ပြည်နယ်တိုင်းအားလုံးအတွက် ဩဂုတ်လ ၂ ရက် မှ ဩဂုတ်လ ၈ ရက်အထိ မိုးလေဝသအခြေအနေ
- ယခု တပါတ်အတွင်း ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်များနှင့် တောင်တရုတ်ပင်လယ်တို့တွင် ထူးခြားသောမိုးလေဝသဖြစ်စဉ်များ(လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြင်းမရှိပါ)။ မိုးလယ်ကာလပြီးဆုံးသည့် ဩဂုတ်လ ၃၁ ရက်နေ့အထိ၊ ပုံမှန်မုတ်သုံမိုး နေရာကျဲကျဲ ရွာသွန်းခြင်းသာ ရှိနေနိုင်ပါမယ်။ - ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်းတို့တွင် ၇ ရက်အတွင်း နေရာကွက်၍ မိုးရေချိန် ၈ လက်မကျော်အထိ ရွာသွန်းရရှိနိုင်ပါတယ်။ ဩဂုတ်လ ၂ ရက် ၄ ရက်နှင့် ၈ ရက်နေ့တွေမှာ မိုးများနိုင်/မိုးသည်းထန်နိုင်ပါတယ်။ - နေပြည်တော်၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းမြောက်ပိုင်းနှင့်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်းတွေမှာ မိုးအသင့်အတင့် ထစ်ချုန်းရွာနိုင်ပြီး နေရာကွက်၍ ခေတ္တမျှ မိုးသည်းထန်နိုင်ပါမယ်။ ရွာရန်ရာခိုင်နှုန်း ၅၀ မှ ၇၀ ခန့်ထိရှိနိုင်ပါတယ်။ - မကွေးတိုင်းအလယ်ပိုင်းနှင့် မန္တလေးတိုင်းအနောက်ဘက်ခြမ်း၊ ပဲခူးတိုင်းအနောက်ဘက်ခြမ်းဒေသတွေမှာတော့ မိုးအနည်းငယ်(၇ ရက်အတွင်း မိုးရေချိန် ၁ လက်မ ခွဲခန့်မှ ၃ လက်မခန့်)နေရာကျဲကျဲရွာသွန်းနိုင်ပါမယ်။ ရွာရန်ရာခိုင်နှုန်းအားဖြင့်လည်း ၅၀% အောက်သာရှိနိုင်ပါမယ်။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ------ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
