cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်း ဇူလိုင် ၄ ရက် မှ ဇူလိုင် ၁၀ ရက်အထိ မိုးလေဝသအခြေအနေ နှင့် စိုက်ပျိုးရေးအကြံပြုချက်

. Weather News
ကျောက်ဆည်မြို့တောင်ဘက် - မိတ္ထီလာ၊ သာစည်၊ မလှိုင်၊ ကျောက်ပန်းတောင်၊ ပုပ္ပါး၊ ပျော်ဘွယ်၊ ရမည်းသင်း၊ တပ်ကုန်း၊ နေပြည်တော်နယ်မြေ၊ ပျဉ်းမနား၊ လယ်ဝေး စသည့်မြို့နယ်များတွင် ၇ ရက်အတွင်းရရှိနိုင်သည့်မိုးရေချိန် ၂ လက်မ မှ ၃ လက်မအထိ ရှိနိုင်/မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်ပြီး၊
  • အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းသည် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ်အားလျော့သွားသော်လည်း၊ အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် အားအသင့်အတင့်ရှိသည့် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ဇူလိုင်လ ၁၀ ရက် အထိဆက်လက်တည်ရှိနိုင်ကာ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး model များဖြစ်သည့် ECMWF, ICON နှင့် GFS တို့က ခန့်မှန်းထားပါတယ်။ 

    မန္တလေးတိုင်း ဇူလိုင် ၄ ရက် မှ ဇူလိုင် ၁၀ ရက်အထိ၊ ၇ ရက်(၁၆၈ နာရီ)အတွင်း ရရှိနိုင်မည့် မိုးရေချိန် ကြိုတင်ခန့်မှန်း(ICON MODEL FORECAST)အရ - 

    ကျောက်ဆည်မြို့မြောက်ဘက် - စဉ့်ကိုင်၊ တံတားဦး၊ မန္တလေး၊ ပြင်ဦးလွင်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်၊ တကောင်း စသည့်မြို့နယ်များနှင့် 

    ကျောက်ဆည်မြို့တောင်ဘက် - မိတ္ထီလာ၊ သာစည်၊ မလှိုင်၊ ကျောက်ပန်းတောင်၊ ပုပ္ပါး၊ ပျော်ဘွယ်၊ ရမည်းသင်း၊ တပ်ကုန်း၊ နေပြည်တော်နယ်မြေ၊ ပျဉ်းမနား၊ လယ်ဝေး စသည့်မြို့နယ်များတွင် ၇ ရက်အတွင်းရရှိနိုင်သည့်မိုးရေချိန် ၂ လက်မ မှ ၃ လက်မအထိ ရှိနိုင်/မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်ပြီး၊ 

    မလှိုင်မြို့အနောက်ဘက်၊ ကျောက်ပန်းတောင်းနှင့် ပုပ္ပါးမြောက်ဘက်ရှိ -  ပုဂံ-ညောင်ဦး၊ မြင်းခြံ၊ ငသရောက် စသည့် မြို့နယ်များနှင့်၊ မြစ်သားမြို့အရှေ့ဘက်မှ မြို့နယ်/ကျေးရွာများတွင် ၇ ရက်အတွင်းရရှိနိုင်သည့်မိုးရေချိန် ၀.၃ လက်မ မှ ၁ လက်မအထိသာ ရှိနိုင်ပြီး မိုးနည်းရာမှမိုးအလွန်နည်းနေနိုင်ပါမယ်။ 

    မန္တလေးတိုင်းအတွင်းမှာ တောင်ဘက်၊ အနောက်တောင်ဘက်တို့မှ လေတိုက်နှုန်း တစ်နာရီ မိုင် ၂၀ မှ ၂၅ မိုင်အထိရှိနိုင်ပြီး မွန်းလွဲညနေပိုင်းနှင့် နံနက်အစောပိုင်းအချိန်များတွင် မိုးထစ်ချုန်းရွာနိုင်မည့်အခြေအနေများဖြစ်ပေါ်နေနိုင်ပါမယ်။ 

    လေထုစိုထိုင်းဆ ၄၀% မှ ၆၀% အထိရှိနေပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၃၆°C နှင့် အနိမ့်ဆုံး ည အပူချိန် ၂၅°C ရှိနိုင်ပါတယ်။ 

    မန္တလေးမြို့ပေါ်တွင် လေထုစိုထိုင်းဆ ၆၀% မှ ၇၀% အထိ ရှိနေနိုင်ပြီး ခံစားရသည့်အပူချိန်(Temperature Feels Like) ၄၀°C အထိရှိနေနိုင်ပါတယ်။ 

    လေထုညစ်ညမ်းမှုအညွှန်းကိန်း - AQI က မန္တလေးတိုင်းတောင်ဘက်၊ နေပြည်တော်နယ်မြေအတွင်းမှာ ၄၀ အထိရှိနိုင်ပြီး အန္တရာယ်မရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    မန္တလေးတိုင်းဒေသကြီးအတွင်း မြေပဲစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    မန္တလေးတိုင်းဒေသကြီးအတွင်း မြေပဲစိုက်ပျိုးရာတွင် မြေပဲပျပိုးအား သတိပြုကာကွယ်ပေးပါ။ ပျပိုးများသည် မြေပဲပင်၏ပင်ရည်ကို စုပ်စားဖျက်ဆီး တိုက်ခိုက်မှု့ကြောင့် မြေပဲပင်နှင့် အရွက်များ၏ ကြီးထွားမှု့ကို အဟန့်အတားဖြစ်စေပြီး အပင်ပုခြင်း၊ အရွက်ဝါခြင်း၊ ညှိုးခြင်း၊ ကိုင်းဖျားခြောက်ခြင်း၊ အရွက်များကို ပုံမမှန်တွန့်လိပ်စေခြင်း၊ အပင်သေစေခြင်းများကိုဖြစ်စေပါသည်။ ကာကွယ်နှိမ်နင်း နည်းလမ်းများမှာ- 

    • ပင်ရည် စုပ်စားပိုး ဖြစ်သည့်အတွက် နိုက်ထရိုဂျင်မြေသြဇာကို အလွန်အကျွံကျွေးခြင်းမှ ရှောင်ကြဥ်ပါ။ 
    • ပိုးခိုအောင်းရာဖြစ်သော ပေါင်းမြက်များအား ရှင်းလင်းပေးပါ။ 
    • ဓာတုဆေးအနေဖြင့် ပင်လုံးပြန့်အာနိသင်ရှိသော Acetamiprid + Lambda cyhalothrin၊ Pymetrozine + Nitnepyram ၊ Cartap Hydrochloride၊ Spinosad၊ Fenoxycarb များကို အသုံးပြုပေးပါ။  

    ---------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
7
comments
0
views
2857