cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်း ဇူလိုင် ၄ ရက် မှ ဇူလိုင် ၁၀ ရက်အထိ မိုးလေဝသအခြေအနေ နှင့် မွေးမြူရေးအကြံပြုချက်

. Weather News
ခုတလော ငါး၊ပုစွန်မွေးမြူရေးကန်ပိုင်ရှင်များက ရေညှိဖယ်ရှားရန် နည်းလမ်းများ မေးလာတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။
  • အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းသည် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ်အားလျော့သွားသော်လည်း၊ အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် အားအသင့်အတင့်ရှိသည့် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ဇူလိုင်လ ၁၀ ရက် အထိဆက်လက်တည်ရှိနိုင်ကာ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး model များဖြစ်သည့် ECMWF, ICON နှင့် GFS တို့က ခန့်မှန်းထားပါတယ်။ 

    မန္တလေးတိုင်း ဇူလိုင် ၄ ရက် မှ ဇူလိုင် ၁၀ ရက်အထိ၊ ၇ ရက်(၁၆၈ နာရီ)အတွင်း ရရှိနိုင်မည့် မိုးရေချိန် ကြိုတင်ခန့်မှန်း(ICON MODEL FORECAST)အရ - 

    ကျောက်ဆည်မြို့မြောက်ဘက် - စဉ့်ကိုင်၊ တံတားဦး၊ မန္တလေး၊ ပြင်ဦးလွင်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်၊ တကောင်း စသည့်မြို့နယ်များနှင့် 

    ကျောက်ဆည်မြို့တောင်ဘက် - မိတ္ထီလာ၊ သာစည်၊ မလှိုင်၊ ကျောက်ပန်းတောင်၊ ပုပ္ပါး၊ ပျော်ဘွယ်၊ ရမည်းသင်း၊ တပ်ကုန်း၊ နေပြည်တော်နယ်မြေ၊ ပျဉ်းမနား၊ လယ်ဝေး စသည့်မြို့နယ်များတွင် ၇ ရက်အတွင်းရရှိနိုင်သည့်မိုးရေချိန် ၂ လက်မ မှ ၃ လက်မအထိ ရှိနိုင်/မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်ပြီး၊ 

    မလှိုင်မြို့အနောက်ဘက်၊ ကျောက်ပန်းတောင်းနှင့် ပုပ္ပါးမြောက်ဘက်ရှိ -  ပုဂံ-ညောင်ဦး၊ မြင်းခြံ၊ ငသရောက် စသည့် မြို့နယ်များနှင့်၊ မြစ်သားမြို့အရှေ့ဘက်မှ မြို့နယ်/ကျေးရွာများတွင် ၇ ရက်အတွင်းရရှိနိုင်သည့်မိုးရေချိန် ၀.၃ လက်မ မှ ၁ လက်မအထိသာ ရှိနိုင်ပြီး မိုးနည်းရာမှမိုးအလွန်နည်းနေနိုင်ပါမယ်။ 

    မန္တလေးတိုင်းအတွင်းမှာ တောင်ဘက်၊ အနောက်တောင်ဘက်တို့မှ လေတိုက်နှုန်း တစ်နာရီ မိုင် ၂၀ မှ ၂၅ မိုင်အထိရှိနိုင်ပြီး မွန်းလွဲညနေပိုင်းနှင့် နံနက်အစောပိုင်းအချိန်များတွင် မိုးထစ်ချုန်းရွာနိုင်မည့်အခြေအနေများဖြစ်ပေါ်နေနိုင်ပါမယ်။ 

    လေထုစိုထိုင်းဆ ၄၀% မှ ၆၀% အထိရှိနေပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၃၆°C နှင့် အနိမ့်ဆုံး ည အပူချိန် ၂၅°C ရှိနိုင်ပါတယ်။ 

    မန္တလေးမြို့ပေါ်တွင် လေထုစိုထိုင်းဆ ၆၀% မှ ၇၀% အထိ ရှိနေနိုင်ပြီး ခံစားရသည့်အပူချိန်(Temperature Feels Like) ၄၀°C အထိရှိနေနိုင်ပါတယ်။ 

    လေထုညစ်ညမ်းမှုအညွှန်းကိန်း - AQI က မန္တလေးတိုင်းတောင်ဘက်၊ နေပြည်တော်နယ်မြေအတွင်းမှာ ၄၀ အထိရှိနိုင်ပြီး အန္တရာယ်မရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါး၊ပုစွန်ကန်များ ရေညှိပေါက်နေခြင်းအတွက် အကြံပြုချက် 

    ခုတလော ငါး၊ပုစွန်မွေးမြူရေးကန်ပိုင်ရှင်များက ရေညှိဖယ်ရှားရန် နည်းလမ်းများ မေးလာတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။ 

    ငါးမွေးကန်များတွင် ရေအရောင် စိမ်းနေရာမှ ရေညှိဖတ်များ/ ဂျယ်လီတုံးကလေးများ ဖြစ်လာခြင်းသည် အပင်မျှောလှေးများ သေကြေပျက်စီးခြင်းကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်နေပါက တစ်ဧကလျှင် ဒုတ္တာ(ကောပါးဆာလဖိတ်) ၆၀ ကျပ်သားမှ ၈၀ ကျပ်သားအထိသုံးစွဲနိုင်ပါသည်။ 

    အသုံးပြုနည်းမှာ - ဒုတ္ထာ ၆၀ သားကို အင်္ကျီစ သို့မဟုတ် ပိတ်စလေးများနှင့် အထုပ်လေးတွေထုပ်ပြီး တိုင်မှာချည်ပါ။ ပြီးရင် ရေမျက်မှာပြင်အောက် ၄-၆ လက်မခန့်မှာ နှစ်ပြီးတိုင်ကို စိုက်ထားပေးပါ။ နေရာစိပ်စိပ်၊ တိုင်များများစိုက်နိုင်ရင် ပိုကောင်းပါသည်။။ 

    ထို့ကြောင့် ငါးမွေးမြူရေးနှင့်ပတ်သတ်ပြီး အကြံဉာဏ်ရယူလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။   

    ---------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
6
comments
0
views
2728