cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်း ဇွန် ၂၆ ရက် မှ ဇူလိုင် ၂ ရက် အထိ မိုးလေဝသအခြေအနေ

. Weather News
အခုလာမဲ့တစ်ပါတ်အတွင်း ဧရာဝတီတိုင်းတောင်ဘက်၊ မအူပင်၊ ညောင်တုန်း၊ ဇလွန်၊ ဟင်္သာတမြို့နယ်တွေအထိ ၇ ရက်အတွင်း မိုးရေချိန် ၅လက်မခွဲအထက် ရရှိနိုင်ပြီး မိုးရေချိန်များနိုင်ပါမယ်။ ဟင်္သာတမြို့အထက်ဘက်နဲ့ မအူပင်မြို့အောက်ဘက်တွေမှာတော့ ၇ ရက်အတွင်းရွာသွန်းနိုင်တဲ့ မိုးရေချိန် ၃ လက်မအထက်ရှိနိုင်ပြီး မိုးရေချိန်ရရှိမည့်အခြေအနေလျော့နည်းနိုင်ပါတယ်။
  • ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် အထက်အမြင့်ပေ ၅၀၀၀ မှ အထက်လေပွေလှိုင်း(UACC)သည် ၂၆ ရက်နေ့ ညနေပိုင်းအထိ ဆက်လက်တည်ရှိပြီး အနောက်ဘက်(အိန္ဒိယနိုင်ငံ - ဩရိဿပြည်နယ်ကုန်းတွင်းပိုင်းသို့)ဆက်လက်ရွေ့လျားသွားနိုင်ပါမယ်။ 

    ⚠️ ဇွန်လ ၂၈ ရက်နေ့မှာ အထက်လေပွေလှိုင်းအသစ်တစ်ခု ထပ်မံဖြစ်ပေါ်ပြီး ပိုမိုအားကောင်းလာကာ ဇွန်လ ၂၉ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်းအဆင့်အထိ ရောက်ရှိနိုင်ပါမယ်၊ ဇူလိုင်လ ၂ ရက်နေ့အထိ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်တည်ရှိနေနိုင်ပါမယ်။ 

    ·          ဇွန်လနှင့် ဇူလိုင်လအတွင်း ဧရာဝတီတိုင်းအတွင်းမှာ နေသာနိုင်မည့်ရက်အလွန်နည်း(မရှိနိုင်ဖို့များ)၊ မိုးရွာနိုင်မည့်ရက် ၃၀ ရက်၊ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်သည့်ရက် ၂၅ ရက်နှင့် တိမ်အပြည့်ဖုံးအုပ်နိုင်သည့်ရက် ၅ ရက်၊ ရှိနိုင်ပါမယ်။ 

    ·          မအူပင်၊ ပန်းတနော်၊ ကျောင်းကုန်း၊ ညောင်တုန်းမြို့များနှင့်အထက်ဘက် မြို့နယ်တွေမှာ ဇွန်လ ၂၈ ရက်နေ့ ၂၄ နာရီအတွင်း မိုးရေချိန် ၁ လက်မခွဲအထက်(မိုးအသင့်အတင့်မှ မိုးများနိုင်)ပြီး အဲ့ဒီမြို့များရဲ့တောင်ဘက်ဒေသတွေအနေနဲ့ ဇူလိုင်လ ၂ ရက် နောက်ပိုင်းရက်တွေမှာမှ မိုးများလာနိုင်ပါမယ်။ 

    ·          အခုလာမဲ့တစ်ပါတ်အတွင်း ဧရာဝတီတိုင်းတောင်ဘက်၊ မအူပင်၊ ညောင်တုန်း၊ ဇလွန်၊ ဟင်္သာတမြို့နယ်တွေအထိ ၇ ရက်အတွင်း မိုးရေချိန် ၅လက်မခွဲအထက် ရရှိနိုင်ပြီး မိုးရေချိန်များနိုင်ပါမယ်။ ဟင်္သာတမြို့အထက်ဘက်နဲ့ မအူပင်မြို့အောက်ဘက်တွေမှာတော့ ၇ ရက်အတွင်းရွာသွန်းနိုင်တဲ့ မိုးရေချိန် ၃ လက်မအထက်ရှိနိုင်ပြီး မိုးရေချိန်ရရှိမည့်အခြေအနေလျော့နည်းနိုင်ပါတယ်။ 

    ·          အခုတစ်ပါတ်အတွင်း ဧရာဝတီတိုင်းရဲ့ပျမ်းမျှလေတိုက်နှုန်းအမြင့်ဆုံး တစ်နာရီ မိုင် ၂၀ အထိရှိနိုင်ပြီး နောက်လာမည့်တစ်ပါတ်မှာ အနည်းငယ်ပိုများနိုင်ပါတယ်။ 

    ·          အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံး ည အပူချိန် ၂၅°C ရှိနိုင်ကာ လေထုစိုထိုင်းဆ ၉၀% နဲ့ ၁၀၀% ကြားမှာရှိနေနိုင်မှာကြောင့် ခံစားရတဲ့အပူချိန်က ၃၇°C အထိရှိနိုင်ပါမယ်။ 

    ·          ဧရာဝတီတိုင်းအတွင်းက ပျမ်းမျှလေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI)က ၄၀ ရှိနေနိုင်ပြီး အန္တရာယ်ရှိတဲ့ အဆင့်ကိုမရောက်ပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးနှင့် ကွမ်းစိုက်တောင်သူများထံသို့... 

    စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် 

    • ပင်ပိုင်းကြီးထွားချိန်တွင် အဓိကလိုအပ်သော ပုလဲနိုက်ထရိုဂျင်(N) မြေဩဇာမထည့်ခင် ပေါင်းနှိမ်နင်းခြင်းကိုလုပ်ဆောင်ပါ။ 
    • ၅ ရွက်ထွက်ချိန်မှာ ယူရီးယားတစ်အိတ်ရဲ့ ၃ပုံ၁ပုံကို တစ်ကြိမ်၊ ပျိုးထောင်စိုက်ခင်းဆိုရင် ကောက်ပင်လှန်ချိန်မှာ အဲ့အချိုးအတိုင်း တစ်ကြိမ် ထည့်ပေးပါ။ ပင်ပွားစီးချိန်မှာ ယူရီးယား (N) နောက်တစ်ပုံ၊ ဗိုက်ဖောင်းချိန် ပိုတက်ရှ်(K)တစ်ကြိမ်၊ အလံရွက်ထွက်ချိန် ကျန်တဲ့ယူရီးယား(N)တစ်ပုံ+ ပိုတက်ရှ်(K)တစ်ပုံနှုန်းဖြင့် အကြိမ်ရေခွဲကျွေးပါ။ 
    • ကွမ်းခြံအတွင်း ရေဝပ်တဲ့အခြေအနေက ဒေါင်းမြီးကွက် ရောဂါကူးစက်ပြန့်ပွားဖို့အားပေးတဲ့အတွက် ရေမဝပ်အောင် အထူးဂရုစိုက်ပါ၊ လေဝင်လေထွက်ကောင်းအောင် လုပ်ပေးပါ။ 
    • ယူရီးယားနိုက်ထရိုဂျင် မြေဩဇာ အလွန်အကျွံမထည့်ပါနဲ့။ ဘေးသားတက်များ ပင်ခြေသို့ အုပ်မနေစေရန်အပေါ်သို့ထောင်၍ စည်းချည်ပေးပါ။ ကွမ်းပင်အောက်ခြေ အရွက်များကိုရှင်းလင်းပေးပါ။ 
    • ရောဂါကျအပင်များကိုရှင်းလင်းပြီးမှ ဆေးဖျန်းပါ။ မှိုသတ်ဆေးအနေနဲ့ Propamocarb hydrochloride, Dimethomorph, Fosetyl Aluminium, Cymoxanil တို့ကိုရွေးချယ်နိုင်ပါတယ်။ 

    ငါးမွေးမြူ‌ရေး အကြံပြုချက် 

    ဧရာဝတီတိုင်းတွင် မိုးရွာရန် ရွာနှုန်းမြင့်နေပါသဖြင့် ငါးကန်များအတွင်း ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း ကျနိုင်ပါသည်။ ငါးကန် ရေအရောင်ပြောင်းလဲမှုများ ဖြစ်တတ်ပါသည်။ ဤအခြေအနေများတွင် ငါးများသည် ပုံမှန်ထက်လှုပ်ရှားမှုနှင့် အစာစားနှုန်းကျဆင်းလာနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ငါးများသည် သွေးအေးသတ္တဝါများ ဖြစ်တာနှင့်အညီ ပတ်ဝန်းကျင်ပြောင်းလဲမှုကို မခံနိုင်ကြပေ။ ထို့ကြောင့် မိုးရွာစဉ်၊ မိုးအုံ့စဉ်တွင် အစာများ အလေအလွှင့်မဖြစ်စေရန် ၃၀ ရာခိုင်နှုန်း လျော့ကျွေးရပါမည်။ ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း တက်လာရန် ထုံးထည့်ပေးနိုင်သော်လည်း ပမာဏမများစေရန် သတိထားရပါမည်။ ရေအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ကျော်မှသာ ပုံမှန် နှုန်းထားပြန်ကျွေးရပါမည်။ တကယ်၍ နေပြန်ပူလာချိန်တွင် ရေကန်သည် အစိမ်းရောင် မသမ်းပါက ရေသြဇာပြန်ကျွေးပေးရပါမည်။ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်ပြီး အကြံဉာဏ်ရယူလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။   

    -------   

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို   

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
9
comments
1
views
3372