မကွေးတိုင်း ဇူလိုင်လ ၃၀ ရက် မှ ဩဂုတ်လ ၅ ရက်အထိ မိုးလေဝသအခြေအနေ
- ယခုရက်သတ္တပါတ် ၁ ပါတ်အတွင်း၊ ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ပင်လယ်များတွင် ဖြစ်ပေါ်လျှက်ရှိသည့် အပူပိုင်းမုန်တိုင်း CO-MAY နှင့် အားကောင်းသောတိုင်ဖွန်းမုန်တိုင်း KROSA တို့သာရှိနေပြီး၊ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်၊ ထိုင်းပင်လယ်ကွေ့၊ တောင်တရုတ်ပင်လယ်တို့တွင် လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းစသည် ဖြစ်ပေါ်ခြင်းမရှိပါ။ - CO-MAY နှင့် KROSA တို့သည်လည်း မြန်မာနိုင်ငံနှင့် မိုင် ၁၆၀၀ ကျော်ဝေးကွာပြီး အရှေ့ဘက်သို့ဆက်လက်ရွေ့လျားမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံဘက်သို့ မုန်တိုင်းအရှိန်သက်ရောက်နိုင်ခြင်းမရှိပါ။ - ယခုတပါတ်အတွင်း - - · မကွေးတိုင်းမြောက်ပိုင်းမှ ထီးလင်းနှင့် ဂန့်ဂေါမြို့များတွင် ၇ ရက်အတွင်း ရရှိနိုင်သည့် မိုးရေချိန် ၁.၅ လက် မှ ၂ လက်မခန့်အထိရှိနိုင်ပြီး မကွေးတိုင်းတောင်ဘက်မှ တောင်တွင်းကြီးမြို့တွင် ၇ ရက် မိုးရေချိန် ၁ လက်မခန့်ရှိနိုင်ကာ မကွေးတိုင်းအလယ်ပိုင်းဒေသများတွင် မိုးရေချိန် ရရှိနိုင်မှု အလွန်နည်းနေနိုင်ပါသည်။ - · မကွေးတိုင်းတခုလုံးအတွက် နေ့စဉ် ပျမ်းမျှမိုးရွာသွန်းမှု အနည်းငယ်သာရှိပြီး နေ့စဉ်ရွာသွန်းနိုင်သည့် ပျမ်းမျှမိုးရေချိန် ၀.၅ လက်မခန့်သာရှိနိုင်(မိုးအလွန်နည်းနေနိုင်)ပါမည်။ - · မိုးလယ်ကာလအတွင်းဖြစ်သဖြင့် ရံဖန်ရံခါနေရာကွက်၍ မုတ်သုံမိုးရွာနိုင်သေးသည်ကိုလည်း သတိပြုရပါမည်။ - · မကွေးတိုင်းအတွင်း တောင်-အရှေ့တောင်အရပ်မှ လေတိုက်နှုန်း တနာရီ မိုင် ၂၀ မှ ၂၂ မိုင်ခန့်အထိရှိနိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၃၅°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၆°C ရှိနိုင်ပါသည်။ - · လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value 25 ခန့်သာရှိနိုင်ပြီး လေထုညစ်ညမ်းမည့်အခြေအနေမရှိပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါးမှုန်ကန် ပြုစု၊ အစာကျွေးနည်း - ငါးမှုန်အရွယ်ကို (၃)ရက်ကျော်မှ အစာကျွေးခြင်းကိုဆောင်ရွက်ရာတွင် ငါးမှုန်များ၏ ပါးစပ် ပေါက်ကလေးများသည် သေးငယ်ပြီး အရည်ကိုသာ စားသုံးနိုင်ကြသဖြင့် အာဟာရပြည့်ဝသော အရည် (ပဲဖတ်)ရည်ကို ကျွေးပေးရပါသည်။ ငါးမှုန်ဘဝတွင် ပဲဖတ်ရည်ကို တစ်နေ့ (၃-၄)ကြိမ် ပက်ပေးခြင်းဖြင့် သက်ရှင် ကြီးထွားနိုင်ပါသည်။ (၇)ရက်မှ (၁၀)ရက်ကြာသောအချိန်တွင် ပေါင်ဒါကဲ့သို့ အမှုန့်ဖြစ်သောအမှုန့် အစာကို ကျွေးနိုင်ပါသည်။ ဥပမာအားဖြင့် ဇကာချထားသောဖွဲနု နှင့် ပဲမှုန့်ဖတ် ရောပြီး ကျွေးနိုင်ပါသည်။ အစာစက်ရုံများမှ ထုတ်လုပ်သောအစာများကိုကျွေးနိုင်ပါက ပိုမိုကောင်းမွန် အဆင်ပြေပါသည်။ ငါးမှုန်အရွယ်တွင် ပရိုတိန်း (၃၅)ရာခိုင်နှုန်းပါသောအစာကျွေးပါက ကြီးထွား နှုန်းမြန်ပါသည်။ - ---- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
