cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း ဇွန်လ ၃၀ ရက် မှ ဇူလိုင်လ ၆ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
အခုရက်သတ္တပါတ် ၁ ပါတ်အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံး ည အပူချိန် ၂၅°C ရှိနိုင်ပြီး လေထုစိုထိုင်းဆ ၇၀% မှ ၉၀% အထိ ရှိနိုင်ပါမယ်။ ရန်ကုန်မြို့တွင်းမှာ လေထုစိုထိုင်းဆမြင့်တက်ချိန် ခံစားရတဲ့အပူချိန်(Temperature Feels Like) ၃၈°C အထိရှိနေပြီး မိုးမရွာလေမတိုက်တဲ့အချိန်တွေမှာ ပုံမှန်အပူချိန်ထက်ပိုနေမှာကြောင့် ပူအိုက်နေနိုင်ပါမယ်။
  • ဘင်္ဂလားပင်လယ်အော်မှာ အနောက်တောင်မုတ်သုံလေအားအလွန်ကောင်းနေပြီး ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းပင်လယ်အတွင်း ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၁၂ ရက်အထိ အထက်လေပွေလှိုင်းနှင့် လေဖိအားနည်းရပ်ဝန်းများဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် မြန်မာနိုင်ငံဘက်မှာ မုတ်သုံမိုးရွာသွန်းခြင်းက ရက်ဆက်ဆိုသလိုရှိနေမှာဖြစ်ပါတယ်။ 

    ·          ရန်ကုန်တိုင်းအတွင်း နေရာကွက်၍မိုးများနိုင်/မိုးသည်းထန်နိုင်ခြင်းများရှိနေမှာဖြစ်ပြီး ဒေသအလိုက်-နေ့စဉ်မိုးရေချိန် လက်မဝက်(၀.၅ လက်မ)အောက်မှ ၁.၅ လက်မအထိ ရွာသွန်းကာ ဇွန် ၃၀ ရက်မှ ဇူလိုင် ၆ ရက် အထိ - ၇ ရက်အတွင်း ရန်ကုန်တိုင်းတစ်ခုလုံးရဲ့ ပျမ်းမျှမိုးရေချိန် ၇ လက်မခန့်အထိ ရရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ 

    ·          ၇ ရက်အတွင်း - ရန်ကုန်တိုင်းမြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းခရိုင်တွေမှာ မိုးရေချိန်စုစုပေါင်း ၆ လက်မကျော်ခန့်၊ တောင်ပိုင်းခရိုင်တွေမှာ ၇ လက်မကျော်ခန့်နဲ့ ရန်ကုန်မြို့လယ်ရပ်ကွက်တွေမှာ ၅ လက်မကျော်ခန့်အထိ ရွာသွန်းရရှိနိုင်ပါတယ်။ 

    ·          ရန်ကုန်မြို့ပေါ်မှာ အနောက်တောင်ဘက်မှ လေတိုက်နှုန်းအမြင့်ဆုံး တစ်နာရီ မိုင် ၂၀ ခန့်အထိတိုက်ခတ်နိုင်ပြီး ပင်လယ်ကမ်းရိုးတန်းနှင့်နီးတဲ့ ကမ်းခြေဒေသတွေမှာ တစ်နာရီ ၂၅ မိုင်နှင့်အထက် တိုက်ခတ်နိုင်ကာ၊ ကမ်းရိုးတန်းအနီးပင်လယ်ကမ်းခြေမှာ လှိုင်းအမြင့် ၃ ပေမှ ၅ ပေခန့်အထိ ရှိနိုင်ပါတယ်။ 

    ·          အခုရက်သတ္တပါတ် ၁ ပါတ်အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံး ည အပူချိန် ၂၅°C ရှိနိုင်ပြီး လေထုစိုထိုင်းဆ ၇၀% မှ ၉၀% အထိ ရှိနိုင်ပါမယ်။ ရန်ကုန်မြို့တွင်းမှာ လေထုစိုထိုင်းဆမြင့်တက်ချိန် ခံစားရတဲ့အပူချိန်(Temperature Feels Like) ၃၈°C အထိရှိနေပြီး မိုးမရွာလေမတိုက်တဲ့အချိန်တွေမှာ ပုံမှန်အပူချိန်ထက်ပိုနေမှာကြောင့် ပူအိုက်နေနိုင်ပါမယ်။ 

    ·      ရန်ကုန်တိုင်းရဲ့ အခုတစ်ပါတ်လေထုညစ်ညမ်းမှုအခြေအနေ -AQI, PM2.5, PM10 အားလုံးကောင်းနေပြီး အန္တရာယ်ရှိတဲ့ အဆင့်မှာမရှိပါ။ လေထုအတွင်း ကာဗွန်မိုနောက်ဆိုဒ်(CO)ပါဝင်မှုပမာဏ ည ၉ နာရီနောက်ပိုင်းမှာ သတိထားသင့်တဲ့ပမာဏ 200 ppbv ထက်ကျော်လွန်ပြီး 770 ppbv အထိရှိနေတာတွေ့ရပါတယ်။ 

    အန္တရာယ်မြင့်မားတဲ့ ပါဝင်မှု 800 ppbv ထက်ကျော်လွန်ပြီးပါဝင်နေတာတော့ မတွေ့ရပါ။ *Concentration of carbon monoxide is expressed in parts per billion by volume (ppbv). A concentration of 1 ppbv means that for every billion molecules of gas in the measured volume, one of them is a carbon monoxide molecule. 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများထံသို့...

    စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်

    မိုးစပါး ပေါင်းပြဿနာအတွက် ရွေးချယ်ပေါင်းသတ်ဆေးသုံးမည်ဆိုပါက စပါးပင် ၁၅-၂၀ ရက်သားမှစတင်ပြီး ပေါင်းရွက် (၂-၄ ရွက်)ထွက်ချိန်တွင်ဖျန်းပါ။

    ပေါင်းသတ်ဆေးတွင် ပါဝင်သောဆေးပစ္စည်းမှာ တစ်မျိုးတည်းဖြစ်စေ၊ နှစ်မျိုးဖြစ်စေ စပါးခင်းထဲတွင်ပေါက်နေသမျှပေါင်းတိုင်းကိုတော့ သေစေမှာမဟုတ်ပါဘူး။

    ကိုယ့်စိုက်ခင်းထဲမှာပေါက်နေတဲ့ဘယ်ပေါင်းက အဆိုးဆုံးဖြစ်လဲဆိုတာကိုစဥ်းစားပြီးမှ ဆေးကိုရွေးချယ်ပါ။

    လိုအပ်သောပေါင်းနှိမ်နင်းခြင်းကိုပြုလုပ်ပြီးမှ မြေဩဇာကိုထည့်သွင်းပေးပါ။

    ပေါင်းသတ်ဆေးများကို ကိုယ့်စိတ်ကြိုက်ရောစပ်သုံးစွဲခြင်းများမပြုလုပ်ပါနဲ့။

    မြက်အုပ်စုပေါင်းများအတွက် ရွေးချယ်နိုင်သောဆေး Ai များမှာ- Cyhalofop butyl, Fenoxaprop-p-ethyl

    ၁ နှစ်ခံမြက်နှင့် မြက်မုန်ညင်းအချို့အတွက်- Bispyribac sodium

    ရွက်ပြန့်ပေါင်းများအတွက် - Ethoxysulfuron, Phenoxsulam, 2,4D စတဲ့ဆေးအစွမ်းရှိပစ္စည်းများကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။

    ဆေးမဖျန်းခင် မိုးရွာသွန်းနိုင်ချေရှိ၊မရှိ သေချာစစ်ဆေးပေးပါ။ 

    ငါးကန် ရေဩဇာကောင်းမွန်ရရှိစေရန် အကြံပြုချက်  

    • ကန်အတွင်းသဘာဝအစာ ရရှိစေရန်အတွက် ကန်ပြင်ဆင်ခြင်းလုပ်ငန်းတွင် ထုံးကိုသတ်မှတ်နှုန်းထားအတိုင်း ထည့်သွင်းရန် လိုအပ်ပါသည်။  
    • ထုံးပက် ရေသွင်းပြီး ကန်ရေ (၂)ပေရှိ ငါးမွေးကန် တစ်ဧကလျှင် ပုလဲ (၁၂)ပိသာ ၊တီစူပါ (၆)ပိဿာနှင့် ပိုတက်(၃)ပိဿာကို ရောပြီး နေပူချိန် မနက်ပိုင်းတွင် ကန်အတွင်းသို့ နေရာအနှံ့ပက်ပေးပါ။ (၃)၇က်မှ (၇)ရက်အကြာတွင် ကန်ရေသည် အစိမ်းနုရောင် (သို့မဟုတ်) စိမ်းဝါရောင်သို့ပြောင်းလဲလာပါလိမ့်မည်။  
    • အဆိုပါ အခြေအနေတွင် ကန်အတွင်း သဘာဝအစာများပေါက်ဖွားလာခြင်း ဖြစ်ပါသည်။ သဘာဝအစာများ ပေါက်ဖွားခြင်းအတွက် နေရောင်ခြည်သည် အထူးအရေးကြီးပါသည်။ ထို့ကြောင့် နွေရာသီတွင် နေပူပြင်းသောကြောင့် အစာပေါက်ဖွားနှုန်း ပိုမိုကောင်းမွန်ပြီး အစိမ်းနုရောင်မှ အစိမ်းရင့်ရောင်သို့ အလျှင် အမြန်ပြောင်းလဲလာပါသည်။ မိုးရာသီတွင် နေအလင်းရောင် ရရှိမှုနည်းသောကြောင့် အစိမ်းနု ရောင်သာဖြစ်ပေါ်ပြီး မိုးအဆက်ရွာသွန်ပြီး၊‌ နေရောင်ခြည် ရရှိမှုနည်းခြင်းတို့ကြောင့်လည်း သဘာဝ အစာမပေါက်ဖွားနိုင်ဘဲ လုံးဝပျောက်ကွယ် သွားတတ်ပါသည်။  

    -------------    

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12    

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို    

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.    

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
4
comments
0
views
3636