ရန်ကုန်တိုင်း ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၃ ရက်အထိ မိုးလေဝသအခြေအနေ
- ယခုတစ်ပါတ်အတွင်း ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ် ပင်လယ်ပြင်တို့တွင်၊ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းစသည့် ထူးခြားမိုးလေဝသအခြေအနေများဖြစ်ပေါ်ရန် မရှိပဲ ဩဂုတ်လဆန်းပိုင်း ဒုတိယရက်သတ္တပါတ်မှ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေပွေလှိုင်းတစ်ခုမှ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိပါသည်။ ဇူလိုင် ၂၈-၂၉ ရက်နောက်ပိုင်းတွင် မုတ်သုံလေအားအသင့်အတင့်မှအနည်းငယ်သို့လျော့ကျပြီး မြန်မာတစ်နိုင်ငံလုံး၌ မိုးအားလျော့နည်းသွားနိုင်ကြောင်း ခန့်မှန်းရပါသည်။။ - ယခုတစ်ပါတ်အတွင်း မိုးရွာသွန်းနိုင်သည့်အခြေအနေခန့်မှန်းချက် - · ဇူလိုင် ၂၈ ရက် မှ ဩဂုတ် ၃ ရက်အထိ (၇ ရက်အတွင်း) ပင်လယ်ကမ်းရိုးတန်းအနီးမြို့နယ်/ဒေသများတွင် မိုးရေချိန် ၄ လက်မအထက်ရရှိနိုင်ပြီး ကျန်ရန်ကုန်တိုင်းအတွင်းမှ မြို့နယ်များတွင် ၇ ရက် မိုးရေချိန် ၄ လက်မအောက်ရရှိနိုင်ပြီး နေ့စဉ်နေသာချိန် ၄ နာရီ မှ ၅ နာရီ အထိရှိလာနိုင်ပါသည်။ - · ယခုတပါတ်အတွင်း နေ့စဉ်မိုးရွာသွန်းနိုင်မည့်အခြေအနေနှင့်ပါတ်သက်၍ - ရန်ကုန်တိုင်းအတွင်း ဇူလိုင် ၂၈ ရက်နေ့အထိ ၂၄ နာရီ မိုးရေချိန် ၀.၅ လက်မအထက် (အများဆုံး ၀.၈၇ လက်မ)ရွာသွန်းရရှိနိုင်ပြီး ဇူလိုင် ၂၉ မှ ဩဂုတ်လဆန်း ပထမပါတ်အထိမိုးရေချိန် ၀.၅ လက်မအောက်သာရွာသွန်းနိုင်ပြီး မိုးအားလျော့နည်းသွားနိုင်ပါမည်။ - · ရန်ကုန်တိုင်းတွင်မိုးလယ်ကာလအတွင်း နေ့စဉ်နေရာကွက်၍ မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်မည့်အခြေအနေကတော့ ရှိနေဆဲဖြစ်ပါတယ်။ - ရန်ကုန်တိုင်းရဲ့ လေထုစိုထိုင်းဆ ၈၀% နှင့် ၁၀၀% ရှိနေပြီး အမြင့်ဆုံး နေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၆°C ရှိနေပါတယ်။ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၈ မိုင်မှ ၂၂ မိုင်ရှိနေပြီး၊ လေငြိမ်တဲ့အချိန်တွေမှာ Feels Like Temperature - ခံစားရသည့်အပူချိန် ၃၈°C အထိရှိနိုင်ပါမယ်။ - လေထုညစ်ညမ်းမှုအခြေအနေတွေမှာ AQI value နဲ့ လေထုအတွင်း ကာဗွန်မိုနောက်ဆိုဒ်ပါဝင်မှုပမာဏတွေကတော့ စိုးရိမ်ရတဲ့အခြေအနေမရှိပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများထံသို့... - စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် - ဘက်တီးရီးယားရွက်ခြောက်ကျနေသော စိုက်ခင်းများအတွက် သီးနှံကာကွယ်နှိမ်နင်းခြင်းနည်းလမ်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
- နိုက်ထရိုဂျင်ပုလဲယူရီးယားမြေသြဇာကို အလွန်အကျွံမသုံးပါနဲ့၊ အကြိမ်ရေခွဲထည့်ပေးပါ။
- ဘက်တီးရီးယားရွက်ခြောက် (BLB) ကျရောက်နေပါက အပင်မယိုင်လဲစေရန် အရွက်ဖြတ်တာမျိုးမလုပ်ပါနဲ့၊ ရောဂါကိုပိုပြီးအားပေးနိုင်ပါတယ်။
- အသုံးပြုနိုင်သောဓာတုဆေးများ - Copper oxychloride, Copper tribasic sulphate, Bismerthiazol
- ရေနစ်မြုပ်သွားသော စပါးခင်းများအနေဖြင့် အရင်ဆုံးစပါးခင်းကိုရေထုတ်ပေးပါ။
- EM (အီးအမ်)ကို မြေကြီးနားကပ်ပြီး ဖျန်းပေးပါ။
- ဖျန်းပြီး နောက် ၃ ရက်မှာ အစိုဓာတ်အပင်ခြေ ၂ လက်မလောက် ရဖို့လိုတယ်။
- ထို့နောက် တစ်ဧကကို နိုက်ထရိုဂျင်ယူရီးယား (N) ၄ပုံ၁ပုံ+ ပိုတက်ရှ် (K) ၂ပုံ၁ပုံ ထည့်ပေးပါ။
 - ငါးမှုန်ကန် ပြုစု၊ အစာကျွေးနည်း - ငါးမှုန်အရွယ်ကို (၃)ရက်ကျော်မှ အစာကျွေးခြင်းကိုဆောင်ရွက်ရာတွင် ငါးမှုန်များ၏ ပါးစပ် ပေါက်ကလေးများသည် သေးငယ်ပြီး အရည်ကိုသာ စားသုံးနိုင်ကြသဖြင့် အာဟာရပြည့်ဝသော အရည် (ပဲဖတ်)ရည်ကို ကျွေးပေးရပါသည်။ ငါးမှုန်ဘဝတွင် ပဲဖတ်ရည်ကို တစ်နေ့ (၃-၄)ကြိမ် ပက်ပေးခြင်းဖြင့် သက်ရှင် ကြီးထွားနိုင်ပါသည်။ (၇)ရက်မှ (၁၀)ရက်ကြာသောအချိန်တွင် ပေါင်ဒါကဲ့သို့ အမှုန့်ဖြစ်သောအမှုန့် အစာကို ကျွေးနိုင်ပါသည်။ ဥပမာအားဖြင့် ဇကာချထားသောဖွဲနု နှင့် ပဲမှုန့်ဖတ် ရောပြီး ကျွေးနိုင်ပါသည်။ အစာစက်ရုံများမှ ထုတ်လုပ်သောအစာများကိုကျွေးနိုင်ပါက ပိုမိုကောင်းမွန် အဆင်ပြေပါသည်။ ငါးမှုန်အရွယ်တွင် ပရိုတိန်း (၃၅)ရာခိုင်နှုန်းပါသောအစာကျွေးပါက ကြီးထွား နှုန်းမြန်ပါသည်။ - ---- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
