cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်း ဇူလိုင်လ ၂၃ ရက် မှ ဇူလိုင်လ ၂၉ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မကွေးမြို့နှင့် မင်းဘူးမြို့အပါအဝင် ကျန်မြို့နယ်များမှာ၊ မိုးအနည်းငယ်မှ မိုးအသင့်အတင့် ၂၄ နာရီ မိုးရေချိန် ၃၀ မီလီမီတာ(၁.၂ လက်မအောက်)ရွာသွန်းရရှိနိုင်ပါမယ်။ ဇူလိုင် ၂၅ ရက် မှ ၂၉ ရက်အထိ မိုးအားပြန်လည်လျော့နည်းသွားနိုင်ပါတယ်။
  • ဇူလိုင် ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင်ဖြစ်လာနိုင်သည့် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းနှင့် အရှေ့ဘက်မှ ရွေ့လျားဝင်ရောက်လာနိုင်သည့် တိုင်ဖွန်းမုန်တိုင်း WIPHA အကြွင်းအကျန်မိုးတိမ်များကြောင့် ဇူလိုင် ၂၃ ရက် နံနက် ၆ နာရီမှ နောက် ၇၂ နာရီအတွင်း(ဇူလိုင် ၂၆ ရက် နံနက် ၆ နာရီအထိ)၊ မြန်မာနိုင်ငံအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းပြီး၊ နေရာကွက်၍ မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးရေချိန်ရရှိမှုများခြင်း(မိုးများခြင်း)များ ဖြစ်ပေါ်နိုင်ပါတယ်။ 

    မကွေးတိုင်း မြောက်ပိုင်း၊ ထီးလင်း၊ ကျောက်ထု၊ ပေါက်၊ ဆော၊ ကျော နှင့် ဂန့်ဂေါမြို့နယ်များတွင်လည်းကောင်း၊ မကွေးတိုင်း အနောက်ပိုင်း ငဖဲ မြို့နယ်တွင်လည်းကောင်း၊ မကွေးတိုင်း အရှေ့-အရှေ့တောင်တောင်ဘက် ပဲခူးရိုးမတောင်ကြောအနောက်ဘက်မှ တောင်တွင်းကြီး၊ နတ်မောက်၊ မြို့သစ်၊ တံခွန်တိုင်၊ သမုန်းကုန်းကြီး၊ ကုလားရှင်၊ ပုလင်းပြား၊ အောင်လံ၊ မြေဒူး၊ သရက်၊ မင်းတုန်း မြို့နယ်/ခရိုင်/ကျေးရွာများတွင်လည်းကောင်း ဇူလိုင် ၂၄ ရက်နေ့တွင် မိုးသည်းထန်နိုင်ပြီး၊ ၂၄ နာရီအတွင်း မိုးရေချိန် ၁.၂ လက် မှ ၄.၁၂ လက်မအထိ မိုးအသင့်အတင့်မှ မိုးများနိုင်ပါမယ်။ မကွေးမြို့နှင့် မင်းဘူးမြို့အပါအဝင် ကျန်မြို့နယ်များမှာ၊ မိုးအနည်းငယ်မှ မိုးအသင့်အတင့် ၂၄ နာရီ မိုးရေချိန် ၃၀ မီလီမီတာ(၁.၂ လက်မအောက်)ရွာသွန်းရရှိနိုင်ပါမယ်။ ဇူလိုင် ၂၅ ရက် မှ ၂၉ ရက်အထိ မိုးအားပြန်လည်လျော့နည်းသွားနိုင်ပါတယ်။ 

    ဇူလိုင် ၂၃ ရက် မှ ၂၉ ရက်အထိ မကွေးတိုင်းအတွင်း အနောက်တောင်ဘက်မှ လေပြင်း တစ်နာရီ မိုင် ၃၀ မှ တစ်နာရီ ၄၅ မိုင်အထိ တိုက်ခတ်နိုင်(လေပြင်းကျနိုင်မည့်အခြေအနေဖြစ်ပေါ်နိုင်)ပါတယ်။ 

    ယခုတစ်ပါတ်အတွင်း မကွေးတိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၆°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၂°C ရှိနိုင်ပါတယ်။ လေထုစိုထိုင်းဆ ၉၀% နှင့် ၁၀၀% အတွင်းရှိနေနိုင်ပါမယ်။ လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI)သည်လည်း ယခုတပါတ်အတွင်းမှ ၂၀ - ၃၀ ခန့်ရှိနိုင်ပြီး လေထုညစ်ညမ်းခြင်းမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါး၊ ပုစွန်ကန်များအတွက် အကြံပြုချက်  

    မိုးမရွာမှီကာလတွင် ငါးမွေးကန်အတွင်း ရေဩဇာရှိနေပြီး ကန်ရေ၏ ချဉ်ဖန်နှုန်းမှာလည်း (၇) အထက်ရှိနေတတ်ပါသည်။ ကန်ရေ၏ အပူချိန်လည်း ၂၈ ဒီဂရီစင်တီဂရိတ် အထက်ရှိနေကြသောကြောင့် ငါးများပုံမှန် အစာစားခြင်း၊ ပုံမှန်ကြီးထွားခြင်း ရှိနေကြပါသည်။  

    မိုးအဆက်မပြတ်ရွာသွန်းပြီး နေရောင်ခြည်လည်း ကောင်းစွာမရသဖြင့် ကန်အတွင်း အက်စစ်ဓာတ်များပြီး ကန်ရေ၏ချဉ်ဖန်နှုန်းသည် (၇)အောက်ရောက် ရှိလာပါမည်။ ၅.၅ အထိကျဆင်းတတ်ပါသည်။ နေရောင်ခြည်မရသောကြောင့် ကန်အတွင်း အလင်မှီ အစာချက်လုပ်နိုင်ခြင်း မရှိတော့ဘဲ ကန်ရေဩဇာဓာတ်လည်း ကျဆင်းပျောက်ဆုံးသွားပါသည်။ ထို့အတူ ကန်အတွင်း ပျော်ဝင်အောက်စီဂျင် ရရှိမှုလည်း ကျဆင်းလာပါသည်။ ကန်ရေ၏ အပူချိန်လည်း ၂၅ ဒီဂရီစင်တီဂရိတ်မှ ‌အောက်သို့ ကျဆင်းလာသည်ကိုလည်း တွေ့ရှိရပါမည်။ ထိုအချက်များကြောင့် ကန်‌ရေ အရည်အသွေးများသည် သတ်မှတ်ချက်စံများ မမှီသဖြင့် ငါးများအပေါ် ဖိစီးမှုများ ကျရောက်လာပါသည်။  

    ထို့ကြောင့် ငါးမွေးမြူရေးနှင့်ပတ်သတ်ပြီး အကြံဉာဏ်ရယူလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။  

    ------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
3
comments
0
views
3157