cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲခူးတိုင်း ဇူလိုင် ၈ ရက် မှ ဇူလိုင် ၁၄ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ပဲခူးတိုင်းအနောက်ခြမ်း၊ ရခိုင်ရိုးမတောင်ခြေနှင့်ကပ်လျှက်ဒေသတွေမှာ အနောက်ဘက်မှ လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ ခန့်အထိရှိနိုင်ပြီး မုတ်သုံကာလ (မိုးရာသီအတွင်းဖြစ်ပေါ်တတ်တဲ့ “စိုစွတ်စိုက်ဆင်းလေပြင်း” Wet-Downburst ကို သတိပြုကြရပါမယ်။ စိုစွတ်စိုက်ဆင်းလေပြင်းကျတဲ့ဒေသတွေမှာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်းဖြစ်နိုင်ပြီး အချိန်တိုအတွင်းမှာသာ ဖြစ်တတ်ပါတယ်။
  • ဘင်္ဂလားပင်လယ်အော်မှာ အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်၊ ကုန်းတွင်းမှာဆက်လက်ဖြစ်ပေါ်နေဆဲ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းကြောင့် အနောက်တောင်မုတ်သုံလေအားကောင်းနေတဲ့အပြင် တောင်တရုတ်ပင်လယ်က တိုင်ဖွန်းမုန်တိုင်း DANAS အကြွင်းအကျန်တိမ်တိုက်များနှင့် အရှေ့လေပွေလှိုင်းများဝင်ရောက်နေတဲ့ ကာလအတွင်းမှာ မြန်မာတစ်နိုင်ငံလုံး မိုးအားပိုလာနိုင်သော်လည်း မိုးအလွန်များတဲ့အခြေအနေမျိုးတော့ မရှိနိုင်၊ နေ့စဉ်ပုံမှန်မုတ်သုံမိုးရွာနိုင်တဲ့အခြေအနေမျိုးသာ တွေ့ရပါမယ်။။ 

    ပဲခူးတိုင်းအနောက်ခြမ်းမှာ ၇ ရက်အတွင်း ရရှိနိုင်တဲ့ မိုးရေချိန်ပမာဏက ပဲခူးတိုင်းအရှေ့ခြမ်းမှာ ရွာသွန်းရရှိနိုင်တဲ့ မိုးရေချိန်ပမာဏထက်တော့ ပျမ်းမျှခြင်းအားဖြင့် နည်းနေမယ်။ ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီ၊ လက်ပံတန်း၊ မင်းလှအထိ ကျန်ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်များထက် မိုးရေချိန်ရရှိနိုင်မှုအနည်းငယ်ပိုနိုင်ပါမယ်။ 

    ပဲခူးတိုင်းအနောက်ခြမ်း၊ ရခိုင်ရိုးမတောင်ခြေနှင့်ကပ်လျှက်ဒေသတွေမှာ အနောက်ဘက်မှ လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ ခန့်အထိရှိနိုင်ပြီး မုတ်သုံကာလ (မိုးရာသီအတွင်းဖြစ်ပေါ်တတ်တဲ့ “စိုစွတ်စိုက်ဆင်းလေပြင်း” Wet-Downburst ကို သတိပြုကြရပါမယ်။ စိုစွတ်စိုက်ဆင်းလေပြင်းကျတဲ့ဒေသတွေမှာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်းဖြစ်နိုင်ပြီး အချိန်တိုအတွင်းမှာသာ ဖြစ်တတ်ပါတယ်။ 

    စိုက်ဆင်းလေပြင်းအကြောင်း အသေးစိတ်လေ့လာချင်ရင် ဒီ link မှာ ရှင်းပြပေးထားပါတယ် - https://www.mmweather.org/special-weather-situation/downburst 

    ပဲခူးတိုင်းရဲ့ အမြင့်ဆုံးနေ့အပူချိန်က ၃၂°C မှ ၃၃°C အထိရှိနိုင်ပြီး လေထုစိုထိုင်းဆ ၈၀% မှ ၁၀၀% အထိရှိနေမှာကြောင့် လေတိုက်နှုန်းလျော့နည်းချိန်မှာ ပူအိုက်စွတ်စိုပြီး ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့နယ်မှာ ခံစားရတဲ့အပူချိန်(Temperature feels like) ၄၀°C အထိရှိနိုင်ပါမယ်။ 

