cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်း ဇွန်လ ၆ ရက် မှ ဇွန်လ ၁၂ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ငါးမွေးကန်များနောက်ကျိရခြင်းသည် ရေထဲတွင် အမှုန်အမွှားများပြားခြင်းကြောင့် ဖြစ်ပါသည်။ အထူးသဖြင့် မိုးရာသီတွင် ရွှံ့ ၊နှုံးမြေများကို မိုးရေတိုက်စားပြီး ကန်အတွင်း ကျရောက်သဖြင့် ရေနောက်ကျိခြင်း ပိုမိုများပြားစေပါသည်။
  • ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လာနိုင်တဲ့ ထူးခြားမိုးလေဝသအခြေအနေ(‌လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်း)ကြောင့် ဇွန်လ ၁၂ ရက်နေ့၊ နံနက်အစောပိုင်းနဲ့ မွန်းလွဲညနေပိုင်းအချိန်တွေမှာ မန္တလေးတိုင်းအတွင်း နေရာစိပ်စိပ် - မိုးအနည်းငယ်မှ မိုးအသင့်အတင့် ပြန်ရွာလာနိုင်ပါမယ်၊၂၄ နာရီအတွင်း ရွာသွန်းရရှိနိုင်မဲ့ မိုးရေချိန်တွေကတော့ ၂၀ မီလီမီတာ(၀.၈ လက်မခန့်)ထက် မကျော်နိုင်ပါ။ 

    တောင်ဘက်မှ လေတိုက်နှုန်း တစ်နာရီ ၁၅ မိုင်ခန့်အထိတိုက်နိုင်ပြီး၊ ဇွန်လ ၁၁ ရက်နေ့အထိ နေ့အပူချိန်များ ၃၄°C အထိမြင့်တက်နေနိုင်ကာ ဇွန် ၁၂ ရက်ကျော်မှ နေ့အမြင့်ဆုံးအပူချိန်များ ပြန်လည်ကျဆင်းလာနိုင်ပါတယ်။ 

    ၄ ရက် မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်တွေကိုကြည့်ပြီး မိမိဒေသအတွင်းမှာဖြစ်ပေါ်လာနိုင်တဲ့ လေ/မိုးအခြေအနေကို ကိုယ်တိုင်သိရှိတွက်ဆနိုင်အောင် ကြိုးစားလေ့လာကြစေချင်ပါတယ် - https://www.mmweather.org/divisional-cities-weather/mandalay-div 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါး/ပုစွန်ကန်များအတွက်အကြံပြုချက် 

    ငါးမွေးကန်များနောက်ကျိရခြင်းသည် ရေထဲတွင် အမှုန်အမွှားများပြားခြင်းကြောင့် ဖြစ်ပါသည်။ အထူးသဖြင့် မိုးရာသီတွင် ရွှံ့ ၊နှုံးမြေများကို မိုးရေတိုက်စားပြီး ကန်အတွင်း ကျရောက်သဖြင့် ရေနောက်ကျိခြင်း ပိုမိုများပြားစေပါသည်။  

    ကန်ရေနောက်ကျိနေခြင်းကြောင့် နေအပူချိန် နှင့်အလင်းရောင်သည် ကန်မျက်နှာပြင်မှ အောက်သို့ထိုးဖောက်ဝင်ရောက်မှု နည်းပါးသောကြောင့် အပင်မျှောလှေးနှင့် အကောင်မျှောလှေး ပေါက်ဖွားခြင်းကို လျှော့နည်းစေသည့် အပြင်၊ ကန်အတွင်း အောက်စီဂျင်ပျော်ဝင်မှု ဖြစ်စဉ်လည်းကျ ဆင်းလာသည်ကိုတွေ့ရှိရပါသည်။   

    ကန်အတွင်းအနယ်အနှစ်များပြားသဖြင့် ငါးများ၏ပါးဟက် ပိတ်ဆို့စေသည်။ ပါးဟက်၏သွေးကြောမျှင်ကလေးများက ရေထဲရှိ ပျော်ဝင်အောက်စီဂျင်ကို စုပ်ယူအသက်ရှူခြင်းလုပ်ငန်းကို ဆောင်ရွက်ရသဖြင့် အသက်ရှူခြင်းကိုလည်း ရေနောက်ကျိခြင်းက တိုက်ရိုက်ထိခိုက်စေပါသည်။ 

    -------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
  • article
  • article
  • article
  • article
likes
10
comments
0
views
5101