cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း ဇွန်လ ၉ ရက်မှ ဇွန်လ ၁၅ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ဇွန်လ ၁၂ ရက် မှ ဇွန်လ ၁၅ ရက် အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေမှာဖြစ်တဲ့အတွက် ရန်ကုန်တိုင်းအတွင်း တောင်-အနောက်တောင်ဘက်မှ လေတိုက်နှုန်း တစ်နာရီ ၁၅ မိုင် မှ မိုင် ၃၀ ကျော်အထိရှိနိုင်ပြီး ပင်လယ်ကမ်းရိုးတန်းနဲ့ နီးတဲ့ ဒေသတွေမှာ လေပိုပြင်းနိုင်၊ မိုးပိုများနိုင်ပါမယ်။
  • ရန်ကုန်တိုင်းအတွင်းက မြို့နယ်အားလုံး(ပင်လယ်ထဲက ကိုကိုးကျွန်းမြို့နယ်အပါအဝင်)မှာ ဇွန်လ ၁၂ ရက်အထိ နေသာချိန်များပြီး နံနက်အစောပိုင်းနဲ့ မွန်းလွဲ/ညနေ/ည ပိုင်း အပူချိန်လျော့ကျသွားတဲ့အချိန်တွေမှာ မိုးအနည်းငယ်ရွာနိုင်ပါမယ်၊ ဇွန်လ ၁၃ ရက် မှ ဇွန် တတိယပတ်အထိ ရန်ကုန်တိုင်းတစ်ခုလုံး တိမ်ဖုံးအုပ်နေပြီး မိုးရက်ဆက်ရွာသွားနိုင်ကြောင်း၊ အဲ့ဒီရက်တွေအတွင်း နေ့စဉ် ၂၄ နာရီအတွင်း မိုးရေချိန် ၁.၅ လက်မ အထိ(30mm မှ 40mm) ရွာသွန်းနိုင်ပါမယ်။ 

    ဇွန်လ ၁၂ ရက် မှ ဇွန်လ ၁၅ ရက် အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေမှာဖြစ်တဲ့အတွက် ရန်ကုန်တိုင်းအတွင်း တောင်-အနောက်တောင်ဘက်မှ လေတိုက်နှုန်း တစ်နာရီ ၁၅ မိုင် မှ မိုင် ၃၀ ကျော်အထိရှိနိုင်ပြီး ပင်လယ်ကမ်းရိုးတန်းနဲ့ နီးတဲ့ ဒေသတွေမှာ လေပိုပြင်းနိုင်၊ မိုးပိုများနိုင်ပါမယ်။ 

    အခု ရက်သတ္တပါတ် ၁ ပါတ်အတွင်း ရန်ကုန်တိုင်းအတွင်း လေထုစိုထိုင်းဆ ၉၀% အထက်မှာရှိနေပြီး၊ နေ့အပူချိန်အမြင့်ဆုံး ၃၀°C ရှိနိုင်ကာ ည အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနေနိုင်ပါမယ်။ စိုထိုင်းဆမြင့်မားနေတာကြောင့် မိုးမရွာ/လေမတိုက်တဲ့ အချိန်များအတွင်း၊ ရန်ကုန်မြို့လယ်က မြို့နယ်တွေမှာ ခံစားရတဲ့အပူချိန် Temperature felt or Apparent Temperature က ၃၇-၃၈°C အထိ ရှိနေနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများထံသို့... 

    စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် 

    • လက်ရှိ တိုက်ကြီးဘက်တွင် ရွှေခရုကျရောက်ဖျက်ဆီးနေကြောင်းသိရသဖြင့် ရွှေခရုကာကွယ်နှိမ်နင်းနည်းနှင့် ပေါင်းနှိမ်နင်းနည်းများကို အဓိကဆွေးနွေးပေးလိုက်ပါတယ်။  
    • ရွှေခရုကိုနှိမ်နင်းမယ်ဆိုရင် ဆေးတစ်မျိုးတည်းကိုလုံးဝ လုံးဝအားကိုးလို့မရပါဘူး။ ရေထုတ်တာ၊ ဇကာပိုက်နဲ့စစ်တာ၊ ဝါးတိုင်ထောင်ပြီး ခရုဥတွေကိုကြိတ်ချေဖျက်ဆီးပစ်တာ၊ မျှားစာချတာ ဘက်စုံလုပ်မှ အဆင်ပြေပါမယ်။ 
    • မျှားစာအဖြစ် ခရုသတ်ဆေး Niclosamide , Metaldehyde ကို ကျိုချက်ထားသော ဆန်ကွဲဖြင့် ရောနယ်ပြီး ကြဲပက်ကျွေးတာ (သို့မဟုတ်) ဖြတ်ထားသောရေသန့်ဘူးခွံထဲထည့်ပြီး ဝါးတိုင်မှာချည်ပါ၊ ပြီးရင် စပါးခင်းထဲက ရေမျက်နှာပြင်နှဲ့တစ်ပြေးညီ ထားပေးပါ။  
    • ပေါင်းသတ်ဆေးနဲ့ပတ်သတ်ပြီး အကြံပေးလိုတာကတောာ့ မြက်အုပ်စုပေါင်းများအတွက်-Fenoxaprop-p-ethyl, Cyhalofop-butyl 
    • တစ်နှစ်ခံမြက်နှင့် မြက်မုန်ညင်းအချို့အတွက်- Bispyribac sodium 
    • မြက်၊ မြက်မုန်ညင်းနှင့် ရွက်ပြန့်အတွက် - Fenoxaprop+ Quinclorac+ Pyrazosulfuron  
    • ရွက်ပြန့်ပေါင်းများအတွက်- Ethoxysulfuron, Pyrazosulfuron, Phenoxulum တို့ကိုရွေးချယ်နိုင်ပါတယ်။ 
    • ဆေးမဖျန်းခင်အချိန် မိုးရွာသွန်းနိုင်ချေရှိ၊မရှိ စစ်ဆေးပေးပါ။ 
    • မည်သည့်ဆေးဖျန်းဖျန်း ဖျန်းပြီးအနည်းဆုံး ၄နာရီခန့်မိုးမရွာသွန်းဖို့ လိုပါတယ်။ 

    ငါးမြစ်ချင်း ဆေးထိုးသားဖောက်ခြင်း အကြံပြုချက် 

    မြန်မာနိုင်ငံတွင် ငါးမြစ်ချင်း မျိုးစိတ်သားဖောက်သော ရာသီမှာ ဧပြီ လမှ စက်တင်ဘာလအထိ ဖြစ်ပါသည်။  သားဖောက်ရန်အကောင်းဆုံး အပူချိန်မှာ 22 °C မှ 31 °C ဖြစ်ပါသည်။ လက်ရှိဆေးထိုးသားဖောက်လုပ်ငန်းတွင် မျိုးအောင်သော ငါးမများသည် ဥချစဉ်တွင် ၂၀၀၀၀၀ မှ ၃၀၀၀၀၀ အထိ ရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ ဆေးထိုးသားဖောက်လုပ်ငန်းမှ ဥချပြီး အကောင်ပေါက်စ (ငါးမှုန်)ဘဝတွင် (၃)ရက်ကြာချိန်တွင် မြေကန်သို့ပြောင်းရွှေ့ပြီး ငါးမှုန်ပြုစုကြပါသည်။ အဆိုပါငါးမှုန်ပြုစုကန်တွင် ၁၅ရက်မှ ၂၀ရက်အထိကြာ ချိန်တွင် ငါးသားပေါက် (ငါးသန်)အရွယ် ရောက်ရှိလာပါသည်။ အဆိုပါအရွယ်တွင် အစာကိုကောင်းစွာ စားနိုင်သောအရွယ်ဖြစ်သောကြောင့် အာဟာရပြည့်ဝသော အစာများကို ကျွေးရန် လိုအပ်ပါသည်။ အဆိုပါ အရွယ်တွင် အစာကောင်းမွန်ပါက ရက် ၆၀ မှ ရက် ၉၀ အတွင်း ကျန်းမာသန်စွမ်းပြီး အရွယ်ရောက်သော ငါးဖျန်းများ ရရှိလာပါသည်။ အဆိုပါ ငါးဖျန်းများကို အသားတိုးကန်အတွင်း ပြောင်းရွှေ့မွေးမြူကြပါသည်။ အသားတိုး ကန်အတွင်းတွင် (၁၀)လမှ (၁၂)လအကြာမွေးမြူပြီး စျေးကွက်သို့ တင်ပို့‌ရောင်းချနေကြသည်ကို တွေ့ရှိရပါသည်။ 

    --------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
  • article
  • article
likes
5
comments
0
views
4737