cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၃ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ယခုတစ်ပတ်အတွင်း နေ့စဉ်မိုးရွာသွန်းနိုင်မည့်အခြေအနေနှင့်ပါတ်သက်၍ - ရန်ကုန်တိုင်းအတွင်း ဇူလိုင် ၂၈ ရက်နေ့အထိ ၂၄ နာရီ မိုးရေချိန် ၀.၅ လက်မအထက် (အများဆုံး ၀.၈၇ လက်မ)ရွာသွန်းရရှိနိုင်ပြီး ဇူလိုင် ၂၉ မှ ဩဂုတ်လဆန်း ပထမပါတ်အထိမိုးရေချိန် ၀.၅ လက်မအောက်သာရွာသွန်းနိုင်ပြီး မိုးအားလျော့နည်းသွားနိုင်ပါမည် ။
  • ယခုတစ်ပါတ်အတွင်း ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ် ပင်လယ်ပြင်တို့တွင်၊ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းစသည့် ထူးခြားမိုးလေဝသအခြေအနေများဖြစ်ပေါ်ရန် မရှိပဲ ဩဂုတ်လဆန်းပိုင်း ဒုတိယရက်သတ္တပါတ်မှ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေပွေလှိုင်းတစ်ခုမှ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိပါသည်။ ဇူလိုင် ၂၈-၂၉ ရက်နောက်ပိုင်းတွင် မုတ်သုံလေအားအသင့်အတင့်မှအနည်းငယ်သို့လျော့ကျပြီး မြန်မာတစ်နိုင်ငံလုံး၌ မိုးအားလျော့နည်းသွားနိုင်ကြောင်း ခန့်မှန်းရပါသည်။။ 

    ယခုတစ်ပါတ်အတွင်း မိုးရွာသွန်းနိုင်သည့်အခြေအနေခန့်မှန်းချက် 

    ·          ဇူလိုင် ၂၈ ရက် မှ ဩဂုတ် ၃ ရက်အထိ (၇ ရက်အတွင်း) ပင်လယ်ကမ်းရိုးတန်းအနီးမြို့နယ်/ဒေသများတွင် မိုးရေချိန် ၄ လက်မအထက်ရရှိနိုင်ပြီး ကျန်ရန်ကုန်တိုင်းအတွင်းမှ မြို့နယ်များတွင် ၇ ရက် မိုးရေချိန် ၄ လက်မအောက်ရရှိနိုင်ပြီး နေ့စဉ်နေသာချိန် ၄ နာရီ မှ ၅ နာရီ အထိရှိလာနိုင်ပါသည်။ 

    ·          ယခုတပါတ်အတွင်း နေ့စဉ်မိုးရွာသွန်းနိုင်မည့်အခြေအနေနှင့်ပါတ်သက်၍ - ရန်ကုန်တိုင်းအတွင်း ဇူလိုင် ၂၈ ရက်နေ့အထိ ၂၄ နာရီ မိုးရေချိန် ၀.၅ လက်မအထက် (အများဆုံး ၀.၈၇ လက်မ)ရွာသွန်းရရှိနိုင်ပြီး ဇူလိုင် ၂၉ မှ ဩဂုတ်လဆန်း ပထမပါတ်အထိမိုးရေချိန် ၀.၅ လက်မအောက်သာရွာသွန်းနိုင်ပြီး မိုးအားလျော့နည်းသွားနိုင်ပါမည် 

    ·          ရန်ကုန်တိုင်းတွင်မိုးလယ်ကာလအတွင်း နေ့စဉ်နေရာကွက်၍ မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်မည့်အခြေအနေကတော့ ရှိနေဆဲဖြစ်ပါတယ်။ 

    ရန်ကုန်တိုင်းရဲ့ လေထုစိုထိုင်းဆ ၈၀% နှင့် ၁၀၀% ရှိနေပြီး အမြင့်ဆုံး နေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၆°C ရှိနေပါတယ်။ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၈ မိုင်မှ ၂၂ မိုင်ရှိနေပြီး၊ လေငြိမ်တဲ့အချိန်တွေမှာ Feels Like Temperature - ခံစားရသည့်အပူချိန် ၃၈°C အထိရှိနိုင်ပါမယ်။  

    လေထုညစ်ညမ်းမှုအခြေအနေတွေမှာ AQI value နဲ့ လေထုအတွင်း ကာဗွန်မိုနောက်ဆိုဒ်ပါဝင်မှုပမာဏတွေကတော့ စိုးရိမ်ရတဲ့အခြေအနေမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါးမှုန်ကန် ပြုစု၊ အစာကျွေးနည်း 

    ငါးမှုန်အရွယ်ကို (၃)ရက်ကျော်မှ အစာကျွေးခြင်းကိုဆောင်ရွက်ရာတွင် ငါးမှုန်များ၏ ပါးစပ် ပေါက်ကလေးများသည် သေးငယ်ပြီး အရည်ကိုသာ စားသုံးနိုင်ကြသဖြင့် အာဟာရပြည့်ဝသော အရည် (ပဲဖတ်)ရည်ကို ကျွေးပေးရပါသည်။ ငါးမှုန်ဘဝတွင် ပဲဖတ်ရည်ကို တစ်နေ့ (၃-၄)ကြိမ် ပက်ပေးခြင်းဖြင့် သက်ရှင် ကြီးထွားနိုင်ပါသည်။ (၇)ရက်မှ (၁၀)ရက်ကြာသောအချိန်တွင် ပေါင်ဒါကဲ့သို့ အမှုန့်ဖြစ်သောအမှုန့် အစာကို ကျွေးနိုင်ပါသည်။ ဥပမာအားဖြင့် ဇကာချထားသောဖွဲနု နှင့် ပဲမှုန့်ဖတ် ရောပြီး ကျွေးနိုင်ပါသည်။ အစာစက်ရုံများမှ ထုတ်လုပ်သောအစာများကိုကျွေးနိုင်ပါက ပိုမိုကောင်းမွန် အဆင်ပြေပါသည်။ ငါးမှုန်အရွယ်တွင် ပရိုတိန်း (၃၅)ရာခိုင်နှုန်းပါသောအစာကျွေးပါက ကြီးထွား နှုန်းမြန်ပါသည်။ 

    ----   

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ   

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


likes
2
comments
0
views
2551