ရှမ်းပြည်နယ် ဇွန်လ ၁၄ ရက် မှ ဇွန်လ ၂၀ ရက်အထိ မိုးလေဝသအခြေအနေ
- တောင်တရုတ်ပင်လယ်ဘက်မှ ဟိုင်နန်ကျွန်းကိုဖြတ်ကျော်ပြီး တရုတ်ပြည်မကမ်းခြေကို ဇွန်လ ၁၄ ရက်ညပိုင်းတွင် ဆက်လက် ဖြတ်ကျော်ဝင်ရောက်မည့် အပူပိုင်းမုန်တိုင်း WUTIP အရှိန်သက်ရောက်မှုသည် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပိုများခဲ့ပါတယ်။ ၁၄ ရက်နောက်ပိုင်းမှာ အားကောင်းတဲ့-အနောက်တောင်မုတ်သုံလေရဲ့သက်ရောက်မှုဖြင့်၊ မိုးရာသီပုံမှန်မိုးရွာသွန်းခြင်းသာ ဆက်လက်ရှိနေနိုင်ပါမယ်။ - ယခု ရက်သတ္တပါတ် ၁ ပါတ်အတွင်း ရှမ်းပြည်နယ်တခွင်မှာ နေ့စဉ်နေသာချိန် ၂ နာရီမှ ၅ နာရီအထိ ရှိနိုင်ပြီး၊ ၂၄ နာရီအတွင်းမှာ မိုးရေချိန် ၂၀ မီလီမီတာအောက်(၀.၇ လက်မ)မိုးအနည်းငယ်သာရွာသွန်းနိုင်ပါမယ်။ ဇွန်လ ၁၄ ရက် မှ ၂၀ ရက်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတွေမှာ ရွာသွန်းမြဲမိုးရေချိန်အထက် ၁ လက်မ မှ ၃.၂ လက်မ အထိ မိုးပိုမိုရွာသွန်းနိုင်ကာ ရှမ်းပြည်နယ်အရှေ့ပိုင်း(တာချီလိတ်မြို့)မှာ ရွာသွန်းမြဲအောက် ၁.၄ လက်မ လျော့နည်းနိုင်ကြောင်းတွေ့ရပါတယ်။ - ရှမ်းပြည်နယ်တခုလုံးအတွက် မိုးများနိုင်မည့်အခြေအနေသည် ဇွန်လ ၂၆ ရက်အထိ မရှိနိုင်တော့ပဲ မိုးအသင့်အတင့်မှ အနည်းငယ်ရွာသွန်းနိုင်ချေသာ ရှိပါတော့မယ်။ - ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၃၂°C ၊ အနိမ့်ဆုံးညအပူချိန် ၂၄°C ၊ - ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၉°C ၊ အနိမ့်ဆုံးညအပူချိန် ၂၃°C ၊ - ရှမ်းပြည်နယ်တောင်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၅°C ၊ အနိမ့်ဆုံး ည အပူချိန် ၁၉°C အသီးသီးရှိနိုင်ပါမယ်။ - ရှမ်းပြည်နယ်အတွင်း မိုးရွာနှုန်းလျော့နည်းလာတာနဲ့အမျှ လေထုစိုထိုင်းဆ ၁၀၀% ခန့်ရှိခဲ့သည့်အခြေအနေမှ ၈၀% နှင့်အောက်အထိ လျော့နည်းလာနိုင်ကြောင်း(လေထုအတွင်းစွတ်စိုမှုလျော့နည်းလာနိုင်ကြောင်း)တွေ့ရပါတယ်။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါး/ပုစွန်ကန်များအတွက်အကြံပြုချက် - မိုးရာသီမှာ ရေကြီးရေလျှံတာတွေ ဖြစ်တတ်တာမို့ ငါး/ပုစွန်တောင်သူဦးကြီးများ အနေနဲ့ အောက်ပါအချက်လေးတွေ ဆောင်ရွက်ထားဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ- - - ငါးမွေးမြူရေးကန်တွေရဲ့ ကန်ပေါင်တွေခိုင်ခံ့ဖို့အတွက် ကန်ပေါင်ပါးတဲ့ နိမ့်တဲ့နေရာတွေမှာ သဲအိတ်တွေဖို့ပြီး ကန်ပေါင်ခိုင်ခံ့အောင် ပြုလုပ်ထားရန်၊ - - ရေကြီးရေလျှံလာတဲ့အခါ ငါးတွေ လွတ်ထွက်မှုမရှိစေဖို့အတွက် ဇာပြာ ပိုက်တွေနဲ့ကာရံထားရန်၊ - - ရေစီးကြောင်းနဲ့နီးတဲ့ငါးကန်တွေမှာ ရေတိုက်စားမှုကာကွယ်ဖို့အတွက် တုတ်ရိုက်ပြီး ဝါးထရံတွေနဲ့ကာရံကာ သဲအိတ်တွေဖို့ထားရန်၊ - - ဒါ့အပြင်လိုအပ်ပါက ငါးတွေရွှေ့ပြောင်းနိုင်ဖို့အတွက် ငါးဖမ်းပိုက်တွေ၊ စက်လှေတွေနဲ့ စက်ပစ္စည်းတွေကို ကြိုတင် ပြင်ဆင်ထားရန်၊ - ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ - -------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
