cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲခူးတိုင်း ဇွန်လ ၂၄ ရက် မှ ဇွန်လ ၃၀ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ဇောင်းတူမြို့နှင့် ဒိုက်ဦးမြို့တို့တွင် ၇ ရက်အတွင်းရွာသွန်းနိုင်သည့် မိုးရေချိန်သည် ၇ လက်မအထက်(200mm အထက်)ရှိနိုင်ပါတယ်။ ပဲခူးတိုင်းအနောက်ခြမ်း ဧရာဝတီမြစ်ရိုးတစ်လျှောက်မှာ ဇွန်လ ၂၉/၃၀ ရက်တွေကိုရောက်မှ ၂၄ နာရီ မိုးရေချိန် ၄၈ မီလီမီတာအထက်(၁.၈၉ လက်မခန့်)မိုးအသင့်အတင့် ရွာနိုင်တာကိုတွေ့ရပါတယ်။
  • ဇွန်လ ၂၄ ရက်၊ ညနေပိုင်းမှ စတင်၍ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အမြင့်ပေ ၅၀၀၀ အထက်တွင် အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation-UACC)တစ်ခု ဖြစ်လာနိုင်ပြီး ပိုမိုအားကောင်းလာကာ၊ သိသာသော ရွေ့လျားမှုမရှိပဲ ဇွန်လ ၂၅ ရက် နံနက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area – LPA) တစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း၊ ဂျပန်နိုင်ငံတောင်ဘက်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း SEPAT ၊ တောင်တရုတ်ပင်လယ်မှာအစပျိုးလာတဲ့ လေပွေလှိုင်း(INVEST-96W)တို့ရဲ့ သက်ရောက်မှုက အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တွေမှာ အနောက်လေစီးကြောင်းကို ပိုမိုအားကောင်းစေပြီး အနောက်တောင်မုတ်သုံလေကိုလည်း ပိုမိုအားကောင်းလာစေတဲ့အတွက် မြန်မာနိုင်ငံအနှံ့မှာ မုတ်သုံမိုးများ ဆက်လက်ရွာသွန်းနိုင်မှာဖြစ်ပါတယ်။ ရွာနိုင်မည့်မိုးရေချိန်(Precipitation)နှင့် မိုးသည်းထန်နိုင်မည့်အခြေအနေ(Rain-Rate per Hour)က အနောက်တောင်ဘက်မှဝင်ရောက်လာနိုင်သော မိုးတိမ်များအခြေအနေနှင့် ကုန်းမြေပေါ်ကလေထုရဲ့ အပူချိန်/ငွေ့ရည်ဖွဲ့အမှတ်တို့အပေါ်မူတည်ပြီး မိုးအနည်းအများ ကွာခြားချက်ရှိနိုင်ပါမယ်။ 

    ယခုတစ်ပတ်အတွင်းမှာ ရွာသွန်းနိုင်တဲ့ မိုးရေချိန်ခန့်မှန်းချက်တွေက - 

    ·          ပဲခူးတိုင်းအရှေ့ခြမ်းက ဒိုက်ဦး၊ ညောင်လေးပင်၊ ကျောက်ကြီး၊ ထန်းတပင်၊ တောင်ငူ၊ သံတောင်နဲ့ ရေတာရှည်၊ ဆွာ စတဲ့ စစ်တောင်းမြစ်ရိုးတစ်လျှောက်က မြို့နယ်/ခရိုင်တွေမှာ မိုးများနိုင်(၂၄ နာရီ မိုးရေချိန် ၂.၄ လက်မ - 60mm)ခန့် ရှိနိုင်ပြီး၊ 

    ·          ဇောင်းတူမြို့နှင့် ဒိုက်ဦးမြို့တို့တွင် ၇ ရက်အတွင်းရွာသွန်းနိုင်သည့် မိုးရေချိန်သည် ၇ လက်မအထက်(200mm အထက်)ရှိနိုင်ပါတယ်။ 

    ·          ပဲခူးတိုင်းအနောက်ခြမ်း ဧရာဝတီမြစ်ရိုးတစ်လျှောက်မှာ ဇွန်လ ၂၉/၃၀ ရက်တွေကိုရောက်မှ ၂၄ နာရီ မိုးရေချိန် ၄၈ မီလီမီတာအထက်(၁.၈၉ လက်မခန့်)မိုးအသင့်အတင့် ရွာနိုင်တာကိုတွေ့ရပါတယ်။ 

    ·          ပဲခူးတိုင်းအနောက်ခြမ်းမှ ၇ ရက်အတွင်းရွာနိုင်မည့် မိုးရေချိန်ပေါင်းက မြို့နယ်တစ်ခုလုံးမှာ အများဆုံး ၅ လက်မခန့် ရှိနိုင်ပါတယ်။ 

