cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း ဇွန်လ ၁၆ ရက် မှ ဇွန်လ ၂၃ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ငါးမွေးကန်များနောက်ကျိရခြင်းသည် ရေထဲတွင် အမှုန်အမွှားများပြားခြင်းကြောင့် ဖြစ်ပါသည်။ အထူးသဖြင့် မိုးရာသီတွင် ရွှံ့ ၊နှုံးမြေများကို မိုးရေတိုက်စားပြီး ကန်အတွင်း ကျရောက်သဖြင့် ရေနောက်ကျိခြင်း ပိုမိုများပြားစေပါသည်။
  • ဇွန်လ ၁၆ ရက်နေ့၊ အိန္ဒိယမိုးလေဝသဌာနထုတ်ပြန်ချက်အရ၊ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၀၀၀ အမြင့်မှာ လေပွေလှိုင်းတခုဖြစ်ပေါ်နေပြီး၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ပြီး၊ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ကုန်းတွင်းလေပွေလှိုင်းအဖြစ် အနောက်ဘက်သို့ဆက်လက်ရွေ့လျားရင်း ဇွန်လ ၂၂ ရက်အထိဆက်လက်တည်ရှိနိုင်ပါတယ်။ မိုးဦးရာသီအတွင်း ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်တဲ့ အထက်လေပွေလှိုင်းတွေက အနောက်တောင်မုတ်သုံလေကို ပိုမိုအားကောင်းစေပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်တို့နဲ့အတူ ရန်ကုန်တိုင်းမှာလဲ နေ့စဉ်မိုးဆက်လက်ရွာသွန်းနေနိုင်ပါမယ်။ 

    ၂၄ နာရီအတွင်းရရှိနိုင်မဲ့ မိုးရေချိန်က ၁ လက်မ မပြည့်ပေမဲ့ .. 

    ၁ ပါတ်အတွင်းရရှိနိုင်မဲ့ မိုးရေချိန် ပမာဏကတော့ ရန်ကုန်မြို့ပေါ်မှာ ၇ လက်မခန့်၊ ရန်ကုန်မြောက်ပိုင်းနဲ့ အနောက်ပိုင်းမှာ ၅ လက်မကျော်နဲ့ ရန်ကုန်တောင်ပိုင်း/အရှေ့ပိုင်းဒေသတွေမှာ ၁၁ လက်မကျော်အထိ မိုးရေချိန်ရရှိအောင် မိုးရွာသွန်းနိုင်ပါမယ်။ 

    အခုရက်သတ္တပါတ် ၁ ပါတ်အတွင်း ရန်ကုန်တိုင်းမှာ နေ့အပူချိန်အမြင့်ဆုံး ၃၁°C နဲ့ အနိမ့်ဆုံး ည အပူချိန် ၂၅°C ရှိနိုင်ကာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၁၈ မိုင်မှ ၂၂ မိုင်အထိရှိနိုင်ပါမယ်။ 

    ရန်ကုန်တိုင်းပင်လယ်ကမ်းအနီးဒေသတွေမှာ လှိုင်းအမြင့် ၃.၆ ပေခန့်ရှိပြီး၊ ဒီရေတက်ချိန်များအတွင်း MLLW(Mean Low Level Water – အနိမ့်ဆုံးပင်လယ်ရေပြင်)အထက် ၃.၈ ပေခန့်အထိရောက်နိုင်ပါတယ်။ 

    ယခု ၁ ပါတ်အတွင်း-ည ၁၂ နာရီအချိန်မှာ လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI Air Quality Index) ၃၀ အထိမြင့်တက်နိုင်/အန္တရာယ်မရှိနိုင်ပါ။ AQI ၅၀ မှ ၁၀၀ အထိ အန္တရာယ်မရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

     ငါး/ပုစွန်ကန်များအတွက်အကြံပြုချက်     

    ငါးမွေးကန်များနောက်ကျိရခြင်းသည် ရေထဲတွင် အမှုန်အမွှားများပြားခြင်းကြောင့် ဖြစ်ပါသည်။ အထူးသဖြင့် မိုးရာသီတွင် ရွှံ့ ၊နှုံးမြေများကို မိုးရေတိုက်စားပြီး ကန်အတွင်း ကျရောက်သဖြင့် ရေနောက်ကျိခြင်း ပိုမိုများပြားစေပါသည်။   

    ကန်ရေနောက်ကျိနေခြင်းကြောင့် နေအပူချိန် နှင့်အလင်းရောင်သည် ကန်မျက်နှာပြင်မှ အောက်သို့ထိုးဖောက်ဝင်ရောက်မှု နည်းပါးသောကြောင့် အပင်မျှောလှေးနှင့် အကောင်မျှောလှေး ပေါက်ဖွားခြင်းကို လျှော့နည်းစေသည့် အပြင်၊ ကန်အတွင်း အောက်စီဂျင်ပျော်ဝင်မှု ဖြစ်စဉ်လည်းကျ ဆင်းလာသည်ကိုတွေ့ရှိရပါသည်။    

    ကန်အတွင်းအနယ်အနှစ်များပြားသဖြင့် ငါးများ၏ပါးဟက် ပိတ်ဆို့စေသည်။ ပါးဟက်၏သွေးကြောမျှင်ကလေးများက ရေထဲရှိ ပျော်ဝင်အောက်စီဂျင်ကို စုပ်ယူအသက်ရှူခြင်းလုပ်ငန်းကို ဆောင်ရွက်ရသဖြင့် အသက်ရှူခြင်းကိုလည်း ရေနောက်ကျိခြင်းက တိုက်ရိုက်ထိခိုက်စေပါသည်။ 

    --------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
8
comments
2
views
4010