မန္တလေးတိုင်း ဇွန်လ ၂၀ ရက် မှ ဇွန်လ ၂၆ ရက်အထိ မိုးလေဝသအခြေအနေ
- ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ သိသာထင်ရှားသော(Well-Marked)လေဖိအားနည်းရပ်ဝန်းက အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ အနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး အားကောင်းနေဆဲဖြစ်တာကြောင့် - - မန္တလေးတိုင်းအတွင်းမှာ - · မြောက်ဘက် မိုးကုတ်ဒေသနဲ့ - · တောင်ဘက် ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ သာစည် နယ်တွေမှာသာ မိုးအနည်းငယ်(၂၄ နာရီ မိုးရေချိန် လက်မဝက်အောက်)ရွာနိုင်ပြီး၊ မိုးမများနိုင်ပါ၊ - · ကျန်တဲ့ဒေသတွေမှာတော့ လေတိုက်နှုန်း တစ်နာရီ မိုင် ၂၀ အထက် မြင့်နေနိုင်ပြီး မိုးရွာနိုင်ချေအလွန်နည်းနေ(မိုးနည်းနေ)ပါဦးမယ်။ - ဇွန်လ ၃၀ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်ကြောင်း NOAA-GFS model ကြိုတင်ခန့်မှန်းချက်မှာတွေ့ရတာကြောင့် - - · အနောက်တောင်မုတ်သုံလေအားဆက်လက်ကောင်းနေနိုင်ပြီး မန္တလေးတိုင်းအတွင်း တောင်ဘက်နဲ့ အနောက်တောင်ဘက်မှ လေတိုက်နှုန်း တစ်နာရီ မိုင် ၂၀ အထက်တိုက်နိုင်ပါမယ်။ - · မိုးကုတ်ဒေသမှာ အမြင့်ဆုံးနေ့အပူချိန် ၂၅°C ဝန်းကျင်ရှိနေနိုင်ပြီး ကျန်တဲ့ မန္တလေးတိုင်းအတွင်းက ဒေသတွေမှာ ၃၀°C အထက် ၃၅°C အောက်မှာရှိနေနိုင်ပါမယ်။ အနိမ့်ဆုံး ည အပူချိန်တွေက မိုးကုတ်ဒေသမှာ ၂၀°C ဝန်းကျင်နဲ့ ကျန်ဒေသတွေမှာ ၂၇°C ခန့်ရှိနေနိုင်ပါမယ်။ - · အခု ရက်သတ္တပါတ် ၁ ပါတ်အတွင်းမှာ မန္တလေးတိုင်းတခုလုံးရဲ့ ပျမ်းမျှလေထုစိုထိုင်းဆ ၉၀% မှ ၁၀၀% အထိရှိနေပြီး၊ တိမ်ဖုံးအုပ်သည့်အခြေအနေ ၄၀% မှ ၉၀% အထိရှိနိုင်ပါမယ်။ - · မန္တလေးမြို့ပေါ်မှ လေထုညစ်ညမ်းမှုအခြေအနေ(AQI – Air Quality Index)က “၃၀” ရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှုအန္တရာယ်မရှိပါ။ - နောက်လာမည့် ၁ ပါတ်အတွင်း သတိပြုရန် - - ဇွန်လ ၃၀ ရက်၊ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ ဖြစ်လာနိုင်မဲ့ လေဖိအားနည်းရပ်ဝန်းကြောင့်၊ မန္တလေးတိုင်းအတွင်း မြေပြင်လေတိုက်နှုန်းအနည်းငယ်ပိုလာနိုင်(တစ်နာရီ မိုင် ၃၀ ခန့်)ပါမယ်။ မိုးပိုလာနိုင်သည့်အခြေအနေမရှိပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ကန်အတွင်းမွေးမြူထားသော ငါးများသည် ကန်ရေ အရည်အသွေးကောင်းမွန်ပါက သွားလာ လှုပ်ရှားခြင်း၊ အစာစားခြင်း၊ ရောဂါ ကျရောက်မှုနည်းပါးခြင်းနှင့် ငါးများအပေါ် ဖိစီးမှုနည်းခြင်းများ ဖြစ်ပေါ် စေပါသည်။ ငါးကန် အရည်အသွေးကျဆင်းပါက အစာစားနှုန်းကျဆင်းပြီး ငါးများတွင် အင်အားချိနဲ့လာပါ သည်။ ထို့အပြင် ငါးများအပေါ် ဖိစီးမှုများ ရှိလာပြီး ရောဂါဝင်ရောက်မှုလည်း မြန်ဆန်လာပါသည်။ - ငါးမွေးမြူရေးလုပ်ငန်းစဉ်တွင် ရေ၏ချဉ်ဖန်နှုန်းသည် ၆ မှ ၉ အတွင်းမွေးမြူနိုင်ခြင်း၊
- ကန်ရေ၏အပူချိန်သည် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၂ဒီဂရီစင်တီဂရိတ်အတွင်း ရှိရပါမည်။
- ရေကြည်နှုန်းသည် ၁၂လက်မမှ ၁၈လက်မ အတွင်း ရှိရမည်ဖြစ်ပြီး ၊
- ပျော်ဝင်အောက်စီဂျင်သည် ၃ပီပီအမ်မှ ၅ပီပီအမ် အတွင်းရှိရမည်ဟု သတ်မှတ်ကြပါသည်။
 - ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
