cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း ဇွန်လ ၂၃ ရက် မှ ဇွန်လ ၂၉ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ဇွန်လ ၂၃ ရက် မှ ဇွန်လ ၂၉ ရက်အထိ၊ ၁ ပါတ်အတွင်းရရှိနိုင်မဲ့ မိုးရေချိန် ပမာဏကတော့ ရန်ကုန်မြို့နှင့် ရန်ကုန်တိုင်းအနောက်ပိုင်းနှင့်မြောက်ပိုင်းမြို့နယ်တွေမှာ ၄ လက်မနှင့်အထက်၊ ရန်ကုန်တောင်ပိုင်း/အရှေ့ပိုင်းဒေသတွေမှာ ၇ လက်မအထက် မှ ၉ လက်မ အထက်အထိ မိုးရေချိန်ရရှိအောင် မိုးရွာသွန်းနိုင်ပါမယ်။
  • ဇွန်လ ၂၄ ရက်၊ ညနေပိုင်းမှ စတင်၍ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အမြင့်ပေ ၅၀၀၀ အထက်တွင် အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation-UACC)တစ်ခု ဖြစ်လာနိုင်ပြီး ပိုမိုအားကောင်းလာကာ၊ သိသာသောရွေ့လျားမှုမရှိပဲ ဇွန်လ ၂၅ ရက် နံနက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area – LPA) တစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာ တွေ့ရပါတယ်။ ဒီအခြေအနေက အနောက်တောင်မုတ်သုံလေအား ဆက်လက်ကောင်းနေစေဦးမှာဖြစ်ပြီး မြန်မာနိုင်ငံအနှံ့ မုတ်သုံမိုးများ ဆက်လက်ရွာသွန်းနိုင်မှာဖြစ်ပါတယ်။ ရွာနိုင်မည့်မိုးရေချိန်(Precipitation)နှင့် မိုးသည်းထန်နိုင်မည့်အခြေအနေ(Rain-Rate per Hour)က အနောက်တောင်ဘက်မှ ဝင်ရောက်လာနိုင်သော မိုးတိမ်များအခြေအနေနှင့် ကုန်းမြေပေါ်ကလေထုရဲ့ အပူချိန်/ငွေ့ရည်ဖွဲ့အမှတ်တို့ အပေါ်မူတည်ပြီး မိုးအနည်းအများကွာခြားချက်ရှိနိုင်ပါမယ်။ 

