cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရှမ်းပြည်နယ် ဇူလိုင်လ ၁၉ ရက် မှ ဇူလိုင်လ ၂၅ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
၇ ရက်အတွင်းရရှိနိုင်မည့် မိုးရေချိန်ပမာဏအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့ပိုင်းတို့မှ တရုတ်/လာအို/ထိုင်းနိုင်ငံနယ်နိမိတ်များအနီးမှဒေသတွေမှာ မိုးရချိန် ၆ လက်မ မှ ၈လက်မအထက်အထိရရှိနိုင်ပြီး၊ အရှေ့ဘက်နယ်စပ်နှင့် ကွာဝေးသော ရှမ်းပြည်နယ်ဒေသတွေမှာ ၇ ရက်မိုးရေချိန် ၂ လက် မှ ၃ လက်အထိသာ ရရှိနိုင်ပါတယ်။
  • တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်း WIPHA(09W)က တိုင်ဖွန်းမုန်တိုင်းအဆင့်အထိမရောက်နိုင်ပဲ၊ အနောက်ဘက် - ဗီယက်နမ်၊ လာအိုနိုင်ငံများမှတဆင့် ရွေ့လျားဝင်ရောက်လာနိုင်တဲ့ မုန်တိုင်းအကြွင်းအကျန်များကြောင့် မိုးရွာသွန်းနိုင်ချေကလည်း မူလကြိုတင်ခန့်မှန်းချက်များထက် လျော့နည်းနိုင်ပါတယ်။ 

    ထို့အပြင် ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်အတွင်းဖြစ်ပေါ်လာနိုင်တဲ့ ဘင်္ဂလားပင်လယ်အော်မှ လေပွေလှိုင်းကြောင့်လည်း အရှေ့ဘက်မှရွေ့လျားဝင်ရောက်လာမည့် မုန်တိုင်းအကြွင်းအကျန်များကို လျော့နည်းစေနိုင်မှာဖြစ်ကြောင်း တွေ့ရပါတယ်။ 

    ယခုတပတ်အတွင်း ရှမ်းပြည်နယ်အတွင်း မိုးရွာနိုင်မည့်အခြေအနေများကိုလေ့လာကြည့်တဲ့အခါ - 

    ·          ရှမ်းပြည်နယ်တောင်ပိုင်းမှာ နေ့စဉ် ၂၄ နာရီအတွင်းမိုးရေချိန် ၃၀ မီလီမီတာ(၁.၂ လက်မခန့်)ရွာနိုင်ပြီး မိုးအသင့်အတင့်သာရွာနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေ့စဉ် ၂၄ နာရီအတွင်းမိုးရေချိန် ၂၀ မီလီမီတာဝန်းကျင်(၀.၈ လက်မ - ၁ လက်မအောက်)ရွာနိုင်ပြီး မိုးအသင့်အတင့်ရွာနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ နေ့စဉ် ၂၄ နာရီ မိုးရေချိန် ၃၀ မီလီမီတာနှင့် ဇူလိုင် ၂၃ ရက် မှာ ၂၄ နာရီ မိုးရေချိန် ၄၀ မီလီမီတာအထက်(၁.၅ လက်မ ရွာသွန်းနိုင်ပြီး မိုးအသင့်ရွာတာထက် အနည်းငယ်ပိုနိုင်ပါတယ်။ 

    ·          ၇ ရက်အတွင်းရရှိနိုင်မည့် မိုးရေချိန်ပမာဏအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့ပိုင်းတို့မှ တရုတ်/လာအို/ထိုင်းနိုင်ငံနယ်နိမိတ်များအနီးမှဒေသတွေမှာ မိုးရချိန် ၆ လက်မ မှ ၈လက်မအထက်အထိရရှိနိုင်ပြီး၊ အရှေ့ဘက်နယ်စပ်နှင့် ကွာဝေးသော ရှမ်းပြည်နယ်ဒေသတွေမှာ ၇ ရက်မိုးရေချိန် ၂ လက် မှ ၃ လက်အထိသာ ရရှိနိုင်ပါတယ်။ 

    ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ယခုတစ်ပါတ်အတွင်း အနောက်တောင်ဘက်မှ လေတိုက်နှုန်းအမြင့်ဆုံး တစ်နာရီ ၁၅ မိုင်မှ ၂၅ မိုင်ရှိနိုင်ပါတယ်။ 

    အမြင့်ဆုံးပျမ်းမျှနေ့အပူချိန် ၂၉°C နဲ့ အနိမ့်ဆုံးပျမ်းမျှညအပူချိန် ၂၀°C ခန့်ရှိနိုင်ကာ၊ ဒေသအလိုက်လေထုစိုထိုင်းဆ ၆၀% မှ ၁၀၀%အကြားကွာခြားမှုရှိနိုင်ပါမယ်။ 

