cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်း ဇွန်လ ၁၁ ရက် မှ ဇွန်လ ၁၇ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မကွေးတိုင်းအတွင်းမှာ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်ပြီး ဇွန်လ ၁၁/၁၂ ရက်နေ့တွေက မိုးအများဆုံးရွာနိုင်တဲ့ရက်တွေ ဖြစ်နိုင်ပါမယ်။ အဲ့ဒီရက်တွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁ လက်မခန့်နှင့် ၁ လက်မ အထက်(မိုးအသင့်အတင့်)ရွာနိုင်ပါတယ်။ ၁၃ ရက် မှ ၁၇ ရက်နေ့တွေအတွင်းမှာ မိုးအနည်းငယ်ရွာနိုင်/မိုးအားလျော့ကျသွာနိုင်ပြီး၊ ဇွန်လ ၁၇ ရက် နောက်ပိုင်းမှာ မိုးအားပြန်များလာနိုင်ပါမယ်။
  • တောင်တရုတ်ပင်လယ်ဘက်မှ ဟိုင်နန်ကျွန်းနားအထိရောက်လာနိုင်တဲ့ တိုင်ဖွန်းမုန်တိုင်း (လက်ရှိအချိန်အထိ လေဖိအားနည်းရပ်ဝန်း - TD-01W နဲ့၊ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်းတို့ရဲ့ အရှိန်သက်ရောက်မှုတွေကြောင့် - 

    မကွေးတိုင်းအတွင်းမှာ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်ပြီး ဇွန်လ ၁၁/၁၂ ရက်နေ့တွေက မိုးအများဆုံးရွာနိုင်တဲ့ရက်တွေ ဖြစ်နိုင်ပါမယ်။ အဲ့ဒီရက်တွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁ လက်မခန့်နှင့် ၁ လက်မ အထက်(မိုးအသင့်အတင့်)ရွာနိုင်ပါတယ်။ ၁၃ ရက် မှ ၁၇ ရက်နေ့တွေအတွင်းမှာ မိုးအနည်းငယ်ရွာနိုင်/မိုးအားလျော့ကျသွာနိုင်ပြီး၊ ဇွန်လ ၁၇ ရက် နောက်ပိုင်းမှာ မိုးအားပြန်များလာနိုင်ပါမယ်။ 

    အခုရက်သတ္တပါတ် ၁ ပါတ်အတွင်း အများအားဖြင့် တောင်ဘက်နှင့်အရှေ့တောင်ဘက်မှ လေတိုက်နှုန်း တစ်နာရီ ၁၅ မိုင်အထိ တိုက်နိုင်ကာ၊ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၄°C အထိရှိနိုင်ပါတယ်။ 

    မကွေးတိုင်းဒေသတစ်ခုလုံးမှာ ပျမ်းမျှလေထုစိုထိုင်းဆ ၇၅% မှ ၉၅% အထိရှိနေနိုင်ပြီး၊ နေသာချိန်အနည်းငယ်နဲ့ မွန်းလွဲ/ညနေပိုင်းတွေမှာ မိုးထစ်ချုန်းရွာနိုင်ချိန်ရှိနေပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home  

