တိုင်းအလိုက်မိုးလေဝသခန့်မှန်းချက် နှင့် စိုက်/မွေးအကြံပြုချက်
- ၂ဝ၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက် မှ သြဂုတ်လ ၅ ရက် နေ့အထိ ၇ ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် - ရန်ကုန်တိုင်းအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၀) ရာခိုင်နှုန်း မှ (၈၉) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၃၀ ရက်နေ့ တွင် မိုးရွာရန် ၈၉ ရာခိုင်နှုန်း ရှိပြီး ဇူလိုင် ၃၁ ရက်မှ သြဂုတ်လ ၆ ရက်နေ့အထိ မိုးရွာရန် ၆၀-၇၅ ရာခိုင်နှုန်းသာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။ - မန္တလေးတိုင်းအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၉) ရာခိုင်နှုန်း မှ (၉၇) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၃၀ ရက်နေ့နှင့် သြဂုတ်လ ၁ ရက်နေ့များမှာတော့ မိုးရွာရန် ၈၀ ရာခိုင်နှုန်း နှင့်အထက်မှာ ရှိနိုင်ပြီး ကျန်ရက်တွေမှာတော့ မိုးရွာရန်၄၉-၇၆ရာခိုင်နှုန်း မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၆°C ရှိနိုင်ပါတယ် ခင်ဗျာ။ - နေပြည်တော်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅) ရာခိုင်နှုန်း မှ (၉၆) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ဇူလိုင်လ ၃၀ရက်နေ နှင့် သြဂုတ်လ ၁ ရက်နေ့ အထိ မိုးရွာရန် ၉၀ ရာနှုန်းနှင့်အထက်မှာ ရှိနိုင်ပါတယ်။ သြဂုတ်လ ၂၊ ၃ ရက်နေ့တို့တွင် မိုးရွာရန် ၈၀ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး ကျန်ရက်များမှာ ၇၀ ရာခိုင်နှုန်းအောက်မှာ ရှိပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ တောင်ကြီးအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀) ရာခိုင်နှုန်း မှ (၈၅) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ သြဂုတ်လ ၁၊ ၅ ရက်နေ့တို့မှာ မိုးရွာရန် ၈၀ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး ကျန်ရက်များမှာ ၄၀ မှ ၆၇ ရာခိုင်နှုန်းသာ ရှိ နိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၂၄°C နှင့် အနိမ့်ဆုံးအပူချိန် ၁၆°C ရှိနိုင်ပါတယ် ခင်ဗျာ။ - မကွေးတိုင်းအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂၅) ရာခိုင်နှုန်း မှ (၇၅) ရာခိုင်နှုန်း အထိရှိနိုင်ပါတယ်။ ဇူလိုင်လ ၃၀ ရက်နေ့မှ သြဂုတ်လ ၆ရက်နေ့အထိ မိုးရွာရန်ရာခိုင်နှုန်း ၇၅ အောက်သာရှိပါသဖြင့် ယခုအပတ်အတွင်း မိုးရွာရန် ရာခိုင်နှုန်းအနည်းငယ်သာ ရှိပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ - ဧရာဝတီတိုင်း၊ ပုသိမ်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅) ရာခိုင်နှုန်း မှ (၉၄) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၃၀၊ ၃၁ ရက် နေ့တို့မှာ မိုးရွာရန် ၉၄ ရာခိုင်နှုန်းရှိပြီး သြဂုတ်လ ၁၊၄ ရက်နေ့တို့မှာ ၈၀ ရာခိုင်နှုန်းရှိပါတယ်။ ကျန်ရက်များမှာ မိုးရွာရန် ၅၅ မှ ၇၁ ရာခိုင်နှုန်းသာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။ - မိုးနည်းနိုင်မည့်အခြေအနေကြောင့် စစ်တောင်းမြစ်အောက်ပိုင်းမှာ အများဆုံးနောက် ၃ ရက်အတွင်းမှာ ရေကျပြီး အထက်ပိုင်းကရေတွေလဲ ဆက်လက်ကျဆင်းသွားနိုင်ပါတယ်။
