ရန်ကုန်ဈေးကွက်ရှိ ကြက်သွန်နီစျေးကွက် သုံးသပ်ချက်
- ရန်ကုန်ဈေးကွက်ရှိ ကြက်သွန်နီ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဆိပ်ဖြူရှယ်(သစ်) စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၆၀၀/-ကျပ်၊ ဆိပ်ဖြူလတ်ကြီး ပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာ လျှင် ၁၅၀၀/-ကျပ်၊ ဆိပ်ဖြူလတ်သန့် စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၄၀၀/-ကျပ်၊ ဆိပ်ဖြူလတ်ချော စျေး နှုန်းမှာ တစ်ပိဿာလျှင် ၈၅၀/-ကျပ်အထိလည်းကောင်း၊ အသီးသီးဈေးပေါက်နေပါတယ်။ - ၂၀၂၅ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လ နှိုင်းယှဉ်ခြင်း - ၂၀၂၅ ခုနှစ်၊ မေလ ကြက်သွန်နီ ပျမ်းမျှဈေးနှုန်းကို ယခင်လ ( ဇွန်လ) ပျမ်းမျှဈေးနှုန်းနှင့် နှိုင်းယှဉ်သော် အမျိုးအစားအားလုံးနီးပါးစျေးငြိမ်နေပြီး စျေးအပြောင်းအလဲကတော့ တော်တော်နည်းတာ တွေ့ရပါတယ်။ ဆိပ်ဖြူရှယ်(သစ်)၊ကြက်သွန်နီ (ဆိပ်ဖြူလတ်သန့်) စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၀/-ကျပ် တက်လာပြီး၊ ဆိပ်ဖြူလတ်ကြီး ပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာ လျှင် ၁၄/-ကျပ်နှုန်း တက်လာသော်လည်း ဆိပ်ဖြူလတ်ချော စျေး နှုန်းမှာ တစ်ပိဿာလျှင် ၈၈/-ကျပ် နီးပါး ကျဆင်းလာတာကို တွေ့ရပါတယ်။ - ၂၀၂၅ ခုနှစ် လအလိုက်သုံးသပ်ခြင်း - ၂၀၂၅ ခုနှစ် ဇူလိုင်လ ပထမပတ် အထိ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဆိပ်ဖြူရှယ်(သစ်) ၏ ဇန်နဝါရီလ တွင်တစ်ပိဿာ ပျမ်းမျှဈေးနှုန်းမှာ ၂၈၇၂/-ကျပ်၊ ဖေဖော်ဝါရီ တွင်တစ်ပိဿာ ပျမ်းမျှဈေးနှုန်းမှာ ၂၈၀၅/-ကျပ်နှင့် မတ်လတွင် ၂၀၃၆/- ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ ၁၈၀၀/ကျပ် နှင့် မေလတွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၆၈၀/ကျပ်၊ ဇွန်လတွင်တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၅၉၀/ကျပ်၊ ဇူလိုင်လတွင်တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၆၀၀/ကျပ် ဖြင့် သီးသီးဈေး ပေါက်နေပါတယ်။ - ဆိပ်ဖြူလတ်ကြီး ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလ တွင် တစ်ပိဿာ လျှင် ၂၉၀၆/- ကျပ်၊ ဖေဖော်ဝါရီလ တွင် တစ်ပိဿာ လျှင် ၂၇၈၈/- ကျပ်၊ မတ်လတွင် ၂၀၆၆/-ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ ၁၇၃၄/ကျပ် နှင့် မေလ တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၅၈၁/ကျပ်၊ ဇွန်လ တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၄၈၆/ကျပ်၊ဇူလိုင်လ တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၅၀၀/ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။ - ဆိပ်ဖြူလတ်သန့် ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလ တွင် တစ်ပိဿာ လျှင် ၂၆၇၂/- ကျပ်၊ ဖေဖော်ဝါရီလ တွင် တစ်ပိဿာ လျှင် ၂၇၀၂/- ကျပ်၊ မတ်လတွင် ၁၉၉၆/-ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ ၁၆၂၀/ကျပ် နှင့် မေလတွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၄၇၄/ကျပ်၊ ဇွန်လ တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၃၉၀/ကျပ်၊ဇူလိုင်လ တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၄၀၀/ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။ - ဆိပ်ဖြူလတ်ချော ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလ တွင် တစ်ပိဿာ လျှင် ၁၈၂၂/- ကျပ်၊ ဖေဖော်ဝါရီလ တွင် တစ်ပိဿာ လျှင် ၁၉၁၂/- ကျပ်၊ မတ်လတွင် ၁၄၃၉/-ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ ၁၁၃၄/ကျပ် နှင့် မေလ တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၉၇၄/ကျပ်၊ ဇွန်လ တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၉၁၉/ကျပ်၊ဇူလိုင်လ တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၈၁၃/ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။ - ဈေးကွက် သုံးသပ် ခန့်မှန်းချက် - စားဖိုဆောင်သီးနှံ ကြက်သွန်နီ၏ တစ်ပိသာ စျေးနှုန်းများကို သုံးသပ်ကြည့်ပါက ပထမ ခြောက်လအတွင်း စျေးက တဖြေးဖြေး နဲ့ ကျလာတာတွေ့ရပါတယ်။ ပြည်တွင်းကြက်သွန်နီစျေးကွက်က အကျစျေး မှာပဲဆက်ရှိနေပြီး စျေးကွက်အေးနေရခြင်းမှာ ပြည်ပတင်ပို့မှုမရှိနည်းနေခြင်းကြောင့် လည်းကောင်း FOB စျေးလည်းကျလာတာကြောင့်လဲ ဖြစ်နိုင်ကြောင်း ပွဲရုံတွေကသုံးသပ်ထားကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။ - ကျေးဇူးတင်ပါတယ်ခင်ဗျာ။ - ထွက်တိုး - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