    အခုရက်သတ္တပါတ် ၁ ပါတ်အတွင်း ပဲခူးတိုင်းအရှေ့ခြမ်းရဲ့ လေထုညစ်ညမ်းမှုအညွှန်းကိန်းက ၆၀ နဲ့ ပဲခူးတိုင်းအနောက်ခြမ်းမှာ ၂၀ ခန့်သာရှိနိုင်ပြီး အန္တရာယ်ရှိသည့်အခြေအနေမဟုတ်ပါ။ ပဲခူးတိုင်းအရှေ့ခြမ်း၊ ပဲခူးရိုးမတစ်လျှောက်နဲ့ ပဲခူးရိုးမအနောက်ခြမ်း ပြည်မြို့ဝန်းကျင်မှာ တောင်ယာမီးရှို့ခြင်းကြောင့်ထွက်ပေါ်တဲ့ လေထုအတွင်း ကာဗွန်မိုနောက်ဆိုက်ပါဝင်မှုနှုန်းက ၄၂၀ ppbv(ppm) အထိရှိနေပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    စိုက်ပျိုးရေးအကြံပြုချက် 

    • လက်ရှိ မိုးစပါးစိုက်တောင်သူများ စပါးပင်ငယ်စဥ် ရွက်လိပ်ရွက်ကပ်ပိုးကျရောက်မှုနဲ့ ပတ်သတ်ပြီး မေးမြန်းလာသဖြင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။ 
    • ရွက်လိပ်ရွက်ကပ်ပိုးသည် စပါးတွင်အရေးကြီးဖျက်ပိုးမဟုတ်သော်လည်း အပင်ကြီးထွားချိန်တွင်ကျရောက်ပါက အပင်အစာချက်လုပ်မှုကိုထိခိုက်နိုင်သည်။ 
    • မိုးများ၍ ရာသီဥတုအေးမြေသောအခြေအနေသည် ရွက်လိပ်ရွက်ကပ်ပိုးပွားများမှုကို အားပေးပါသည်။ 
    • ဒါကြောင့် စပါးပင်ငယ်စဥ်တွင် နိုက်ထရိုဂျင်ပုလဲမြေဩဇာကို အလွန်အကျွံထည့်သွင်းခြင်းမလုပ်ပါနဲ့။ 
    • ပိုတက်စီယမ် (K) + ဆီလီကာ (Si) မြေဩဇာကိုအဓိကထည့်သွင်းပေးပါ။ 
    • စိုက်ခင်းရေထုတ်ပြီးမှ ပိုးသတ်ဆေးကိုဖျန်းပါ။ 
    • ရွက်လိပ်ရွက်ကပ်အတွက်အသုံးပြုနိုင်သော ဓာတုဆေးများ- Cartap hydrochloride, Chlorantraniliprole, Monosultap 

    မွေးမြူရေး အကြံပြုချက် 

    မိမိကန်အတွင်းသို့ ငါးသားပေါက်များမထည့်မှီ ငါးသားပေါက်များ၏ ကျန်းမာရေးကောင်း၊ မကောင်းကို အောက်ပါအတိုင်းစစ်ဆေးသင့်ပါသည်။ 

    (၁)ငါး၏ခန္ဓာပုံမှန် ၊မမှန် နှင့် ကိုယ်ခန္ဓာ အရောင်အဆင်းတောက်ပနေရမည်။ 

    (၂)အကြေးခွံကျွတ်ခြင်း နှင့် ဆူးတောင်များမကျိုးပဲ့စေရပါ။

    (၃)ငါးများထည့်ထားသော ရေပုံးတွင် လက်ဖြင့်ရေစီးကြောင်းဖန်တီးပေးပါက ငါးသန်များသည် ရေစီးကြောင်းနှင့်ဆန့်ကျင်ဖက်သို့‌ ရွေ့လျားကူးခတ်နေပါမည်။ 

    ငါး၏ကျန်းမာရေးကို ကြည့်ရှု့ပြီးနောက် အဆိုပါ ငါးများကို ကန်အတွင်း တိုက်ရိုက်ထည့်ခြင်းထက် ၊ ဆား ဖျော်ရည် (သို့မဟုတ်) ပိုတက်စီယမ်ပါမင်းဂနိတ် ဆေးဖျော်ရည်တွင် အနည်းငယ်စိမ်ပြီးလွှတ်ပါက ငါးတွင် ကပ်ပါလာသော ပိုးမွှားများကို ရှင်းလင်းနိုင်ပါသည်။ 

     ------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
1
comments
0
views
3558