cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်း ဇွန်လ ၂၀ ရက် မှ ဇွန်လ ၂၆ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မြောက်ဘက် မိုးကုတ်ဒေသနဲ့ တောင်ဘက် ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ သာစည် နယ်တွေမှာသာ မိုးအနည်းငယ်(၂၄ နာရီ မိုးရေချိန် လက်မဝက်အောက်)ရွာနိုင်ပြီး၊ မိုးမများနိုင်ပါ၊
  • ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ သိသာထင်ရှားသော(Well-Marked)လေဖိအားနည်းရပ်ဝန်းက အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ အနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး အားကောင်းနေဆဲဖြစ်တာကြောင့် - 

    မန္တလေးတိုင်းအတွင်းမှာ 

    ·         မြောက်ဘက် မိုးကုတ်ဒေသနဲ့ 

    ·         တောင်ဘက် ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ သာစည် နယ်တွေမှာသာ မိုးအနည်းငယ်(၂၄ နာရီ မိုးရေချိန် လက်မဝက်အောက်)ရွာနိုင်ပြီး၊ မိုးမများနိုင်ပါ၊ 

    ·         ကျန်တဲ့ဒေသတွေမှာတော့ လေတိုက်နှုန်း တစ်နာရီ မိုင် ၂၀ အထက် မြင့်နေနိုင်ပြီး မိုးရွာနိုင်ချေအလွန်နည်းနေ(မိုးနည်းနေ)ပါဦးမယ်။ 

    ဇွန်လ ၃၀ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်ကြောင်း NOAA-GFS model ကြိုတင်ခန့်မှန်းချက်မှာတွေ့ရတာကြောင့် - 

    ·         အနောက်တောင်မုတ်သုံလေအားဆက်လက်ကောင်းနေနိုင်ပြီး မန္တလေးတိုင်းအတွင်း တောင်ဘက်နဲ့ အနောက်တောင်ဘက်မှ လေတိုက်နှုန်း တစ်နာရီ မိုင် ၂၀ အထက်တိုက်နိုင်ပါမယ်။ 

    ·         မိုးကုတ်ဒေသမှာ အမြင့်ဆုံးနေ့အပူချိန် ၂၅°C ဝန်းကျင်ရှိနေနိုင်ပြီး ကျန်တဲ့ မန္တလေးတိုင်းအတွင်းက ဒေသတွေမှာ ၃၀°C အထက် ၃၅°C အောက်မှာရှိနေနိုင်ပါမယ်။ အနိမ့်ဆုံး ည အပူချိန်တွေက မိုးကုတ်ဒေသမှာ ၂၀°C ဝန်းကျင်နဲ့ ကျန်ဒေသတွေမှာ ၂၇°C ခန့်ရှိနေနိုင်ပါမယ်။ 

    ·         အခု ရက်သတ္တပါတ် ၁ ပါတ်အတွင်းမှာ မန္တလေးတိုင်းတခုလုံးရဲ့ ပျမ်းမျှလေထုစိုထိုင်းဆ ၉၀% မှ ၁၀၀% အထိရှိနေပြီး၊ တိမ်ဖုံးအုပ်သည့်အခြေအနေ ၄၀% မှ ၉၀% အထိရှိနိုင်ပါမယ်။ 

    ·         မန္တလေးမြို့ပေါ်မှ လေထုညစ်ညမ်းမှုအခြေအနေ(AQI – Air Quality Index)က “၃၀” ရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှုအန္တရာယ်မရှိပါ။ 

    နောက်လာမည့် ၁ ပါတ်အတွင်း သတိပြုရန် - 

    ဇွန်လ ၃၀ ရက်၊ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ ဖြစ်လာနိုင်မဲ့ လေဖိအားနည်းရပ်ဝန်းကြောင့်၊ မန္တလေးတိုင်းအတွင်း မြေပြင်လေတိုက်နှုန်းအနည်းငယ်ပိုလာနိုင်(တစ်နာရီ မိုင် ၃၀ ခန့်)ပါမယ်။ မိုးပိုလာနိုင်သည့်အခြေအနေမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    မန္တလေးတိုင်းဒေသကြီးအတွင်း ဂန္ဓမာပန်းစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    မန္တလေးတိုင်းဒေသကြီးအတွင်း ဂန္ဓမာပန်းစိုက်ပျိုးတောင်သူများအနေဖြင့် သတိပြုရမည့်ရောဂါမှာ မိုးရာသီတွင် အကျများသော ဂန္ဓမာရွက်ပြောက်ရောဂါဖြစ်ပါသည်။ မိုးစက်များမှ တဆင့်ကူးစက်တတ်၍ အောက်ဆုံးအရွက်များတွင် အတွေ့များပါသည်။ ရောဂါပြင်းထန်ပါက အရွက်များညှိုးနွမ်းသွားပြီး ပန်းပွင့်များကိုပါ ကူးဆက်၍ အပွင့်များကိုပုပ်သွားစေတတ်သည်။ ကြိုတင်ကာကွယ်နိုင်ရန်လိုက်နာရမည့် အချက်များမှာ - 

    • ရောဂါရပင်ကြွင်းပင်ကျန်များကို ဖယ်ရှားပါ။ 
    • ရေအလွန်အကျွံသွင်းခြင်း ရှောင်ကြဉ်ပါ။ 
    • ရောဂါပြင်းထန်ပါက Mancozeb၊ Difenoconazole၊ Propiconazole၊ Thiophanate-methyl၊ Chlorothalonil မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် ကာကွယ်ပါ။ 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်   

    ကန်အတွင်းမွေးမြူထားသော ငါးများသည် ကန်ရေ အရည်အသွေးကောင်းမွန်ပါက သွားလာ လှုပ်ရှားခြင်း၊ အစာစားခြင်း၊ ရောဂါ ကျရောက်မှုနည်းပါးခြင်းနှင့် ငါးများအပေါ် ဖိစီးမှုနည်းခြင်းများ ဖြစ်ပေါ် စေပါသည်။ ငါးကန် အရည်အသွေးကျဆင်းပါက အစာစားနှုန်းကျဆင်းပြီး ငါးများတွင် အင်အားချိနဲ့လာပါ သည်။ ထို့အပြင် ငါးများအပေါ် ဖိစီးမှုများ ရှိလာပြီး ရောဂါဝင်ရောက်မှုလည်း မြန်ဆန်လာပါသည်။  


    • ငါးမွေးမြူရေးလုပ်ငန်းစဉ်တွင် ရေ၏ချဉ်ဖန်နှုန်းသည် ၆ မှ ၉ အတွင်းမွေးမြူနိုင်ခြင်း၊  
    • ကန်ရေ၏အပူချိန်သည် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၂ဒီဂရီစင်တီဂရိတ်အတွင်း ရှိရပါမည်။  
    • ရေကြည်နှုန်းသည် ၁၂လက်မမှ ၁၈လက်မ အတွင်း ရှိရမည်ဖြစ်ပြီး ၊  
    • ပျော်ဝင်အောက်စီဂျင်သည် ၃ပီပီအမ်မှ ၅ပီပီအမ် အတွင်းရှိရမည်ဟု သတ်မှတ်ကြပါသည်။  

    ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။   

    ---------------   

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
7
comments
0
views
4276