    တစ်ပါတ်အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၁°C ရှိနိုင်ပြီး အနိမ့်ဆုံး ညအပူချိန် ၂၄°C ရှိနိုင်ပြီး၊ ဒေသအလိုက် လေထုစိုထိုင်းဆ ၈၀% မှ ၁၀၀% ရှိနေမှာဖြစ်လို့ ခံစားရတဲ့အပူချိန်(Feels Like Temperature or Apparent Temperature)က ၃၇°C အထိရှိနိုင်ပါမယ်။ 

    အခုတစ်ပတ်အတွင်း ၃၀ ရက်နေ့မှာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ ၂၅ မိုင်အထိရှိပြီး၊ ၂၅ ရက်နေ့မှာ အနိမ့်ဆုံးလေတိုက်နှုန်း တစ်နာရီ ၁၅ မိုင်ခန့် ရှိနိုင်ပါမယ်။ 

    နေ့စဉ် ၁၂ နာရီနောက်ပိုင်း ပဲခူးတိုင်းအနောက်ခြမ်းဒေသတွေက လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI က 100 (Moderate - အသင့်အတင့်)အခြေအနေမှာရှိနေပြီး မိုးကျလာတဲ့အခါ လျော့သွားနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများထံသို့.. 

    စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် 

    • အဝါရောင်ဆစ်ပိုးနဲ့ပတ်သတ်ပြီး မေးမြန်းလာသဖြင့် ဆစ်ပိုးကာကွယ်နှိမ်နင်းနည်းများကို အဓိကအကြံပြုဆွေးနွေးပေးလိုက်ပါတယ်။ 
    • ဆစ်ပိုးက စပါးပင် ပင်ပိုင်းကြီးထွားချိန်မှ ရင့်မှည့်ချိန်ထိသက်တမ်းတစ်လျှောက်လုံး ကျရောက်တတ်ပါတယ်။ 
    • ပင်ပိုင်းကြီးထွားချိန်တွင်ကျရောက်ပါက အူပုပ်တဲ့လက္ခဏာကိုအဓိကတွေ့ရပါတယ်။ 
    • ဆစ်ပိုး နှစ်စဥ်ကျရောက်ပါက စပါးတစ်မျိုးတည်းကိုဆက်တိုက်စိုက်တာမျိုးမလုပ်ပါနဲ့။ 
    • စပါးပင်အရွက်ထိပ်ဖျားနားတွင် ဥမြုံတွေ့ပါက လက်ဖြင့်ကောက်ယူဖယ်ရှားပေးပါ။ 
    • နိုက်ထရိုဂျင်ပုလဲယူရီးယား (N) မြေဩဇာ အလွန်အကျွံသုံးခြင်းကိုရှောင်ပါ။ 
    • ဆစ်ပိုးအတွက် အသုံးပြုနိုင်သောဓာတုဆေးများ- Cartap hydrochloride, Profenofos+ Lufenuron, Emamectin benzoate+ Chlorantraniliprole, Monosultap 
    • ရေထုတ်ပြီးဆေးဖျန်းနိုင်တာက အကောင်းဆုံးဖြစ်ပါတယ်။ 

    ငါးမွေးကန်များအတွက် အကြံပြုချက်  

    ဇွန်လအတွင်း မိုးအဆက်မပြတ်ရွာသွန်ခြင်းနှင့် မိုးများခြင်းများ ကြုံတွေ့ နေရပါသည်။ ထို့ကြောင့် ငါးကန်များအတွင်း မိုးရေများ ပိုမိုရောက်ရှိလာနိုင်သော အခြေအနေများ ရှိနေတတ်ပါသည်။ 

    မိုးရေတွင် အက်စစ်ပါသောကြောင့် ငါးမွေးကန်အတွင်း ရေချဉ်ဖန်နှုန်းကျတတ်ပါသည်။ ကန်ပြင်ဆင်ချိန်တွင် ကန်အတွင်း ထုံးထည့်သွင်းခြင်းမရှိပါက ရေချဉ်ဖန်နှုန်းကျဆင်းခြင်းများလာပြီး ငါးများသေစေနိုင်သည့်အဖြစ် ရောက်ရှိပါသည်။ 

    ရေချဉ်ဖန်နှုန်း (၆) နှင့် (၆) အောက်ရောက်ရှိပါက မွေးမြူထားသော ငါးများသည် ကျန်းမာရေး မကောင်းခြင်း၊ အစာမစားခြင်းများ ရှိလာတတ်ပါသည်။ ထိုအချိန်တွင် အစာကျွေးပါကလည်း အစာမစားနိုင်ကြပါ။ 

    ထို့ကြောင့် ငါးမွေးမြူရေးနှင့်ပတ်သတ်ပြီး အကြံဉာဏ်ရယူလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ 

    ------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
6
comments
0
views
3333