cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲခူးတိုင်း ဇူလိုင် ၁ ရက် မှ ဇူလိုင် ၇ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ပဲခူးတိုင်းအနောက်ဘက်ခြမ်းမှာလဲ မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး ၇ ရက် မိုးရေချိန် ၅ လက်မခန့်ရှိနိုင်တာကြောင့် ရုတ်တရက်မြင့်တက်လာနိုင်တဲ့ ချောင်းကမ်းဘေးမှဒေသတွေမှာ ရေလွှမ်းနိုင်ချေရှိနေတာ သတိထားကြရပါမယ်။
  • စစ်တောင်းမြစ်ရေမြင့်တက်လာကာ မြစ်ကမ်းပါးအနီးကဒေသတွေရဲ့ လယ်ကွင်းများမှာ မိုးလယ်ကာလတစ်ခုလုံး ရေလွှမ်းနေနိုင်ခြေများပါတယ်။ 

    ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဇူလိုင် ၂ ရက်အထိ ဆက်လက်ဖြစ်ပေါ်နေနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းက အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ ဇူလိုင် ၁ ရက်နေ့တွင် အားပျော့ပြီးနောက် အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသများသို့ ဆက်လက်ရွေ့လျားသွားနိုင်ကာ ဇူလိုင် ၇ ရက်အထိ အိန္ဒိယနိုင်ငံအလယ်ပိုင်း MADHYA PRADESH ပြည်နယ်အပေါ်မှာ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်တည်ရှိနိုင်ကြောင်း သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး model တွေက ခန့်မှန်းထားပါတယ်။ 

    ဒီခန့်မှန်းချက်တွေအရ ဘင်္ဂလားပင်လယ်အော်မှာ အနောက်တောင်မုတ်သုံလေအားဆက်လက်ကောင်းနေမှာဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်ဒေသအချို့မှအပ၊ ကျန်ပြည်နယ်တိုင်းအားလုံးမှာ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။ 

    ·          ပဲခူးတိုင်း၊ ပဲခူးရိုးမတောင်ကြောရဲ့ ဆွာမြို့အောက်ဘက်ရိုးမတောင်ကြောပေါ်မှာ မိုးများနေနိုင်ပြီး ၇ ရက်အတွင်း မိုးရေချိန် ၅ လက်မနှင့်အထက် ရွာသွန်းနိုင်ပြီး၊ ပဲခူးတိုင်းအရှေ့ခြမ်းက ပဲခူးတိုင်းအနောက်ခြမ်းမိုးရေချိန်ရရှိမှု ပိုမိုနေဦးမှာဖြစ်တာကြောင့် တောင်ငူမြို့နှင့်အောက်ဘက် ပဲခူးရိုးမအရှေ့ခြမ်းမှာ စစ်တောင်းမြစ်ရေမြင့်တက်လာကာ မြစ်ကမ်းပါးအနီးကဒေသတွေရဲ့ လယ်ကွင်းများမှာ မိုးလယ်ကာလတစ်ခုလုံး ရေလွှမ်းနေနိုင်ခြေများပါတယ်။ 

    ·          ပဲခူးတိုင်းအနောက်ဘက်ခြမ်းမှာလဲ မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး ၇ ရက် မိုးရေချိန် ၅ လက်မခန့်ရှိနိုင်တာကြောင့် ရုတ်တရက်မြင့်တက်လာနိုင်တဲ့ ချောင်းကမ်းဘေးမှဒေသတွေမှာ ရေလွှမ်းနိုင်ချေရှိနေတာ သတိထားကြရပါမယ်။ 

    ·          ပဲခူးတိုင်းအနောက်ခြမ်းရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၄°C အထိရှိနိုင်ပြီး ပဲခူးတိုင်းအရှေ့ခြမ်းမှာ ၂၇°C ရှိနိုင်ပါမယ်။ ပဲခူးတိုင်းအရှေ့ခြမ်းနဲ့ အနောက်ခြမ်းတို့ရဲ့ အနိမ့်ဆုံးညအပူချိန်တွေက ၂၆°C မှ ၂၈°C ခန့်ရှိနိုင်ပါတယ်။ လေထုစိုထိုင်းဆ ၉၀% မှ ၁၀၀% အထိရှိနေနိုင်မှာကြောင့် စိုထိုင်းဆများတိုင်း မြင့်တက်လာတတ်တဲ့ ခံစားရတဲ့အပူချိန်(Temperature Feels Like) က ၃၆°C အထိ ရှိနေနိုင်ပါမယ်။ 

    ·          ပဲခူးတိုင်းရဲ့ လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI)က အများဆုံး ၅၀ ရှိနိုင်ပြီး၊ လေထုအတွင်း ကာဗွန်မိုနောက်ဆိုဒ်ပါဝင်မှု အများဆုံး ၂၅၀ ppbv ရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှုအခြေအနေသည် အန္တရာယ်မရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါး၊ပုစွန်မွေးမြူရေးကန်များအတွက် အကြံပြုချက်  

    ရေအရည်အသွေး၊ စားသုံးနေရသည့် အစာ(ဖြည့်စွက်စာ) အရည်အသွေးနှင့် ရာသီဥတု အခြေအနေများကြောင့် ငါးများတွင် ဖိစီးမှု ဖြစ်ပေါ်နေခြင်းနှင့် အင်အားချိနဲ့ပြီး ခုခံစွမ်းအင်လျော့နည်းမှု ဖြစ်ပေါ်နေပါသည်။ ထိုအချိန်တွင် ငါးများကို ရောဂါဝင်ရောက်မှု လွယ်ကူပြီး၊ ရောဂါကို တိုးပွားစေပါသည်။ 

    ရောဂါဖြစ်စေသည့် အကြောင်းရင်း (၃) ချက်မှာ- 

     ရောဂါပိုး 

     လက်ခံကောင် (အဓိက ငါး၏ ခုခံမှု)၊ ရောဂါကို သယ်ဆောင်လာသော အကောင် 

     ပတ်ဝန်းကျင်အခြေအနေ (ငါးကန်အတွင်း ကန်ရေအရည်အသွေးကျဆင်းနေခြင်း) သည် ရောဂါပိုးပျံနှံ့ စေရန်အတွက် ဖန်တီးပေးပါသည်။ 

    ထို့ကြောင့် ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ 

    -----------------------     

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12     

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို     

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.     

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
1
comments
0
views
2779