    မကွေးတိုင်းဒေသကြီးအတွင်း မိုးနှမ်းစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    မကွေးတိုင်းဒေသကြီးအတွင်း မိုးနှမ်းစိုက်ပျိုးတောင်သူများအတွက်နှမ်းအပင်ပေါက်ပြီး ၁၀-၄၅ ရက်အတွင်း Quizalofop-p-ethyl ပါဝင်သော ပေါင်းသတ်ဆေးဖျန်းပေးခြင်းဖြင့် ပေါင်းများ နှိမ်နင်းနိုင်ပါသည်။ ရွက်ဖျန်းအားဆေးအနေဖြင့် ပထမအကြိမ် နှမ်းပင် (၂၀-၄၀)ရက်သားတွင် အမိုင်နိုအက်ဆစ်နှင့် နိုက်ထရိုဂျင်၊ ဖော့စဖောရက် များသော ရွက်ဖျန်းအားဆေးများ ပက်ဖျန်းပေးခြင်းဖြင့်လည်းကောင်း၊ ဒုတိယအကြိမ် - နှမ်းပင်(၄၅-၅၀)ရက်သား ပန်းပွင့်စုံဖြိုင်ချိန်တွင် ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ ဘိုရွန်၊ မဂ္ဂနီဆီယမ်၊ နှင့် အခြားသော အနဲလိုအာဟာရဓာတ်များ ပါသော ရွက်ဖျန်းအားဆေးများ ပက်ဖျန်းပေးခြင်းဖြင့် လည်းကောင်း အပင်ကြီးထွားမှုကောင်း၊ အပွင့်အားကောင်းပြီး ပိုးမွှားရောဂါဒဏ်ခံနိုင်ကာ ပန်းပွင့်တိုင်း သန္ဓေအောင်၍ အစေ့အဆံ ပြည့်ဝအောင်မြင်သော သီးရှဉ်းများများတင်စေ၍ နှမ်းအထွက်နှုန်းကို ကောင်းမွန်စေမှာဖြစ်ပါသည်။ အပင်ဟုန်ခြင်းကိုကာကွယ်၍ အသီး ကြီးထွားမှုကိုအားပေးစေရန် Mepiquat chloride ပါဝင်သော ရွက်ဖျန်းဟော်မုန်းဆေးအား ပန်းမပွင့်မှီနှင့် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်များတွင်ပက်ဖျန်းပေးပါ။ 

    ငါးကန်များအတွက် အကြံပြုချက် 

    မိုးအဆက်မပြတ်ရွာသွန်းပြီး မိုးအုံ့နေသောကြောင့်  နေရောင်ခြည်အပြည့်အဝမရရှိသဖြင့် ကန်ရေဩဇာဖြစ်တည်မှုသည် ပပျောက်နိုင်ပါသည်။ (တစ်နည်း) ကန်ရေ၏အရောင်သည်အစိမ်းရောင်ဖြစ်နေရာမှ အစိမ်းရောင်ပျောက်သွားပြီး ကန်ရေသည်လည်း ရေကြည်နှုန်းများလာသည်ကို တွေ့ရှိရပါသည်။  

    မိုးဦးကျအချိန် ကန်အတွင်း ငါးစတင် ထည့်ချိန်တွင် ငါး၏ အရွယ်အစားမှာ အသေးဆုံး(၂)လက်မ မှ အကြီးဆုံး (၆)လက်မအရွယ်သာရှိတတ်ပါသည်။ ဆိုလိုသည်မှာ ငါးသန်နှင့် ငါးဖျန်းအရွယ်များ ဖြစ်ကြပါသည်။ ထိုအချိန်တွင် ကန်‌ရေ၏ချဉ်ဖန်နှုန်းသည် (၆)နှင့် (၆)အောက် ရောက်နေပါက ငါးများအပေါ် ဖိစီးမှုများပြီး ငါးငယ်များ သေစေနိုင်ပါသည်။ ထို့ကြောင့် ကန်ရေ၏ချဉ်ဖန်နှုန်း ကို နေ့စဉ် ဖြစ်စေ၊ (၃)ရက်တစ်ကြိမ်ဖြစ်စေ စစ်ဆေးပြီး ကန်ရေချဉ်ဖန်နှုန်း (၆)အောက်ရောက်နေပါက တစ်ဧက လျှင် ထုံး(၁၅)ပိဿာခန့် ထည့်သွင်းပေးရပါမည်။ 

    ထုံးထည့်သွင်းရာတွင်လည်း ကန်အတွင်း တိုက်ရိုက်ပက်ခြင်းကို မပြုလုပ်ရပါ။ ထုံးကို တစ်ညအိပ် ရေစိမ်ပြီးမှ နောက်တစ်နေ့မနက် (၈)နာရီခန့် နေပူချိန်တွင်ထည့်သွင်းပေးပါရန် တင်ပြအပ်ပါသည်။ 

    ---------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
7
comments
0
views
5254