cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရှမ်းပြည်နယ် ဩဂုတ်လ ၂ ရက် မှ ဩဂုတ်လ ၈ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်နှင့်အနီးတဝိုက်မှ ဒေသတွေမှာ ဩဂုတ်လ ၃ ရက်နေ့အထိ မိုးနည်းနေနိုင်ပြီး၊ ဩဂုတ်လ ၄/၅/၆/၇ ရက်နေ့တွေမှာ မိုးအသင့်အတင့်မှ မိုးများနိုင်(၂၄ နာရီ မိုးရေချိန် ၁ လက်မ ဝန်းကျင်မှ ၂.၅၆ လက်မအထိ ရွာသွန်းနိုင်)ပါတယ်။
  • ယခု တပါတ်အတွင်း ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်များနှင့် တောင်တရုတ်ပင်လယ်တို့တွင် ထူးခြားသောမိုးလေဝသဖြစ်စဉ်များ(လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြင်းမရှိပါ)။ မိုးလယ်ကာလပြီးဆုံးသည့် ဩဂုတ်လ ၃၁ ရက်နေ့အထိ၊ နေရာကျဲကျဲ ပုံမှန်မုတ်သုံမိုးရွာသွန်းခြင်းသာ ရှိနေနိုင်ပါမယ်။ 

    ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသများတွင် ဩဂုတ်လ ၅ ရက်နေ့အထိ မိုးအနည်းငယ်သာရွာနိုင်ပြီး ဩဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး ၂၄ နာရီအတွင်းမိုးရေချိန် ၂.၄၄ လက်အထိရွာသွန်းနိုင်ပါတယ်။ 

    ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်နှင့်အနီးတဝိုက်မှ ဒေသတွေမှာ ဩဂုတ်လ ၃ ရက်နေ့အထိ မိုးနည်းနေနိုင်ပြီး၊ ဩဂုတ်လ ၄/၅/၆/၇ ရက်နေ့တွေမှာ မိုးအသင့်အတင့်မှ မိုးများနိုင်(၂၄ နာရီ မိုးရေချိန် ၁ လက်မ ဝန်းကျင်မှ ၂.၅၆ လက်မအထိ ရွာသွန်းနိုင်)ပါတယ်။ 

    ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာ - နေသာချိန်များလာပြီး မိုးအနည်းငယ်သာရွာသွန်းနိုင်မည့် အခြေအနေရှိပါတယ်။ 

    ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသတွေမှာ တောင်ဘက်နှင့် အနောက်တောင်ဘက်အရပ်များမှ လေတိုက်နှုန်းအများဆုံး တနာရီ ၂၀ မိုင်ခန့် ရှိနိုင်ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရှေ့မြောက်အရပ်၊ တောင်အရပ်နှင့် အနောက်တောင်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၂၅ မိုင်နှင့်အထက်အထိ ရှိနိုင်ပါတယ်။ 

    ရှမ်းပြည်နယ်တခုလုံးမှာ လေထုစိုထိုင်းဆ ၁၀၀% ရှိနေနိုင်ပြီး သာမန်အားဖြင့် အမြင့်ဆုံးနေ့အပူချိန် ၂၅°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၉°C ရှိနိုင်ပြီး၊ ကျိုင်းတုံမြို့မှာ ခံစားရသည့်အပူချိန် ၃၄°C အထိရှိနိုင်ပါမယ်။ ရှမ်းပြည်နယ်ရဲ့ အခြားဒေသတွေမှာ လေထုစိုထိုင်းဆမြင့်မားမှုကြောင့် ဖြစ်ပေါ်တဲ့ ခံစားရသည့်အပူချိန်မြင့်မားခြင်းနှင့် ပုံမှန်အမြင့်ဆုံးအပူချိန်တို့ သိသာသောကွာခြားမှု မရှိပါ။ 

    ယခုတပါတ်အတွင်း ရှမ်းပြည်နယ်၏ လေထုညစ်ညမ်းမှုအခြေအနေ(AQI Value)များလည်း ကောင်းမွန်နေပါတယ်။ 

