အိန္ဒိယနိုင်ငံတွင် မတ်ပဲလိုအပ်ချက်ရှိနေခြင်းကြောင့် စျေးပြန်တက်လာ
- မြန်မာ့မတ်ပဲအား အဓိက ဝယ်နေသည့် အိန္ဒိယနိုင်ငံတွင် မိုးများပြီး ပဲအပျက်အစီးရှိတဲ့အတွက် ယခုနှစ်တွင် ပဲစိုက်ပျိုးမှု လျော့ကျနေခြင်းကြောင့် စျေးတက်ရပ်ပြလာခြင်း ဖြစ်သည်။ - “အိန္ဒိယဘက်မှာလဲ အထွက်လျော့တယ်။ အဓိက အိန္ဒိယ လိုအပ်ချက်ပါပဲ။ “ဟု အောင်လံမြို့မှ ပဲကုန်သည် - တစ်ဦးက ပြောသည်။ - ယခင်က ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ဇူလိုင်လ ၂၂ရက်နေ့က မတ်ပဲ FAQ စျေးတစ်တန်လျှင် ၂၉၉၃၀၀၀ ကျပ် ထိ ကျဆင်းသွားခဲ့ခြင်းဖြစ်ပြီး လက်ရှိလျှင် မတ်ပဲ တစ်တန်လျှင် ၃၀၃၀၀၀၀ ကျပ် အထိပြန်တက်လာခြင်း ဖြစ်ကြောင်းသိရသည်။ - “အိန္ဒိယက ပဲတင်သွင်းကို အခွန်ကင်းလွတ်ခွင့်ပေးထားတယ်။ လက်ရှိ မတ်ပဲ FOB စျေးက ဒေါ်လာ ၇၂၀ကနေ ၇၃၀ ထိ ရှိတယ်။ အခုတက်လာပေမဲ့ အများကြီးတော့ မကိုက်သေး မရှိသေးဘူး“ ဟု ပဲ ပြည်ပ တင်ပို့သူတစ်ဦး ကပြောသည်။ - ပြည်ပ ပေါက်စျေး FOB အနေဖြင့် မတ် ပဲ တစ်တန်လျှင် ဒေါ်လာ ၉၀၀ ထိ ရှိပြီး ပဲစိမ်းငုံ တစ်တန်လျှင် ဒေါ်လာ ၁၀၀၀ ခန့်ထိရှိကြောင်း သိရသည်။ - ပြည်တွင်းမှာ ပဲစိုက်ပျိုးမှုလျော့ကျနေပြီး ပြည်တွင်းပဲအထွက်နှုန်းမှာလည်း သွင်းအားစုစျေးနှုန်းတွေ မြင့်တက်နေမူ နှင့် အခြား ပြည်တွင်းအခက်အခဲများကြောင့် စိုက်ဧကများ လျော့ကျလျက်ရှိကြောင်းလည်း သိရသည်။ - မြန်မာနိုင်ငံမှာအဓိကစိုက်ပျိုးသည့်ပဲအမျိုးအစားတွေဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ တို့၏ စျေးနှုန်း အပြောင်းအလဲမှာ အဓိက ၀ယ်လက်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ ၏ ပဲတင်သွင်းမှုမူဝါဒအပေါ်မှာ လည်း အများကြီး သက်ဆိုင်သည်။ - ပြည်ပသို့ ပဲတန်ချိန် တစ်နှစ်လျှင် ပျမ်းမျှ တစ်သိန်းခွဲ ခန့်ထိ တင်ပို့လျှက်ရှိရာ ယခုနှစ်တွင် တင်ပို့မူ ကျဆင်းနိုင်ကြောင်း သိရသည်။ - မြန်မာနိုင်ငံ မှ ပဲများကို အိန္ဒိယနိုင်ငံသို့ ၇၅ ရာခိုင်နှုန်းထိ တင်ပို့နေ ပြီး သီရိလင်္ကာ၊ နီပေါ၊ မလေးရှား၊ ထိုင်းနဲ့ UAE နိုင်ငံများ ကို လည်း ပဲမျိုးစုံ တင်ပို့နေကြောင်းသိရသည်။ - အိန္ဒိယအစိုးရ အနေနဲ့ မတ်ပဲ လွတ်လပ်စွာ တင်သွင်းခွင့်ကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးထားကြောင်းလည်း သိရသည်။ - ဖိုးချဲ(AMIA) - ---- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