    အခုလိုပင်လယ်ပြင်မှာ ဖြစ်ပေါ်လာမည့် ထူးခြားမိုးလေဝသအခြေအနေကြောင့် - 

    • ရန်ကုန်တိုင်းအတွင်းက မြို့နယ်များမှာ ၂၄ နာရီအတွင်းရရှိနိုင်မဲ့ မိုးရေချိန်က ၁ လက်မ မပြည့်နိုင်ပါ။ 
    • ဇွန်လ ၂၃ ရက် မှ ဇွန်လ ၂၉ ရက်အထိ၊ ၁ ပါတ်အတွင်းရရှိနိုင်မဲ့ မိုးရေချိန် ပမာဏကတော့ ရန်ကုန်မြို့နှင့် ရန်ကုန်တိုင်းအနောက်ပိုင်းနှင့်မြောက်ပိုင်းမြို့နယ်တွေမှာ ၄ လက်မနှင့်အထက်၊ ရန်ကုန်တောင်ပိုင်း/အရှေ့ပိုင်းဒေသတွေမှာ ၇ လက်မအထက် မှ ၉ လက်မ အထက်အထိ မိုးရေချိန်ရရှိအောင် မိုးရွာသွန်းနိုင်ပါမယ်။ 
    • အခုရက်သတ္တပါတ် ၁ ပါတ်အတွင်း ရန်ကုန်တိုင်းမှာ နေ့အပူချိန်အမြင့်ဆုံး ၃၁°C နဲ့ အနိမ့်ဆုံး ည အပူချိန် ၂၅°C ရှိနိုင်ကာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ မိုင် ၂၀ အထိ ရှိနိုင်ပါမယ်။ ရန်ကုန်တိုင်းတခုလုံးရဲ့ ပျမ်းမျှလေထုစိုထိုင်းဆ ၉၀% မှ ၁၀၀% အထိရှိနေပြီး လေငြိမ်သည့်အခိုက်အတန့်တွေမှာ ခံစားရသည့်အပူချိန်(Apparent Temperature) ၃၅°C အထိမြင့်နေနိုင်ပါမယ်။ 
    • ဇွန်လ ၂၆ ရက်နေ့မှ ၂၉ ရက်အထိ ရန်ကုန်မြို့ပေါ်တိမ်ဖုံးအုပ်နိုင်မည့်အခြေအနေ ၈၀% မှ ၁၀၀% အထိရှိကာ နေသာချိန်နည်းပြီး မိုးအုံ့နေပါမယ်။ 
    • ရန်ကုန်တိုင်းတောင်ဘက် ပင်လယ်ကမ်းအနီးကဒေသတွေမှာ လှိုင်းအမြင့် ၃ ပေခန့်ရှိပြီး၊ ဒီရေတက်ချိန်များအတွင်း MLLW(Mean Low Level Water – အနိမ့်ဆုံးပင်လယ်ရေပြင်)အထက် ၃.၆ ပေ အထိ ရောက်နိုင်ပါတယ်။ 
    • ယခု ၁ ပါတ်အတွင်း ရန်ကုန်မြို့ပေါ်ရက်ကွက်/မြို့နယ်တွေမှာ လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI - Air Quality Index) ၄၀ အထိမြင့်တက်နိုင်/အန္တရာယ်မရှိနိုင်ပါ။ (AQI ၅၀ မှ ၁၀၀ အထိ အန္တရာယ်မရှိပါ) 

    ငါးမွေးကန်များအတွက် အကြံပြုချက် 

    ငါးသားပေါက်ကန်အတွင်း ပြင်ပရေ သွင်းရာတွင် အမှန်တကယ် သုံးစွဲရမည့် ရေစစ်မှာ မိုက်ခရွန် (၅၀) သို့မဟုတ် (၁၀၀) ရှိသော ရေစစ်ကို အသုံးပြုမှသာ ပြင်ပမှ အသားစားငါးမျိုးစိတ်ဥများနှင့် ငါးရိုင်းမျိုးစိတ် ဥများ မဝင်ရောက်နိုင်ပါမည်။ ပိုက်စိမ်းအား ရေစစ်အဖြစ် အသုံးပြုပါက ပြင်ပမှ အသားစားငါးနှင့် ငါးရိုင်းမျိုးစိတ်ဥများ ကန်အတွင်းသို့ ရောက်ရှိနိုင်သည်။ 

               အသားစားငါးများဖြစ်သော ငါးရံ့၊ ငါးခူ၊ ကကတစ် နှင့် ငါးဘတ်များသည် ကန်အတွင်းရောက်ရှိနေပါက အဆိုပါ အသားစားငါး (၆၃)ကျပ်သား ကြီးလာစေရန် ကန်အတွင်းရှိ မွေးမြူမည့် ငါးသားပေါက် (၁၀- ၁၂) ကီလိုဂရမ်၊ (၁၀ပိဿာမှ ၁၂ပိဿာ)ကို စားသုံးနိုင်ပါသည်။ 

               အသားငါးမဟုတ်သော အခြားသော ငါးရိုင်းများသည် ကန်အတွင်းရောက်ရှိနေပါက မွေးမြူမည့်ငါး များကို မစားနိုင်သော်လည်း ကန်အတွင်းရှိ သဘာဝအစာများဖြစ်သော အပင်မျှောလှေးနှင့် အကောင်မျှော လှေးများကို စားသုံးသည့်အပြင် ဖြည့်စွက်စာများပါက စားသုံးမည်ဖြစ်ပါသည်။ ထို့ကြောင့် ကန်အတွင်း မိမိ တို့ မွေးမြူထားသော ငါးများအတွက် အစာဆုံးရှုံးမှုကို ဖြစ်စေပါသည်။ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်ပြီး အကြံဉာဏ်ရယူလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
4
comments
0
views
2816