cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်း ဇွန်လ ၁၃ ရက် မှ ဇွန်လ ၁၉ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မန္တလေးတိုင်းမှာ ဇူလိုင် ၁၃ ရက်မှ ယခုရက်သတ္တပါတ် ၁ ပါတ်ကုန်ဆုံးချိန်၊ ဇွန်လ ၁၉ ရက်နေ့အထိ မိုးအားလျော့နည်းနေပါမယ်။ ဇွန်လ ၁၇-၁၈-၁၉ ရက်တွေမှာတော့နေသာချိန်များပြီး၊ ၂၄ နာရီအတွင်း မိုးအနည်းငယ်(၂၀ မီလီမီတာအောက် = ၀.၆ လက်မခန့်)ရွာနိုင်ပါမယ်။
  • တောင်တရုတ်ပင်လယ်ဘက်မှ ဟိုင်နန်ကျွန်းကိုဖြတ်ကျော်ပြီး တရုတ်ပြည်မ တောင်ဘက်ကမ်းရိုးတန်းအတိုင်းဆက်လက်ရွေ့လျားနိုင်သော အပူပိုင်းမုန်တိုင်း WUTIP(01W) နဲ့၊ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ ဇွန်လ ၁၁ ရက်နေ့က စတင်ဖြစ်ပေါ်လာတဲ့ အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation)တို့ရဲ့ အရှိန်သက်ရောက်မှုတွေကြောင့် အနောက်တောင်မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် ဇွန်လ ၁၂ ရက်နေ့အထိ မိုးအသင့်အတင့်ရွာခဲ့ပြီးဖြစ်ပါတယ်။ 

    ဇွန်လ ၁၃ ရက်ည၊ ၁၄ ရက်နေ့မနက်ပိုင်းမှာ အပူပိုင်းမုန်တိုင်း WUTIP ကုန်းတွင်းကို ဝင်ရောက်နေစဉ် မန္တလေးတိုင်းမှာ ဇူလိုင် ၁၃ ရက်မှ ယခုရက်သတ္တပါတ် ၁ ပါတ်ကုန်ဆုံးချိန်၊ ဇွန်လ ၁၉ ရက်နေ့အထိ မိုးအားလျော့နည်းနေပါမယ်။ ဇွန်လ ၁၇-၁၈-၁၉ ရက်တွေမှာတော့နေသာချိန်များပြီး၊ ၂၄ နာရီအတွင်း မိုးအနည်းငယ်(၂၀ မီလီမီတာအောက် = ၀.၆ လက်မခန့်)ရွာနိုင်ပါမယ်။ 

    တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်း ကမ်းခြေသို့ဖြတ်ကျော်ကာနီး အားအကောင်းဆုံးအချိန်မှာ တိမ်ထုဖြစ်ပေါ်မှုတွေက မြန်မာနိုင်ငံအလယ်ပိုင်းမှာ လျော့နည်းလာတာတွေ့ရပါတယ်။ ကုန်းတွင်းကို မုန်တိုင်းဝင်အပြီး ဇွန်လ ၁၅ ရက်နေ့မှ အနောက်တောင်မုတ်သုံလေအားကောင်းနေဆဲဖြစ်တာကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို တိမ်ထုရွေ့လျားဝင်ရောက်မှု ပြန်များလာပြီး မုတ်သုံမိုးတွေ ပြန်ရွာလာနိုင်ပါတယ်။ 

    မန္တလေးတိုင်းအတွင်း အခုတပါတ်အတွင်းမှာ တောင်ဘက်မှ လေတိုက်နှုန်း တစ်နာရီ ၁၅ မိုင်ခန့်အထိတိုက်နေပြီး နေသာချိန်လဲပိုများလာနိုင်တာကြောင့် နေ့အပူချိန်များ ၃၄°C အထိ ပြန်လည်မြင့်တက်လာနိုင်ပြီး၊ ညအပူချိန်များက အနိမ့်ဆုံး ၂၆°C ရှိနေနိုင်ပါမယ်။ မိုးအားလျော့နည်းသွားပြီးနေပြန်သာလာတာကြောင့် လေထုစိုထိုင်းဆ ၈၀% အောက်ကိုကျဆင်းလာနိုင်ပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါးမြစ်ချင်း ဆေးထိုးသားဖောက်ခြင်း အကြံပြုချက်  

    မြန်မာနိုင်ငံတွင် ငါးမြစ်ချင်း မျိုးစိတ်သားဖောက်သော ရာသီမှာ ဧပြီ လမှ စက်တင်ဘာလအထိ ဖြစ်ပါသည်။ သားဖောက်ရန်အကောင်းဆုံး အပူချိန်မှာ 22 °C မှ 31 °C ဖြစ်ပါသည်။ လက်ရှိဆေးထိုးသားဖောက်လုပ်ငန်းတွင် မျိုးအောင်သော ငါးမများသည် ဥချစဉ်တွင် ၂၀၀၀၀၀ မှ ၃၀၀၀၀၀ အထိ ရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ ဆေးထိုးသားဖောက်လုပ်ငန်းမှ ဥချပြီး အကောင်ပေါက်စ (ငါးမှုန်)ဘဝတွင် (၃)ရက်ကြာချိန်တွင် မြေကန်သို့ပြောင်းရွှေ့ပြီး ငါးမှုန်ပြုစုကြပါသည်။ အဆိုပါငါးမှုန်ပြုစုကန်တွင် ၁၅ရက်မှ ၂၀ရက်အထိကြာ ချိန်တွင် ငါးသားပေါက် (ငါးသန်)အရွယ် ရောက်ရှိလာပါသည်။ အဆိုပါအရွယ်တွင် အစာကိုကောင်းစွာ စားနိုင်သောအရွယ်ဖြစ်သောကြောင့် အာဟာရပြည့်ဝသော အစာများကို ကျွေးရန် လိုအပ်ပါသည်။ အဆိုပါ အရွယ်တွင် အစာကောင်းမွန်ပါက ရက် ၆၀ မှ ရက် ၉၀ အတွင်း ကျန်းမာသန်စွမ်းပြီး အရွယ်ရောက်သော ငါးဖျန်းများ ရရှိလာပါသည်။ အဆိုပါ ငါးဖျန်းများကို အသားတိုးကန်အတွင်း ပြောင်းရွှေ့မွေးမြူကြပါသည်။ အသားတိုး ကန်အတွင်းတွင် (၁၀)လမှ (၁၂)လအကြာမွေးမြူပြီး စျေးကွက်သို့ တင်ပို့‌ရောင်းချနေကြသည်ကို တွေ့ရှိရပါသည်။  

    --------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
4
comments
0
views
5385