅ ခုနှစ်၊ မေလ ကြက်သွန်နီ ပျမ်းမျှဈေးနှုန်းကို ယခင်လ ( ဧပြီလ) ပျမ်းမျှဈေးနှုန်းနှင့် နှိုင်းယှဉ်သော် အမျိုးအစားအားလုံးနီးပါးစျေးကျလာတာတွေ့ရပါတယ်။ ဆိပ်ဖြူရှယ်(သစ်) စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၁၉/-ကျပ်၊ ဆိပ်ဖြူလတ်ကြီး ပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာ လျှင် ၁၅၃/-ကျပ်၊ ဆိပ်ဖြူလတ်သန့် စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၄၆/-ကျပ်၊ ဆိပ်ဖြူလတ်ချော စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၆၁/-ကျပ် နီးပါး ကျဆင်းလာတာကို တွေ့ရပါတယ်။  

    ၂၀၂၅ ခုနှစ် လအလိုက်သုံးသပ်ခြင်း  

    ၂၀၂၅ ခုနှစ် မေလ ပထမပတ် အထိ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဆိပ်ဖြူရှယ်(သစ်) ၏ ဇန်နဝါရီလ တွင်တစ်ပိဿာ ပျမ်းမျှဈေးနှုန်းမှာ ၂၈၇၂/-ကျပ်၊ ဖေဖော်ဝါရီ တွင်တစ်ပိဿာ ပျမ်းမျှဈေးနှုန်းမှာ ၂၈၀၅/-ကျပ်နှင့် မတ်လတွင် ၂၀၃၆/- ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ ၁၈၀၀/ကျပ် နှင့် မေလတွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၆၈၀/ကျပ် ဖြင့် သီးသီးဈေး ပေါက်နေပါတယ်။  

    ဆိပ်ဖြူလတ်ကြီး ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလ တွင် တစ်ပိဿာ လျှင် ၂၉၀၆/- ကျပ်၊ ဖေဖော်ဝါရီလ တွင် တစ်ပိဿာ လျှင် ၂၇၈၈/- ကျပ်၊ မတ်လတွင် ၂၀၆၆/-ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ ၁၇၃၄/ကျပ် နှင့် မေလ တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၅၈၀/ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။  

    ဆိပ်ဖြူလတ်သန့် ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလ တွင် တစ်ပိဿာ လျှင် ၂၆၇၂/- ကျပ်၊ ဖေဖော်ဝါရီလ တွင် တစ်ပိဿာ လျှင် ၂၇၀၂/- ကျပ်၊ မတ်လတွင် ၁၉၉၆/-ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ ၁၆၂၀/ကျပ် နှင့် မေလတွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၄၇၄/ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။  

    ဆိပ်ဖြူလတ်ချော ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလ တွင် တစ်ပိဿာ လျှင် ၂၈၂၂/- ကျပ်၊ ဖေဖော်ဝါရီလ တွင် တစ်ပိဿာ လျှင် ၂၉၁၂/- ကျပ်၊ မတ်လတွင် ၁၄၃၉/-ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ ၁၁၃၄/ကျပ် နှင့် မေလ တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၉၇၄/ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။  

    ဈေးကွက် သုံးသပ် ခန့်မှန်းချက်  

    စားဖိုဆောင်သီးနှံ ကြက်သွန်နီ၏ တစ်ပိဿာ စျေးနှုန်းများကို သုံးသပ်ကြည့်ပါက စျေး ပထမငါးလအတွင်း စျေးက တဖြေးဖြေး နဲ့ ကျလာတာတွေ့ရပါတယ်။ ကြက်သွန်နီကို ပြည်ပနိုင်ငံအချို့က ဝယ်ယူမှုရှိလာတဲ့အခြေအနေတွေကြောင့် ပြည်တွင်းစျေးကွက်မှာ အရည်အသွေးကောင်းတဲ့ ကြက်သွန်တွေ စျေးကွက်မြင့်တက်လာနိုင်ပြီး ဇွန်လကုန်လောက် မှသာ စျေးကွက်ပြန်လည်မြင့်တက်လာနိုင်ကြောင်း ကုန်သည်တွေခန့်မှန်းထားပါတယ်။ 

    ကျေးဇူးတင်ပါတယ်ခင်ဗျာ။  

    ထွက်တိုး  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
  • article
  • article
  • article
  • article
likes
1
comments
1
views
3511