cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်း ဇူလိုင်လ ၃ ရက် မှ ဇူလိုင်လ ၉ ရက် မိုးလေဝသအခြေအနေ

. Weather News
ကွမ်းစိုက်တောင်သူများအနေဖြင့် ဆီစွန်းရောဂါကျရောက်မှုနဲ့ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းများကိုအကြံပြုဆွေးနွေးပေးလိုက်ပါတယ်။ ဆီစွန်းကျနေတဲ့အရွက်၊အပင်အစိတ်အပိုင်းတွေကို အရင်းကနေကတ်ကြေးနဲ့ညှပ်၊ ကြွပ်ကြွပ်အိတ်ထဲထည့်ပြီးလွှတ်ပစ်ပေးပါ။ကွမ်းခြံထဲမှာ ပစ်မထားခဲ့ပါနဲ့။ ကွမ်းခြံအတွင်းရေဝပ်တာ၊ စိုထိုင်းဆများနေတာမျိုးမရှိအောင်လုပ်ပေးပါ။
  • ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံကုန်းတွင်းပိုင်းကိုရွေ့သွားတဲ့ လေဖိအားနည်းရပ်ဝန်းက အနောက်ဘက်ကို ဆက်ရွေ့နေပြီး အားလျော့လာကြောင်း အိန္ဒိယမိုးလေဝသဌာန ဇူလိုင် ၂ ရက်ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းက လေစီးကြောင်းအခြေအနေများကြောင့် လေပွေလှိုင်းဖြစ်ပေါ်တာတွေ ဆက်လက်ဖြစ်နေနိုင်ပေမဲ့ ဇူလိုင် ၈ ရက်နေ့နောက်ပိုင်းမှာ အနောက်တောင်မုတ်သုံလေအားလျော့လာပြီး မုတ်သုံမိုးရွာသွန်းခြင်းလည်းအနည်းငယ်လျော့နိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။ 

    ဧရာဝတီတိုင်းရဲ့ ဒေသအလိုက်မိုးရွာသွန်းနိုင်မည့် အခြေအနေက ဇူလိုင် ၃ ရက် မှ ၆ ရက်အထိ နေ့စဉ်မိုးရေချိန် ၀.၅ လကမအထက် ၁ လက်မ အောက်(မိုးအနည်းငယ်မှ မိုးအသင့်အတင့်)ရွာနိုင်ပြီး ဇူလိုင် ၇ ရက်နေ့မှ စတင်ကာ နေ့စဉ်မိုးရွာသွန်းသည့်အခြေအနေ ၂၄ နာရီအတွင်း ရရှိနိုင်သည့်မိုးရေချိန် ၀.၃ လက်မ အောက်အထိလျော့ကျလာနိုင်ပါမယ်။ 

    ဇူလိုင် ၃ ရက် မှ ၉ ရက်အထိ ယခုရက်သတ္တပါတ် ၁ ပါတ်အတွင်းမှာ ၇ ရက်(၁၆၈ နာရီအတွင်း)ရရှိနိုင်မည့် မိုးရေချိန်အခြေအနေ - 

    ·          မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနှင့် ဧရာဝတီတိုင်းအနောက်ဘက်၊အပန်းဖြေကမ်းခြေဒေသများအနီးမှ ဒေသများမှာ ၅ လက်မ အထက် ၇ လက်မခန့်အထိ 

    ·          ဧရာဝတီတိုင်းအရှေ့အလယ်ပိုင်းက မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ကျောင်းကုန်း၊ အသုတ်၊ ကျုံပျော်၊ ရေကြည်၊ ငသိုင်းချောင်း၊ ဇလွန်၊ ဟင်္သာတ မြို့နယ်တွေမှာ ၃.၅ လက်မ မှ ၄.၅ လက်အထက်အထိ 

    ·          ဧရာဝတီတိုင်းမြောက်ပိုင်းမှ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်း စတဲ့ မြို့နယ်တွေမှာ ၀.၅ လက်မ မှ ၂ လက်မ အထိ 

    ယခုတပါတ်အတွင်း တောင်ဘက်နှင့် အနောက်တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၆ မိုင်ခန့်မှ အများဆုံး တနာရီ ၂၅ မိုင်အထိရှိနိုင်ပါမယ်။ 

