ပဲခူးတိုင်း ဇူလိုင်လ ၂၉ ရက် မှ ဩဂုတ်လ ၄ ရက်အထိ မိုးလေဝသအခြေအနေ
- ယခုရက်သတ္တပါတ် ၁ ပါတ်အတွင်း၊ ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ပင်လယ်များတွင် ဖြစ်ပေါ်လျှက်ရှိသည့် အပူပိုင်းမုန်တိုင်း CO-MAY နှင့် အားကောင်းသောတိုင်ဖွန်းမုန်တိုင်း KROSA တို့သာရှိနေပြီး၊ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်၊ ထိုင်းပင်လယ်ကွေ့၊ တောင်တရုတ်ပင်လယ်တို့တွင် လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းစသည် ဖြစ်ပေါ်ခြင်းမရှိပါ။ CO-MAY နှင့် KROSA တို့သည်လည်း မြန်မာနိုင်ငံနှင့် မိုင် ၁၆၀၀ ကျော်ဝေးကွာပြီး အရှေ့ဘက်သို့ဆက်လက်ရွေ့လျားမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံဘက်သို့ မုန်တိုင်းအရှိန်သက်ရောက်နိုင်ခြင်းမရှိပါ။ - · ပဲခူးတိုင်းအရှေ့ခြမ်း၊ စစ်တောင်းမြစ်ရိုးတစ်လျှောက်နှင့် ပဲခူးတိုင်းတောင်ဘက်၊ ပဲခူးမြို့အပါအဝင် မုတ္တမကွေ့ ပင်လယ်ကမ်းခြေအနီးဒေသရွာများတွင် ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မခွဲအထက်၊ ၆ လက်မကျော်အထိရွာသွန်းရရှိနိုင်ပြီး၊ ပဲခူးရိုးမအနောက်ဘက်ခြမ်းဒေသများတွင် ၁ လက်မခန့်မှ ၄လက်မခန့်အထိ၊ ပြည်မြို့အနောက်ဘက်ရွာများတွင် မိုးရေချိန်ရရှိနိုင်မှု အလွန်နည်းနေမှာဖြစ်ပါတယ်။ - · ပဲခူးတိုင်းအတွင်း ဇူလိုင် ၂၉ ရက်နှင့် ၃၀ ရက်နောက်ပိုင်းမှ စတင်၍ ဩဂုတ်လ ပထမ ရက်သတ္တပါတ် ၁ ပါတ်ကုန်ဆုံးသည်အထိ မိုးအားလျော့နည်းလာပြီး နေ့စဉ်မိုးရေချိန်ရရှိမှု လက်မဝက်အောက်(၀.၅ လက်မအောက်)သာရွာသွန်းရရှိနိုင်ပါမယ်။ - · ယခု ၁ ပါတ်အတွင်းမှာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ ၂၂ မိုင်အထိရှိနိုင်ပြီး အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ၊ လေထုစိုထိုင်းဆ ၇၀% မှ ၉၀% နှင့် ခံစားရသည့်အပူချိန်(Apparent Temperature) ၃၈°C ရှိနေနိုင်ပါမယ်။ - · မုတ္တမကွေ့ပင်လယ်ကမ်းနီးဒေသများတွင် လှိုင်းအမြင့် ၃ ပေခန့် ဒီရေတက်ချိန်တွင် လှိုင်းအမြင့် ၃.၈ ပေခန့်အထိရှိနိုင်ပါတယ်။ - ပဲခူးတိုင်း၊ ပဲခူးမြို့ပေါ်မှ လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value 120 ရှိနိုင်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးမကောင်းသူများအတွက် သတိထားရမည့် အခြေအနေဖြစ်ပါတယ်။ ပုံမှန်ကျန်းမာရေးကောင်းသူများအတွက် စိုးရိမ်စရာမရှိပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ------ - ငါးစာကျွေးရာမှာ သတိပြုသင့်သည်များအကြံပြုချက် - သတိထားရမည့်အချက်တွေကတော့ ရေအပူချိန်(၂၅)ဒီဂရီအောက်မှာ အစာကျွေးမယ်ဆိုရင် ငါးက အစာစားချင်စိတ်သိပ်မရှိတဲ့အတွက် ကျွေးသမျှ အစာကို အကုန်စားခြင်း(Active Feeding) မရှိဘဲ အစာကျန်ခြင်း နှင့် လှိုင်းပုတ်၍ကမ်းနားက ဒိုက်တွေထဲတွင် အစာတွေကပ်ကျန်ပြီး အလေ့အလွင့်ဖြစ်ကာ ကန်ရေကို ညစ်ညမ်းစေမှာဖြစ်ပါတယ်။ - နောက်အချက်ကတော့ အစာကိုအချိန်မှန်မှန် ကျွေးဖို့လိုအပ်ပါတယ်။ ဥပမာ အစာကို မနက်၉နာရီမှာ ပုံမှန်ကျွေးနေကျဆိုရင် ငါးကပုံမှန်အစာစားချိန်ကိုသိတဲ့အတွက် ကိုးနာရီထိုးခါနီးမှာ လာစောင့်နေပါတယ်။ ကျွေးနေကျအချိန် ၉နာရီမှာမကျွေးပဲ အချိန်ပြောင်းကျွေးမယ်ဆိုရင် ငါးအစုံက မသိတဲ့အတွက် လာမစားကြဘူး။ အစာကျန်ပြီးကမ်းကပ်ကာအလေအလွင့်ဖြစ်မယ်၊ ရေထဲမှာ ငါးမစားသေးတဲ့အစာတွေက အချိန်အကြာကြီးမျှောနေပြီး အစာထဲမှာပါတဲ့ ဗီတာမင်(Water Soluble Vitamin)များ ဆုံးရှုံးနိုင်ပါသည်။ အဆိုပါ Vitaminများသည် ငါးရဲ့ကိုယ်ခံအား(Immunity)ကို ကောင်းစေသောကြောင့် ၄င်းဗီတာမင်(Vitamin) တွေ အလကားဆုံးရှုံးသွားမှုမရှိအောင် အစာကို အချိန်မှန်မှန်စနစ်တကျကျွေးရပါမည်။ - -------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