    ရှမ်းပြည်နယ်တစ်ခုလုံးရဲ့ လေထုညစ်ညမ်းမှုအခြေအနေ AQI INDEX VALUE က “၃၀” အောက်မှာ ရှိနေပြီး စိုးရိမ်ရသည့်အခြေအနေမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ရှမ်းပြည်နယ်အတွင်း အာလူးစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    ရှမ်းပြည်နယ်အတွင်း အာလူးစိုက်ပျိုးရာတွင် နှောင်းပင်နာကျရောဂါမှာ အာလူးပင်၏ အစိတ် အပိုင်းများအားလုံးနှင့် မြေအောက်အာလူးသီးအထိပါ ရောဂါလက္ခဏာတွေ့ရသည်။ အောက်ရွက်၏ အနား(သို့မဟုတ်) အဖျားတွင် ရေနာကွက်စတင်ဖြစ်ပေါပြီး ရက်အနည်းငယ်အတွင်း အညိုမည်း (သို့မဟုတ်) ခရမ်းမည်းရောင်အကွက်များ ဖြစ်ပေါ်လာတတ်ပါသည်။ နှောင်းပင်နာကျရောဂါ မြင်ရမှ ဆေးစဖျန်းလျှင် ကာကွယ်နိုင်ရန် မလွယ်ကူပါ။ 

    ကာကွယ်နိုင်ရန်လိုက်နာရမည့် အချက်များမှာ - 

    • ခံနိုင်ရည်ရှိမျိုးများ ပြောင်းလဲစိုက်ပျိုးပါ။ 
    • မျိုးရင်းဝင်မတူညီသော သီးနှံဖြင့် သီးလှည့်စိုက်ပျိုးပေးပါ။ 
    • မှိုသတ်ဆေးကို အာလူးစိုက်ပြီး မိုးဖြိုင်ဖြိုင်စရွာသည့်ကာလတွင် (#မိုးမရွာသည့် မနက်ပိုင်း၌ အချိန်လု၍) စတင်ပက်ဖျန်းပါ။ 
    • မိုးအုံ့မှိုင်းခြင်း၊ မိုးဆက်တိုက်ရွာခြင်းများ ရက်ဆက်ဆိုသလို ဖြစ်ပေါ်နေပါက မိုး အခြေအနေကို ကြည့်၍ ၅ ရက်ခြားမှ ၁၀ရက်ခြားထပ်မံဖျန်းပါ။ 
    • ဓာတုဆေးအနေနဲ့ အသုံးပြုရမည့်မှိုသတ်ဆေးများမှာ ပင်လုံးပြန့်အာနိသင်ရှိသည့် Metalaxyl၊Cymoxanil၊ Propamocarb hydrochloride တို့အား သုံးနိုင်ပါသည်။  

    ငါး၊ ပုစွန်ကန်များ ရေညှိပေါက်နေခြင်းအတွက် အကြံပြုချက်  

    ခုတလော ငါး၊ပုစွန်မွေးမြူရေးကန်ပိုင်ရှင်များက ရေညှိဖယ်ရှားရန် နည်းလမ်းများ မေးလာတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။  

    ငါးမွေးကန်များတွင် ရေအရောင် စိမ်းနေရာမှ ရေညှိဖတ်များ/ ဂျယ်လီတုံးကလေးများ ဖြစ်လာခြင်းသည် အပင်မျှောလှေးများ သေကြေပျက်စီးခြင်းကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်နေပါက တစ်ဧကလျှင် ဒုတ္တာ(ကောပါးဆာလဖိတ်) ၆၀ ကျပ်သားမှ ၈၀ ကျပ်သားအထိသုံးစွဲနိုင်ပါသည်။  

    အသုံးပြုနည်းမှာ - ဒုတ္ထာ ၆၀ သားကို အင်္ကျီစ သို့မဟုတ် ပိတ်စလေးများနှင့် အထုပ်လေးတွေထုပ်ပြီး တိုင်မှာချည်ပါ။ ပြီးရင် ရေမျက်မှာပြင်အောက် ၄-၆ လက်မခန့်မှာ နှစ်ပြီးတိုင်ကို စိုက်ထားပေးပါ။ နေရာစိပ်စိပ်၊ တိုင်များများစိုက်နိုင်ရင် ပိုကောင်းပါသည်။။  

    ထို့ကြောင့် ငါးမွေးမြူရေးနှင့်ပတ်သတ်ပြီး အကြံဉာဏ်ရယူလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။    

    ----------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
2
comments
0
views
3789