cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်း ဇွန်လ ၁၉ ရက် မှ ဇွန်လ ၂၅ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ဧရာဝတီတိုင်းရဲ့ အထက်ဘက်က မြန်အောင်/ကြံခင်း/အင်္ဂပူမြို့နယ်တွေမှာတော့ မိုးလျော့နည်းနေနိုင်ပါမယ်။ ယခုရက်သတ္တပါတ်တပါတ်အတွင်း ဧရာဝတီတိုင်းတခုလုံးမှာ မိုးအနည်းငယ်မှ မိုးအသင့်အတင့်ဆက်လက်ရွာနိုင်ပြီး နေသာချိန်လျော့နည်းနေပါဦးမယ်။
    • အိန္ဒိယ/ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးကုန်းမြေပေါ်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဆက်လက်တည်ရှိနေပြီး၊ အနောက်ဘက်(အိန္ဒိယနိုင်ငံကုန်းတွင်းပိုင်း)ကိုဆက်လက်ရွေ့လျားပြီး ဇွန်လ ၂၀ ရက်အထိရှိနေနိုင်ဦးမှာဖြစ်ကြောင်း၊ 
    • ဇွန်လ ၂၃-၂၄ ရက်တွေမှာ လေဖိအားနည်းရပ်ဝန်းအသစ်(လေပွေလှိုင်း)တခု ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ထပ်မံဖြစ်ပေါ်နိုင်ဦးမှာဖြစ်ကြောင်း NOAA-GFS Model ကြိုတင်ခန့်မှန်းချက်မှာ တွေ့ရပါတယ်။ 

    ဒီအခြေအနေကြောင့် ဘင်္ဂလားပင်လယ်အော်မှာ အနောက်တောင်မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းတဲ့ အခြေအနေ ဆက်လက်ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံဘက်က ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း-အထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း-မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးဒေသများ၊ မွန်ပြည်နယ်တွေမှာ မိုးအသင့်အတင့်မှ မိုးများနေနိုင်ပါဦးမယ်။ 

    • ဧရာဝတီတိုင်း-မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနှင့်နီးလေ မိုးအားပိုကောင်းလေ၊ လေတိုက်နှုန်းပိုများလေဖြစ်နေနိုင်ပါဦးမယ်၊ ကမ်းရိုးတန်းဒေသတွေနဲ့ ပင်လယ်ကမ်းခြေ(အပန်းဖြေ beach)တွေမှာ လေတိုက်နှုန်းတနာရီ ၅ မိုင်မှ ၁၅ မိုင်အထိ ရှိနိုင်ပြီး၊ လှိုင်းအမြင့် ၃ ပေ မှ ၆ ပေအထိ ရှိနေနိုင်ပါမယ်။ 
    • ဧရာဝတီတိုင်းရဲ့ အထက်ဘက်က မြန်အောင်/ကြံခင်း/အင်္ဂပူမြို့နယ်တွေမှာတော့ မိုးလျော့နည်းနေနိုင်ပါမယ်။ ယခုရက်သတ္တပါတ်တပါတ်အတွင်း ဧရာဝတီတိုင်းတခုလုံးမှာ မိုးအနည်းငယ်မှ မိုးအသင့်အတင့်ဆက်လက်ရွာနိုင်ပြီး နေသာချိန်လျော့နည်းနေပါဦးမယ်။ 

    ဧရာဝတီတိုင်းဒေသအားလုံးမှာ လေထုစိုထိုင်းဆ ၈၀% မှ ၉၅% အထိရှိနေနိုင်ပြီး၊ အပူချိန် ၂၈°C  မှ ၃၀°C ၊ ခံစားရတဲ့အပူချိန်(Temperature Feels-like or Apparent Temperature) ၃၇°C အထိ ရှိနိုင်တာကြောင့် မိုးအုံ့ပြီးလေငြိမ်တဲ့အချိန်တွေမှာ ပူအိုက်တဲ့ခံစားချက်ပိုနေနိုင်ပါမယ်။  

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    မိုးစပါးစိုက်တောင်သူများအတွက် ပေါင်းနှိမ်နင်းခြင်းနှင့် ရွှေခရုကာကွယ်နှိမ်နင်းနည်း 

