cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရှမ်းပြည်နယ် ဇူလိုင်လ ၅ ရက် မှ ဇူလိုင်လ ၁၁ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း အမြင့်ဆုံးလေတိုက်နှုန်းတစ်နာရီ ၂၅ မိုင်အထိရှိနိုင်ပါသည်။ ယခုရက်သတ္တပါတ်တစ်ပါတ်အတွင်း ရှမ်းပြည်နယ်တစ်ခုလုံး၏ လေထုစိုထိုင်းဆ ၉၅% မှ ၁၀၀% ရှိနေမှာဖြစ်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၂၅°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၀°C ခန့် ရှိနိုင်ပါမယ်။
  • ဇူလိုင်လ ၅ ရက် မှ ၁၁ ရက်အထိ ၇ ရက်တာကာလအတွင်း၊ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ အားပျော့သောကုန်းတွင်းလေဖိအားနည်းရပ်ဝန်းဆက်လက်တည်ရှိနေနိုင်သောကြောင့် အနောက်တောင်မုတ်သုံလေအားဆက်လက်ကောင်းနေနိုင်ခြင်းမှအပ ပင်လယ်ပြင်တွင် ထူးခြားသောမိုးလေဝသအခြေအနေဖြစ်ပေါ်နိုင်ခြင်းမရှိပါ။ 

    ·          ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၇ ရက်အတွင်းရွာသွန်းနိုင်သည့်မိုးရေချိန် ၃ လက်မနှင့်အထက်ရှိနိုင်ပြီး၊ ၂၄ နာရီအတွင်းမိုးရွာသွန်းခြင်း ၀.၁ လက်မခန့် - အနည်းငယ်သာရှိနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၇ ရက်အတွင်းရွာသွန်းသည့်မိုးရေချိန် ၆ လက်မနှင့်အထက်ရှိနိုင်ပြီး၊ ၂၄ နာရီအတွင်းမိုးရွာသွန်းခြင်း ၁.၅ လက်မ ခန့်ရှိနိုင်ပါမယ်။ (တာမိုးညဲ/နမ့်ဖက်ကာဒေသ) 

    ·          ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၇ ရက်အတွင်းရွာသွန်းသည့်မိုးရေချိန် ၇ လက်မနှင့်အထက်ရှိနိုင်ပြီး၊ ၂၄ နာရီအတွင်း မိုးရွာသွန်းခြင်း ၀.၈ လက်မ မှ ၂.၂ လက်မခန့်ရှိနိုင်ပါမယ်။ (မိုင်းပေါက်/ဟိုတောင်း/မိုင်းယန်းဒေသ) 

    ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ ခန့်အထိ ရှိနိုင်ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း အမြင့်ဆုံးလေတိုက်နှုန်းတစ်နာရီ ၂၅ မိုင်အထိရှိနိုင်ပါသည်။ 

    ယခုရက်သတ္တပါတ်တစ်ပါတ်အတွင်း ရှမ်းပြည်နယ်တစ်ခုလုံး၏ လေထုစိုထိုင်းဆ ၉၅% မှ ၁၀၀% ရှိနေမှာဖြစ်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၂၅°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၀°C ခန့် ရှိနိုင်ပါမယ်။ 

    ရှမ်းပြည်နယ်၏ ပျမ်းမျှလေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI) အမြင့်ဆုံး “၂၀” ရှိပြီး အန္တရာယ်မရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါးသားပေါက်ကန်ပြုစုခြင်း အကြံပြုချက် 

    ငါးသားပေါက်ပြုစုရာတွင် ကန်ပြင်ဆင်ခြင်းလုပ်ငန်းစတင်ချိန်တွင် တစ်ဧက ထုံး ၂၄၈ပိဿာ ပက်သင့်ပါသည်။ 

    ကန်အတွင်းသို့ ရေစသွင်းလျှင် သဲရေစစ်ကို အသုံပြုပြီး ထည့်သွင်းပါ။ 

    ရေအနက်သည် ငါးမှုန် ဘဝ တွင် (၂)ပေသာ ထားရှိရပါမည်။ 

    ရက် ၂၀ ကျော်ပါက ၆လက်မခန့်ထပ်မံဖြည့်သွင်းပေးပါ။ 

    ကန်အတွင်း ငါးရိုင်းများနှင့် သားစားငါးများကင်းရှင်းစေရန်သည် အဓိကကျပါသည်။ ငါးသားပေါက်မွေးရာတွင် ငါးမျိုးစိတ် တစ်မျိုးတည်းသာ ထည့်သွင်းပါ၊ ရေနှော မွေးမြူခြင်းမျိုး မဖြစ်စေသင့်ပါ။ 

    --------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
4
comments
0
views
3102