cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရှမ်းပြည်နယ် ဇွန်လ ၂၁ ရက် မှ ဇွန်လ ၂၇ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ငါးများလွတ်ထွက်မှုမရှိစေရေးအတွက် ဇာပိုက်များဖြင့် ကာရံ ခြင်း။ "ငါးကန်ပတ်ခြာလည်တွင် ဇာပိုက်များဖြင့်ကာရံထားသင့်ပါသည်။
  • အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ဆက်လက်ရွေ့လျှားပြီး အထက်လေပွေလှိုင်းအဖြစ်အားလျော့သွားပြီးဖြစ်ပါတယ်။ ဇွန်လ ၂၃-၂၄ ရက်နေ့မှာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာ အမြင့်ပေ ၅၀၀၀ နဲ့အထက် လေပွေလှိုင်း(UACC)အသစ်တခု ထပ်မံဖြစ်ပေါ်လာနိုင်ပြီး အနောက်တောင်မုတ်သုံလေဆက်လက်အားကောင်းနေပါဦးမယ်။ 

    အနောက်တောင်မုတ်သုံလေစီးကြောင်းနှင့်အတူပါလာတဲ့ မိုးတိမ်များရဲ့ သက်ရောက်မှုက ရှမ်းပြည်နယ်ဘက်ကို ၇၃% ရောက်ရှိနိုင်ပြီး၊ ဇွန်လ ၂၁ ရက် မှ ဇွန်လ ၂၇ ရက်အထိ 

    ·          ရှမ်းပြည်နယ်တောင်ပိုင်း ၇ ရက် တပါတ်အတွင်း မိုးရေချိန် ၇၆.၄ မီလီမီတာ=၃ လက်မ 

    ·          ရှမ်းပြည်နယ်မြောက်ပိုင်း ၇ ရက် တပါတ်အတွင်း မိုးရေချိန် ၁၇၁.၈ မီလီမီတာ=၆.၇၆ လက်မ 

    ·          ရှမ်းပြည်နယ်အရှေ့ပိုင်း  ၇ ရက် တပါတ်အတွင်း မိုးရေချိန် ၁၄၇.၃ မီလီမီတာ=၅.၇၉ လက်မ ... မိုးရေချိန်ရရှိနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များအရ 

    ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်အရှေ့ပိုင်းတွေမှာ ရှမ်းပြည်နယ်တောင်ပိုင်းထက် မိုးပိုနိုင်ပါမယ်။ 

    နေ့စဉ်မိုးရွာသွန်းနိုင်ချေကြိုတင်ခန့်မှန်းချက်များမှာ - 

    ·          ရှမ်းပြည်နယ်အရှေ့ပိုင်း - ဇွန်လ ၂၁/၂၂/၂၄ ရက်နေ့များမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁ လက်မ အထက် 

    ·          ရှမ်းပြည်နယ်မြောက်ပိုင်း - ဇွန်လ ၂၄ ရက်နေ့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁ လက်မ အထက် 

    ·          ရှမ်းပြည်နယ်တောင်ပိုင်း - ဇွန်လ ၂၁ ရက် မှ ၂၇ ရက်အတွင်း နေ့စဉ်မိုးအနည်းငယ်(လက်မဝက်အောက်)သာ ရွာသွန်းနိုင်/မိုးနည်းနေနိုင်ပါမယ် 

    ရှမ်းပြည်နယ်တခွင်လုံးမှာ အခုရက်သတ္တပါတ် ၁ ပါတ်အတွင်း - တောင်ဘက်နှင့်အနောက်ဘက်အရပ်မှ လေတိုက်နှုန်း တစ်နာရီ မိုင် ၂၀ မှ ၂၅ မိုင် ဝန်းကျင်၊ အများဆုံးတိုက်ခတ်နိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၂၅°C နှင့် အနိမ့်ဆုံး ညအပူချိန် ၂၁°C ရှိနေနိုင်ပါမယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ လေထုစိုထိုင်းဆ ၉၀% ရှိနိုင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်မှာ ၇၀% ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ၈၀% ရှိနေနိုင်တာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပူအိုက်စွတ်စိုမှုပိုများနေနိုင်ပါမယ်။ 

    ရှမ်းပြည်နယ်တခွင်လုံး၏ လေထုညစ်ညမ်းမှုအခြေအနေ “AQI” ၂၀ အောက်မှာရှိနေိုင်တာကြောင့် အန္တရာယ်မရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါးကန်များ ရေလွှမ်းမိုးမှုကနေ ကာကွယ်နိုင်ရန် အကြံပြုချက် 

    (၁) ငါးမွေးမြူရေးကန်များ၏ ကန်ဘောင်များ ခိုင်ခံ့ရန်ပြင်ဆင်ခြင်း။ ကန်ဘောင်များ ခိုင်ခံ့ရန်အတွက် ကန်ဘောင်ပါးသော၊ နိမ့်သောနေရာများတွင် သဲအိတ်များဖို့၍ ကန်ဘောင်ခိုင်ခံ့အောင် ပြုလုပ်ထားသင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ကန်ဘောင်အတွင်းသို့ ပြင်ပရေများမဝင်နိုင်စေရန် ကာကွယ်ပေးနိုင်ရုံသာမက ကန်ရေလျှံခြင်းကိုလည်း ကာကွယ်နိုင်ပါသည်။" 

    (၂) ငါးများလွတ်ထွက်မှုမရှိစေရေးအတွက် ဇာပိုက်များဖြင့် ကာရံ ခြင်း။ "ငါးကန်ပတ်ခြာလည်တွင် ဇာပိုက်များဖြင့်ကာရံထားသင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ကန်အတွင်း ရေများတက်လာပါက ငါးများလွတ်ထွက်ခြင်းကို ကာကွယ်နိုင်ရုံသာမက ပြင်ပမှ အညစ်အကြေးများနှင့်အမှိုက်များ ဝင်ရောက်ခြင်းကိုကာကွယ်နိုင်ပါသည်။ 

    (၃) ငါးမွေးကန်၏ ရေထွက်/ရေလျှံပေါက်များထားရှိခြင်း။ ငါးမွေးမြူရေးကန်၏ ရေထွက်/ရေလျှံပေါက်များ၊ တပ်ဆင်ကာ ရေကျော်မည့် နေရာများအား အစဉ်ဂရုတစိုက်ထားရှိသင့်ပါသည်။ သို့မှသာ မိုးသည်းထန်စွာရွာသွန်းချိန်တွင် ရေပို/ရေလျှံများ စီဆင်းနိုင်ကာ ရေလွှမ်းမိုးမှုကိုကျော်လွှားနိုင်မည်ဖြစ်ပါသည်။ 

    ------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
0
views
3912