    အမြင့်ဆုံးနေ့အပူချိန် ၃၃°C နဲ့ အနိမ့်ဆုံး ညအပူချိန် ၂၅°C ရှိနိုင်ပြီး လေထုစိုထိုင်းဆ ၇၀% မှ ၉၀% အထိရှိနိုင်ပါမယ်။ လေထုစိုထိုင်းဆမြင့်မားပြီး လေတိူက်နှုန်းလျော့ကျချိန်တွေမှာ ခံစားရတဲ့အပူချိန်(Temperature Feels Like)က ၃၉°C အထိရှိနိုင်/ပူအိုက်နေနိုင်ပါတယ်။ 

    ဧရာဝတီတိုင်းရဲ့ အနောက်ဘက်ကမ်းရိုးတန်းအနီးပင်လယ်ပြင်မှာ လှိုင်းအမြင့် ၈ ပေကျော်အထိရှိနိုင်ပြီး၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးပင်လယ်ပြင်မှာတော့ လှိုင်း အမြင့် ၅ ပေကျော်ခန့်အထိရှိနိုင်ကာ ဇူလိုင် ၈ ရက်နှင့် ၉ ရက်နေတွေမှာ လှိုင်း/လေပြင်းထန်နေတဲ့ အခြေအနေများလျော့ကျလာနိုင်ပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးနှင့် ကွမ်းစိုက်တောင်သူများထံသို့...

    စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်

    • ရွေးချယ်ပေါင်းသတ်ဆေးသုံးမည့်တောင်သူများအနေဖြင့် စပါးတစ်လသားမတိုင်ခင် အပြီးလုပ်ဆောင်ပါ။
    • စပါးတစ်လသားကျော်လွန်ပါက ပေါင်းပင်သည်လည်းကြီးလာပြီဖြစ်သောကြောင့် နှိမ်နင်းရခက်ပြီး ထိရောက်မှုအားနည်းနိုင်ပါတယ်။
    • ကွမ်းစိုက်တောင်သူများအနေဖြင့် ဆီစွန်းရောဂါကျရောက်မှုနဲ့ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းများကိုအကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
    • ဆီစွန်းကျနေတဲ့အရွက်၊အပင်အစိတ်အပိုင်းတွေကို အရင်းကနေကတ်ကြေးနဲ့ညှပ်၊ ကြွပ်ကြွပ်အိတ်ထဲထည့်ပြီးလွှတ်ပစ်ပေးပါ။ကွမ်းခြံထဲမှာ ပစ်မထားခဲ့ပါနဲ့။
    • ကွမ်းခြံအတွင်းရေဝပ်တာ၊ စိုထိုင်းဆများနေတာမျိုးမရှိအောင်လုပ်ပေးပါ။
    • လေဝင်လေထွက်ကောင်းအောင်လည်းလုပ်ဆောင်ပေးပါ။
    • ဆီစွန်းအတွက်အသုံးပြုနိုင်သောဓာတုဆေးများ- Streptomycin sulphate, Copper oxychloride, Kasugamycin, Oxolinic acid, Bismerthiazol 

    ငါးမွေးကန်များအတွက် အကြံပြုချက်   

    ဇွန်၊ဇူလိုင်လအတွင်း မိုးအဆက်မပြတ်ရွာသွန်ခြင်းနှင့် မိုးများခြင်းများ ကြုံတွေ့ နေရပါသည်။ ထို့ကြောင့် ငါးကန်များအတွင်း မိုးရေများ ပိုမိုရောက်ရှိလာနိုင်သော အခြေအနေများ ရှိနေတတ်ပါသည်။  

    မိုးရေတွင် အက်စစ်ပါသောကြောင့် ငါးမွေးကန်အတွင်း ရေချဉ်ဖန်နှုန်းကျတတ်ပါသည်။ ကန်ပြင်ဆင်ချိန်တွင် ကန်အတွင်း ထုံးထည့်သွင်းခြင်းမရှိပါက ရေချဉ်ဖန်နှုန်းကျဆင်းခြင်းများလာပြီး ငါးများသေစေနိုင်သည့်အဖြစ် ရောက်ရှိပါသည်။  

    ရေချဉ်ဖန်နှုန်း (၆) နှင့် (၆) အောက်ရောက်ရှိပါက မွေးမြူထားသော ငါးများသည် ကျန်းမာရေး မကောင်းခြင်း၊ အစာမစားခြင်းများ ရှိလာတတ်ပါသည်။ ထိုအချိန်တွင် အစာကျွေးပါကလည်း အစာမစားနိုင်ကြပါ။  

    ထို့ကြောင့် ငါးမွေးမြူရေးနှင့်ပတ်သတ်ပြီး အကြံဉာဏ်ရယူလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။  

    ------   

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို   

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
6
comments
0
views
3487