    • မိုးစပါးအတွက် ရွေးချယ်ပေါင်းသတ်ဆေးအသုံးပြုလိုသော တောင်သူများအနေဖြင့် စပါးစိုက်ပြီး ၁၅ ရက်သားမှ စတင်၍ ပေါင်းရွက် (၂-၄ ရွက်)ထွက်ချိန်တွင် စတင်အသုံးပြုနိုင်ပါတယ်။ 
    • မြက်အုပ်စုပေါင်းများအတွက် ရွေးချယ်နိုင်သောဆေး Ai များမှာ- Cyhalofop butyl, Fenoxaprop-p-ethyl 
    • ၁ နှစ်ခံမြက်နှင့် မြက်မုန်ညင်းအချို့အတွက်- Bispyribac sodium 
    • ရွက်ပြန့်ပေါင်းများအတွက် - Ethoxysulfuron, Phenoxsulam, 2,4D စတဲ့ဆေးအစွမ်းရှိပစ္စည်းများကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။ 
    • ရွှေခရုကျရောက်နေသော စိုက်ခင်းများအနေဖြင့် ကျိုချက်ထားသော ဆန်ကွဲ ၂ပြည်ကို Niclosamide 150 g နှုန်းနဲ့ရောပြီးတစ်ညထားပါ၊ 
    • နောက်တစ်နေ့ မနက်စောစောမှာကြဲပက်ပေးပါ။ ဖျန်းတာထက် မျှားစာအနေနဲ့ကြဲပက်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ 
    • တစ်ခုသိထားရမှာက ရွှေခရုကိုနှိမ်နင်းမယ်ဆိုရင် ဆေးတစ်မျိုးတည်းကိုလုံးဝ လုံးဝအားကိုးလို့မရပါဘူး။ 
    • ရေထုတ် ဇကာပိုက်နဲ့စစ်ခြင်း၊ ဝါးတိုင်ထောင်ပြီး ခရုဥတွေကိုကြိတ်ချေဖျက်ဆီးပစ်ခြင်း၊ မျှားစာချခြင်း စတဲ့ဘက်စုံကာကွယ်နှိမ်နင်းနည်းများကို မဖြစ်မနေအသုံးပြုသင့်ပါတယ်။ 

    ငါးကန်ကို ရေလွှမ်းမိုးမှုကနေ ကာကွယ်နိုင်ရန် အကြံပြုချက် 

    (၁) ငါးမွေးမြူရေးကန်များ၏ ကန်ဘောင်များ ခိုင်ခံ့ရန်ပြင်ဆင်ခြင်း။ ကန်ဘောင်များ ခိုင်ခံ့ရန်အတွက် ကန်ဘောင်ပါးသော၊ နိမ့်သောနေရာများတွင် သဲအိတ်များဖို့၍ ကန်ဘောင်ခိုင်ခံ့အောင် ပြုလုပ်ထားသင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ကန်ဘောင်အတွင်းသို့ ပြင်ပရေများမဝင်နိုင်စေရန် ကာကွယ်ပေးနိုင်ရုံသာမက ကန်ရေလျှံခြင်းကိုလည်း ကာကွယ်နိုင်ပါသည်။" 

    (၂) ငါးများလွတ်ထွက်မှုမရှိစေရေးအတွက် ဇာပိုက်များဖြင့် ကာရံ ခြင်း။ "ငါးကန်ပတ်ခြာလည်တွင် ဇာပိုက်များဖြင့်ကာရံထားသင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ကန်အတွင်း ရေများတက်လာပါက ငါးများလွတ်ထွက်ခြင်းကို ကာကွယ်နိုင်ရုံသာမက ပြင်ပမှ အညစ်အကြေးများနှင့်အမှိုက်များ ဝင်ရောက်ခြင်းကိုကာကွယ်နိုင်ပါသည်။ 

    (၃) ငါးမွေးကန်၏ ရေထွက်/ရေလျှံပေါက်များထားရှိခြင်း။ ငါးမွေးမြူရေးကန်၏ ရေထွက်/ရေလျှံပေါက်များ၊ တပ်ဆင်ကာ ရေကျော်မည့် နေရာများအား အစဉ်ဂရုတစိုက်ထားရှိသင့်ပါသည်။ သို့မှသာ မိုးသည်းထန်စွာရွာသွန်းချိန်တွင် ရေပို/ရေလျှံများ စီဆင်းနိုင်ကာ ရေလွှမ်းမိုးမှုကိုကျော်လွှားနိုင်မည်ဖြစ်ပါသည်။ 

    ------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
9
comments
1
views
3197