cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း ဇူလိုင်လ ၂၁ ရက် မှ ဇူလိုင်လ ၂၇ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ရန်ကုန်တိုင်းတစ်ခုလုံးတွင် ၇ ရက် မိုးရေချိန် ၃.၅ လက်မ မှ ၁၂ လက်မအထိရရှိနိုင်ပြီး၊ ပင်လယ်ကမ်းရိုးတန်းအနီးဒေသများ-မြို့နယ်/ကျေးရွာများတွင် ၇ ရက်အတွင်းရွာသွန်းနိုင်သည့် မိုးရေချိန်ပိုမိုရရှိနိုင်ကာ၊ ကုန်းတွင်းပိုင်းမှဒေသများ- မြို့နယ်/ကျေးရွာများတွင် မိုးရေချိန်ရရှိမှုလျော့နည်းမည်ဖြစ်ပါတယ်။
  • ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဇူလိုင် ၂၃ ရက်/၂၄ ရက်နေ့များတွင် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းနှင့် တောင်တရုတ်ပင်လယ်ဘက်မှရွေ့လျားဝင်ရောက်လာမည့် တိုင်ဖွန်းမုန်တိုင်း WIPHA အကြွင်းအကျန်မိုးတိမ်များ၊ လေပွေလှိုင်းများကြောင့် မြန်မာနိုင်ငံတွင် နေရာအနှံ့အပြားမိုးရွာသွန်းနိုင်သော်လည်း၊ မိုးအနည်းအများနှင့် မိုးသည်းထန်နိုင်သည့်အခြေအနေများမတူ/ခြားနားနေနိုင်ပါမယ်။ 

    ရန်ကုန်တိုင်းတစ်ခုလုံးတွင် ၇ ရက် မိုးရေချိန် ၃.၅ လက်မ မှ ၁၂ လက်မအထိရရှိနိုင်ပြီး၊ ပင်လယ်ကမ်းရိုးတန်းအနီးဒေသများ-မြို့နယ်/ကျေးရွာများတွင် ၇ ရက်အတွင်းရွာသွန်းနိုင်သည့် မိုးရေချိန်ပိုမိုရရှိနိုင်ကာ၊ ကုန်းတွင်းပိုင်းမှဒေသများ- မြို့နယ်/ကျေးရွာများတွင် မိုးရေချိန်ရရှိမှုလျော့နည်းမည်ဖြစ်ပါတယ်။ နေ့စဉ်မိုးရွာသွန်းနိုင်/ခေတ္တမျှမိုးသည်းထန်နိုင်သော်လည်း တိုင်းတခုလုံး ၂၄ နာရီအတွင်း ပျမ်းမျှမိုးရေချိန် ၁.၂ လက်မ အောက်သာလျှင် ရရှိနိုင်ပါမယ်။ 

    ယခုတပါတ်အတွင်း - 

    ·          အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ အထိရှိနိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ပါမယ်။ 

    ·          လေထုစိုထိုင်းဆ ၈၀% မှ ၁၀၀% အထိရှိနေပြီး၊ ရန်ကုန်မြို့တွင်းမြို့နယ်များမှာ ခံစားရသည့်အပူချိန် ၃၅°C အထိရှိနိုင်ပါမယ်။ 

    ·          ယခုတပါတ်အတွင်း လေထုညစ်ညမ်းမှုအညွှန်းကိန်း 20 to 30 ရှိနိုင်ပြီး လေထုအတွင်းကာဗွန်မိုနောက်ဆိုဒ်ပါဝင်သည့်ပမာဏလည်း မများနိုင်ပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများထံသို့... 

    စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် 

    • လက်ရှိဆိုးရွားစွာကျနေသော ဂုတ်ကျိုးရောဂါအတွက် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။ 
    • ဂုတ်ကျိုးရောဂါက အရွက်၊ပင်စည်၊ရွက်ဖုံး၊အဆစ်၊ အနှံ အကုန်လုံးမှာ ကျရောက်တတ်ပါတယ်။ 
    • ရောဂါပြင်းထန်လွန်းရင် အမြစ်ထိကျရောက်နိုင်တဲ့ရောဂါဖြစ်ပါတယ်။ 
    • အပူချိန်နိမ့်ပြီး စိုထိုင်းဆများတဲ့အခြေအနေ၊ ရေအကြာကြီးနစ်မြုပ်ပြီးပြန်ကျသွားတဲ့ အခြေအနေက ရောဂါကိုပိုပြီးအားပေးပါတယ်။ 
    • ဂုတ်ကျိုးရောဂါဆိုးရွားစွာကျရောက်ပါက နိုက်ထရိုဂျင်ယူရီးယားမြေဩဇာကို တစ်ချိန်တည်းအများကြီးမထည့်ပါနဲ့၊ အကြိမ်ရေခွဲထည့်ပေးပါ။ 
    • ဂုတ်ကျိုးကျဖူးသောစိုက်ခင်းတွင် စပါးရက် ၂၀ သားတွင် Tricyclazole 20 g/ 20 l နှုန်းထားနဲ့ တစ်ကြိမ်၊ ရောဂါစတင်တွေ့ရပါက Tricyclazole + Cyprodinil ၊ ရောဂါပြန့်နှံ့လာပါက Isoprothiolane 20% တို့ကို အသုံးပြုနိုင်ပါတယ်။ 
    • ဂုတ်ကျိုးကျခဲ့ဖူးတဲ့အခင်းကမျိုးကို နောက်ရာသီမှာပြန်မစိုက်ပါနဲ့။ 

    ငါး၊ ပုစွန်ကန်များအတွက် အကြံပြုချက် 

    မိုးမရွာမှီကာလတွင် ငါးမွေးကန်အတွင်း ရေဩဇာရှိနေပြီး ကန်ရေ၏ချဉ်ဖန်နှုန်းမှာလည်း (၇) အထက်ရှိနေတတ်ပါသည်။ ကန်ရေ၏ အပူချိန်လည်း ၂၈ ဒီဂရီစင်တီဂရိတ် အထက်ရှိနေကြသောကြောင့် ငါးများပုံမှန် အစာစားခြင်း၊ ပုံမှန်ကြီးထွားခြင်း ရှိနေကြပါသည်။ 

    မိုးအဆက်မပြတ်ရွာသွန်းပြီး နေရောင်ခြည်လည်း ကောင်းစွာမရသဖြင့် ကန်အတွင်း အက်စစ်ဓာတ်များပြီး ကန်ရေ၏ချဉ်ဖန်နှုန်းသည် (၇)အောက်ရောက် ရှိလာပါမည်။ pH 5.5 အထိကျဆင်းတတ်ပါသည်။ မိုးအုံံ့ပြီး နေရောင်ခြည်မရသောကြောင့် ကန်အတွင်း အလင်မှီ အစာချက်လုပ်နိုင်ခြင်း မရှိသောကြောင့် ကန်ရေ၏ ဩဇာလည်း ကျဆင်းပျောက်ဆုံးသွားပါသည်။ ထို့အတူ ကန်အတွင်း ပျော်ဝင်အောက်စီဂျင် ရရှိမှုလည်း ကျဆင်းလာပါသည်။ ကန်ရေ၏ အပူချိန်လည်း ၂၅ ဒီဂရီစင်တီဂရိတ်မှ ‌အောက်သို့ ကျဆင်းလာသည်ကိုလည်း တွေ့ရှိရပါမည်။ ထိုအချက်များကြောင့် ကန်‌ရေ အရည်အသွေးများသည် သတ်မှတ်ချက်စံများ မမှီသဖြင့် ငါးများအပေါ် ဖိစီးမှုများ ကျရောက်လာပါသည်။ 

    ထို့ကြောင့် ငါးမွေးမြူရေးနှင့်ပတ်သတ်ပြီး အကြံဉာဏ်ရယူလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ 

    ------ 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
0
views
2464