    ---------- 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ရှမ်းပြည်နယ်အတွင်း ပြောင်းစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    ရှမ်းပြည်နယ်တွင် ပြောင်းစိုက်တောင်သူမေးမြန်းလာသောငမြောင်တောင်ဖျက်ပိုးမှာ သားလောင်းများသည် အရွက်များကို ရိုးပြတ်ငုတ်တိုများဖြစ်အောင် ဖျက်ဆီးတတ်သည်။ အရွက်များကို အပေါက်များဖြစ်အောင် စားပြီး နောက်ပိုင်းတွင် အရွက်တစ်ရွက်လုံး ကုန်အောင် စားသောက်ဖျက်ဆီးသည်။ ငမြှောင်တောင်သည် မြက်များနှင့် အစေ့အဆန်အပင်များကို ပို၍ စားသောက်ဖျက်ဆီးတတ်သည်။ 

    ကာကွယ်နှိမ်နင်းနည်းများ 

    • စိုက်ခင်းဝန်းကျင်ရှိ ပေါင်းမြက်များကို နှိမ်နင်းပေးပါ။ 
    • သီးလှည့်စိုက်ပျိုးပါ။ 
    • ဥမြှုံများကို ကောက်ယူဖျက်ဆီးပေးပါ။ 
    • ငမြှောင်တောင် အရေအတွက်ကို စစ်ဆေးနိုင်ရန် မီးထောင်ချောက်များနှင့် ဖီရယ်မုန်းများကို အသုံးပြုပေးပါ။ 
    • ပိုတက်ရှ်မြေဩဇာကျွေးပေးပါ။ 
    • ပိုးသတ်ဆေးများအား မနက်စောစောနှင့် ညနေပိုင်းတွင် ဖျန်းပေးပါ။ 
    • ပိုးသတ်ဆေး အသုံးပြုလိုပါက Emamectin Benzoate၊ Lambda Cyhalothrin၊ Indoxacarb တို့အားတစ်လှည့်စီ အလှည့်ကျ သုံးပေးပါ 

    ငါး၊ ပုစွန်ကန်များအတွက် အကြံပြုချက်  

             မိုးရွာသွန်းမှုများသော ကာလဖြစ်သောကြောင့် ငါးမွေးကန်ဘောင်များအား မြှင့်ထားရန် အကြံပြုအပ်ပါသည်။ ငါးမွေးကန်၏ ဘောင်ထိပ်မှ (၆)လက်မအကွာအောက်တွင် ‌ရေလျှံပေါက်များ ကြိုတင်တပ်ဆင်ထားသင့်ပါသည်။ ကန်ဘောင်ပေါ်မှ ‌ရေလျှံထွက်ခြင်း နှင့် ပြင်ပမှ ‌ရေကျော်ဝင်ခြင်းများ ဟန့်တားရန် သဲအိတ်များကို စီချထားသင့်သည်။ ကန်ပတ်ပတ်တွင် အမြင့် (၄)ပေရှိ ပိုက်စိမ်းများကို ခိုင်ခံ့စွာ ကာရန်ပေးထားခြင်းဖြင့် သဘာဝဘေးကို ကြိုတင်ကာကွယ်နိုင်ပါသည်။ 

    ရေ၏ချဉ်ဖန်နှုန်းကို တိုင်းတာပြီး pH ၅.၅ သို့ရောက်ရှိနေပါက တစ်ဧကလျှင် ထုံး ၁၅ မှ ၂၀ပိဿာအထိ ထည့်သွင်းပေးရန် အကြံပြုအပ်ပါသည်။ မိုးအုံ့သော/ မိုးရွာသောအချိန်များတွင် အစာကျွေးခြင်း မပြုလုပ်ရန် (သို့မဟုတ်) အစာကျွေးပါကလည်း ယခင်ကျွေးသောနှုန်းထက် အနည်းဆုံး ၂၀ ရာခိုင်နှုန်း လျှော့ကျွေးပေးပါရန် အကြံပြုအပ်ပါသည်။ 

    ------   

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
3
comments
0
views
2978