cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်း ဇွန်လ ၁၂ ရက် မှ ဇွန်လ ၁၈ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မိုးရာသီမှာ ရေကြီးရေလျှံတာတွေ ဖြစ်တတ်တာမို့ ငါး/ပုစွန်တောင်သူဦးကြီးများ အနေနဲ့ အောက်ပါအချက်လေးတွေ ဆောင်ရွက်ထားဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ-
  • တောင်တရုတ်ပင်လယ်ဘက်မှ ဟိုင်နန်ကျွန်းကိုဖြတ်ကျော်ပြီး တရုတ်ပြည်မ တောင်ဘက်ကမ်းရိုးတန်းအတိုင်းဆက်လက်ရွေ့လျားနိုင်သော အားကောင်းတဲ့အပူပိုင်းမုန်တိုင်း WUTIP(01W) နဲ့၊ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ ဇွန်လ ၁၁ ရက်နေ့က စတင်ဖြစ်ပေါ်လာတဲ့ အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation)တို့ရဲ့ အရှိန်သက်ရောက်မှုတွေကြောင့် - 

    ဧရာဝတီတိုင်းမှာ အများအားဖြင့် နေရာစိပ်စိပ်မိုးအသင့်အတင့်(၂၄ နာရီ မိုးရေချိန် 30mm အောက် = ၁.၂ လက်မအောက်)ရွာသွန်းနိုင်ပြီး - 

    ဒေးဒရဲ၊ မအူပင်၊ ဓနုဖြူ၊ ညောင်တုန်း၊ ဆားမလောက်၊ ဟိုင်းကြီးကျွန်း၊ ပြင်စလူ၊ ငရုတ်ကောင်း၊ သာပေါင်း စတဲ့ မြို့နယ်တွေမှာ ၂၄ နာရီ မိုးရေချိန် 30mm အထက် = ၁.၂ လက်မအထက် မှ ၂.၄ လက်မအထိ(မိုးအသင့်အတင့်မှ မိုးများ)နိုင်ကြောင်း တွေ့ရပါတယ်။ 

    မြို့နယ်တစ်ခုနဲ့တစ်ခု ၂၄ နာရီအတွင်း ရရှိတဲ့ မိုးရေချိန်ကွာခြားချက်ရှိနိုင်တဲ့ နေရာကွက်ပြီး မိုးများနိုင်သည့် မိုးလေဝသအခြေအနေက ဇွန်လ ၂၁ ရက်အထိ ရှိနေနိုင်ပါဦးမယ်။  

    မိမိနေထိုင်ရာဒေသဝန်းကျင်၏ ၄ ရက် ကြိုတင်မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုကြည့်ရန် https://www.mmweather.org/divisional-cities-weather/ayarwaddy-div 

    အခုရက်သတ္တပါတ် ၁ ပါတ်အတွင်းမှာ တောင်ဘက်နှင့် အနောက်တောင်ဘက်အရပ်တို့မှ လေတိုက်နှုန်းအများဆုံး တနာရီ ၂၅ မိုင်အထိရှိနိုင်ပြီး ကမ်းရိုးတန်းအနီး လှိုင်းအမြင့် ၈ ပေခန့်အထိရှိနိုင်ပါတယ်။ 

    ဧရာဝတီတိုင်းအတွင်း မိုးရွာသွန်းခြင်းဆက်လက်ရှိနေနိုင်ဦးမှာမို့ ယခုတပါတ်အတွင်းမှာလဲ လေထုစိုထိုင်းဆ ၉၀% အထက်မှာရှိနေဦးမှာဖြစ်ပြီး အမြင့်ဆုံးနေ့အပူချိန် ၃၀°C နဲ့ အနိမ့်ဆုံး ညအပူချိန် ၂၅°C ရှိနိုင်ပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါး/ပုစွန်ကန်များအတွက်အကြံပြုချက်    

    မိုးရာသီမှာ ရေကြီးရေလျှံတာတွေ ဖြစ်တတ်တာမို့ ငါး/ပုစွန်တောင်သူဦးကြီးများ အနေနဲ့ အောက်ပါအချက်လေးတွေ ဆောင်ရွက်ထားဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ-    

    - ငါးမွေးမြူရေးကန်တွေရဲ့ ကန်ပေါင်တွေခိုင်ခံ့ဖို့အတွက် ကန်ပေါင်ပါးတဲ့ နိမ့်တဲ့နေရာတွေမှာ သဲအိတ်တွေဖို့ပြီး ကန်ပေါင်ခိုင်ခံ့အောင် ပြုလုပ်ထားရန်၊    

    - ရေကြီးရေလျှံလာတဲ့အခါ ငါးတွေ လွတ်ထွက်မှုမရှိစေဖို့အတွက် ဇာပြာ ပိုက်တွေနဲ့ကာရံထားရန်၊    

    - ရေစီးကြောင်းနဲ့နီးတဲ့ငါးကန်တွေမှာ ရေတိုက်စားမှုကာကွယ်ဖို့အတွက် တုတ်ရိုက်ပြီး ဝါးထရံတွေနဲ့ကာရံကာ သဲအိတ်တွေဖို့ထားရန်၊    

    - ဒါ့အပြင်လိုအပ်ပါက ငါးတွေရွှေ့ပြောင်းနိုင်ဖို့အတွက် ငါးဖမ်းပိုက်တွေ၊ စက်လှေတွေနဲ့ စက်ပစ္စည်းတွေကို ကြိုတင် ပြင်ဆင်ထားရန်၊   

    ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။  

    -------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
7
comments
0
views
5319