- ပဲခူးမြစ်အောက်ပိုင်းနဲ့ ဧရာဝတီမြစ်(မကွေးတိုင်း)မှာ မြစ်ရေကျဆင်းနိုင်တဲ့ သင်္ကေတတွေ တွေ့နိုင်ပါတယ်။
- မွန်ပြည်နယ်/ကရင်ပြည်နယ်တွေမှာတော့ ရေတန့်နေတဲ့(တည်တည်ငြိမ်ငြိမ်စီးဆင်းနေတဲ့) Stagnating flow သင်္ကေတ(အဝိုင်းပုံလေးတွေ)တွေ့ရပါမယ်။
- အများဆုံး နောက်လာမည့် ၃ ရက် ၄ ရက် မှာ မြစ်ရေကြီးခြင်းအခြေအနေများမှ လွတ်မြောက်နိုင်ကြတော့မယ်လို့ သုံးသပ်ခန့်မှန်းရပါတယ်။
 - မိုးစပါးစိုက်တောင်သူများထံသို့... - စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် - လက်ရှိ စပါးခင်းများ”ဖြုတ်”ကျနေသည်ကိုတွေ့ရသဖြင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
- ဖြုတ်က အပူချိန် ၃၄-၃၆ ဒီဂရီ၊ ပူအိုက်စိုစွတ်တဲ့အခြေအနေ၊ စိုက်ခင်းထဲစိုထိုင်းဆ( ၉၀-၁၀၀% ) ၊ စပါးခင်းထဲရေအမြဲရှိတဲ့အခြေအနေနဲ့ ယူရီးယားပုလဲမြေဩဇာ အလွန်အကျွံထည့်ထားတဲ့ စိုက်ခင်းအခြေအနေတွေမှာ အဓိကကျရောက်ပါတယ်။
- စိုစွတ်မှုများတဲ့အခြေအနေကိုကြိုက်နှစ်သက်တာကြောင့် ဖြုတ်ကျပြီဆိုတာနဲ့ ရေထုတ်ပေးဖို့လိုပါတယ်။
- ရေကို စိုတစ်လှည့်၊ခြောက်တစ်လှည့် ပြတ်တောင်းသွင်းပါ။
- ပုလဲနိုက်ထရိုဂျင်မြေဩဇာ (N) ကိုအလွန်အကျွံမထည့်ပါနဲ့။
- ပိုတက်ရှ်(K)မြေဩဇာကို အဓိကထည့်ပေးပါ။
- လေကြောင်းခွဲပေးပါ။
- ကျရောက်မှုနည်းရင် တမာဆီပြင်းအား ၃%ကို တစ်ဧက ၆လီတာနှုန်းသုံးပြီးဖျန်းနိုင်ပါတယ်။ ဓာတုဆေးအနေနဲ့ Buprofezin+Acetamiprid, Pymetrozine+ Nitnepyram, Fenobucarb+ Cyantraniliprole, Dinotefuran အဆင်ပြေရာကို ရေထုတ်ပြီးမှဖျန်းပေးပါ။
 - ငါးစာကျွေးရာမှာ သတိပြုသင့်သည်များအကြံပြုချက် - သတိထားရမည့်အချက်တွေကတော့ ရေအပူချိန်(၂၅)ဒီဂရီအောက်မှာ အစာကျွေးမယ်ဆိုရင် ငါးက အစာစားချင်စိတ်သိပ်မရှိတဲ့အတွက် ကျွေးသမျှ အစာကို အကုန်စားခြင်း(Active Feeding) မရှိဘဲ အစာကျန်ခြင်း နှင့် လှိုင်းပုတ်၍ကမ်းနားက ဒိုက်တွေထဲတွင် အစာတွေကပ်ကျန်ပြီး အလေ့အလွင့်ဖြစ်ကာ ကန်ရေကို ညစ်ညမ်းစေမှာဖြစ်ပါတယ်။ - နောက်အချက်ကတော့ အစာကိုအချိန်မှန်မှန် ကျွေးဖို့လိုအပ်ပါတယ်။ ဥပမာ အစာကို မနက်၉နာရီမှာ ပုံမှန်ကျွေးနေကျဆိုရင် ငါးကပုံမှန်အစာစားချိန်ကိုသိတဲ့အတွက် ကိုးနာရီထိုးခါနီးမှာ လာစောင့်နေပါတယ်။ ကျွေးနေကျအချိန် ၉နာရီမှာမကျွေးပဲ အချိန်ပြောင်းကျွေးမယ်ဆိုရင် ငါးအစုံက မသိတဲ့အတွက် လာမစားကြဘူး။ အစာကျန်ပြီးကမ်းကပ်ကာအလေအလွင့်ဖြစ်မယ်၊ ရေထဲမှာ ငါးမစားသေးတဲ့အစာတွေက အချိန်အကြာကြီးမျှောနေပြီး အစာထဲမှာပါတဲ့ ဗီတာမင်(Water Soluble Vitamin)များ ဆုံးရှုံးနိုင်ပါသည်။ အဆိုပါ Vitaminများသည် ငါးရဲ့ကိုယ်ခံအား(Immunity)ကို ကောင်းစေသောကြောင့် ၄င်းဗီတာမင်(Vitamin) တွေ အလကားဆုံးရှုံးသွားမှုမရှိအောင် အစာကို အချိန်မှန်မှန်စနစ်တကျကျွေးရပါမည်။ - စိုက်ပျိုးရေး နှင့် မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ - ကိုးကား။ ဆရာဦးဝင်းနိုင်၊ Accweather - ---------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
