cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရှမ်းပြည်နယ် ဇွန်လ ၁၄ ရက် မှ ဇွန်လ ၂၀ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတွေမှာ ရွာသွန်းမြဲမိုးရေချိန်အထက် ၁ လက်မ မှ ၃.၂ လက်မ အထိ မိုးပိုမိုရွာသွန်းနိုင်ကာ ရှမ်းပြည်နယ်အရှေ့ပိုင်း(တာချီလိတ်မြို့)မှာ ရွာသွန်းမြဲအောက် ၁.၄ လက်မ လျော့နည်းနိုင်ကြောင်းတွေ့ရပါတယ်။
  • တောင်တရုတ်ပင်လယ်ဘက်မှ ဟိုင်နန်ကျွန်းကိုဖြတ်ကျော်ပြီး တရုတ်ပြည်မကမ်းခြေကို ဇွန်လ ၁၄ ရက်ညပိုင်းတွင် ဆက်လက် ဖြတ်ကျော်ဝင်ရောက်မည့် အပူပိုင်းမုန်တိုင်း WUTIP အရှိန်သက်ရောက်မှုသည် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပိုများခဲ့ပါတယ်။ ၁၄ ရက်နောက်ပိုင်းမှာ အားကောင်းတဲ့-အနောက်တောင်မုတ်သုံလေရဲ့သက်ရောက်မှုဖြင့်၊ မိုးရာသီပုံမှန်မိုးရွာသွန်းခြင်းသာ ဆက်လက်ရှိနေနိုင်ပါမယ်။ 

    ယခု ရက်သတ္တပါတ် ၁ ပါတ်အတွင်း ရှမ်းပြည်နယ်တခွင်မှာ နေ့စဉ်နေသာချိန် ၂ နာရီမှ ၅ နာရီအထိ ရှိနိုင်ပြီး၊ ၂၄ နာရီအတွင်းမှာ မိုးရေချိန် ၂၀ မီလီမီတာအောက်(၀.၇ လက်မ)မိုးအနည်းငယ်သာရွာသွန်းနိုင်ပါမယ်။ ဇွန်လ ၁၄ ရက် မှ ၂၀ ရက်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတွေမှာ ရွာသွန်းမြဲမိုးရေချိန်အထက် ၁ လက်မ မှ ၃.၂ လက်မ အထိ မိုးပိုမိုရွာသွန်းနိုင်ကာ ရှမ်းပြည်နယ်အရှေ့ပိုင်း(တာချီလိတ်မြို့)မှာ ရွာသွန်းမြဲအောက် ၁.၄ လက်မ လျော့နည်းနိုင်ကြောင်းတွေ့ရပါတယ်။ 

    ရှမ်းပြည်နယ်တခုလုံးအတွက် မိုးများနိုင်မည့်အခြေအနေသည် ဇွန်လ ၂၆ ရက်အထိ မရှိနိုင်တော့ပဲ မိုးအသင့်အတင့်မှ အနည်းငယ်ရွာသွန်းနိုင်ချေသာ ရှိပါတော့မယ်။ 

    ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၃၂°C ၊ အနိမ့်ဆုံးညအပူချိန် ၂၄°C ၊ 

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၉°C ၊ အနိမ့်ဆုံးညအပူချိန် ၂၃°C ၊ 

    ရှမ်းပြည်နယ်တောင်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၅°C ၊ အနိမ့်ဆုံး ည အပူချိန် ၁၉°C အသီးသီးရှိနိုင်ပါမယ်။ 

    ရှမ်းပြည်နယ်အတွင်း မိုးရွာနှုန်းလျော့နည်းလာတာနဲ့အမျှ လေထုစိုထိုင်းဆ ၁၀၀% ခန့်ရှိခဲ့သည့်အခြေအနေမှ ၈၀% နှင့်အောက်အထိ လျော့နည်းလာနိုင်ကြောင်း(လေထုအတွင်းစွတ်စိုမှုလျော့နည်းလာနိုင်ကြောင်း)တွေ့ရပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

     ရှမ်းပြည်နယ်အတွင်း အာလူးစိုက်ပျိုးမည့်တောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    ရှမ်းပြည်နယ်အတွင်း အာလူးစိုက်ပျိုးမည့်တောင်သူများအနေဖြင့် မိုးရွာလိုက်နေပူလိုက် အလှည့်ကျဖြစ်လာပါက ပူနွေးစိုစွတ်လာပြီး ကျရောက်တတ်သော အာလူးစောပင်နာကျ ရောဂါ အတွက် ကြိုတင်ကာကွယ်ထားရပါမည်။ အာလူးအရွက်များတွင် အညိုရောင်ဒေါင့်ကွက်များ စတင်ဖြစ်ပေါ်လာပြီး ဗဟိုတူစက်ဝိုင်းရစ်များ ဖြစ်ပေါ်ပေါင်းစပ်သွားကာ အရွက်ခြောက်၍ ကြွေကျသွားတတ်ပါသည်။ အာလူးသီးတွင်ကျရောက်ပါက အမည်းရောင်ပြောင်းကာ ခြောက်ပုပ်သွား ပါသည်။ ကာကွယ်နည်းလမ်းများမှာ - 

    • ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးကိုသုံးပါ။ 
    • သီးလှည့်စိုက်ပျိုးပေးပါ။ 
    • ဓာတုဆေးအနေဖြင့် Metalaxyl၊  (Azoxystrobin + Difenoconazole) နှင့် ( Chlorothalonil + Hexaconazole + Cymoxanil )ကဲ့သို့သော မှိုသတ်ဆေးများဖျန်းပေးပါ။ 

    ငါး/ပုစွန်ကန်များအတွက်အကြံပြုချက်     

    မိုးရာသီမှာ ရေကြီးရေလျှံတာတွေ ဖြစ်တတ်တာမို့ ငါး/ပုစွန်တောင်သူဦးကြီးများ အနေနဲ့ အောက်ပါအချက်လေးတွေ ဆောင်ရွက်ထားဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ-     

    - ငါးမွေးမြူရေးကန်တွေရဲ့ ကန်ပေါင်တွေခိုင်ခံ့ဖို့အတွက် ကန်ပေါင်ပါးတဲ့ နိမ့်တဲ့နေရာတွေမှာ သဲအိတ်တွေဖို့ပြီး ကန်ပေါင်ခိုင်ခံ့အောင် ပြုလုပ်ထားရန်၊     

    - ရေကြီးရေလျှံလာတဲ့အခါ ငါးတွေ လွတ်ထွက်မှုမရှိစေဖို့အတွက် ဇာပြာ ပိုက်တွေနဲ့ကာရံထားရန်၊     

    - ရေစီးကြောင်းနဲ့နီးတဲ့ငါးကန်တွေမှာ ရေတိုက်စားမှုကာကွယ်ဖို့အတွက် တုတ်ရိုက်ပြီး ဝါးထရံတွေနဲ့ကာရံကာ သဲအိတ်တွေဖို့ထားရန်၊     

    - ဒါ့အပြင်လိုအပ်ပါက ငါးတွေရွှေ့ပြောင်းနိုင်ဖို့အတွက် ငါးဖမ်းပိုက်တွေ၊ စက်လှေတွေနဲ့ စက်ပစ္စည်းတွေကို ကြိုတင် ပြင်ဆင်ထားရန်၊    

    ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။   

    --------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
14
comments
1
views
4711