cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း ဩဂုတ်လ ၄ ရက် မှ ဩဂုတ်လ ၁၀ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ပင်လယ်ကမ်းခြေနားနီးတဲ့ ရန်ကုန်တောင်ပိုင်းမြို့နယ်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၅ လက်မခန့်အထိ ရွာသွန်းနိုင်ပြီး၊ ရန်ကုန်တိုင်းမြောက်ပိုင်းမြို့နယ်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၄ လက်မခန့်၊ ရန်ကုန်မြို့တွင်းမြို့နယ်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မအောက် ရွာသွန်းရရှိနိုင်ပါတယ်။
  • ယခု တပါတ်အတွင်း ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်များနှင့် တောင်တရုတ်ပင်လယ်တို့တွင် ထူးခြားသောမိုးလေဝသဖြစ်စဉ်များ(လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြင်းမရှိပါ)။ ဩဂုတ်လ ၁၅-၁၆ ရက်များမှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ မြောက်ဘက်(ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံနယ်စပ် ကမ်းရိုးတန်းဘက်)သို့ ဆက်လက်ရွေ့လျားနိုင်ပါတယ်။ ဒီတစ်ပါတ်အတွင်းမှာတော့ မုတ်သုံလေအား အသင့်အတင့်သာရှိနိုင်ပြီး ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတွေမှာသာလျှင် နေရာစိပ်စိပ်မိုးများနိုင်တာရှိပါမယ်။ 

    ·          ရန်ကုန်တိုင်းတစ်ခုလုံးမှာ အခုရက်သတ္တပါတ် ၁ ပါတ်အတွင်း မိုးအနည်းငယ်(၂၄ နာရီအတွင်း မိုးရေချိန် ၁ လက်မ အောက်)ရွာနိုင်ပါမယ်။ 

    ·          ပင်လယ်ကမ်းခြေနားနီးတဲ့ ရန်ကုန်တောင်ပိုင်းမြို့နယ်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၅ လက်မခန့်အထိ ရွာသွန်းနိုင်ပြီး၊ ရန်ကုန်တိုင်းမြောက်ပိုင်းမြို့နယ်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၄ လက်မခန့်၊ ရန်ကုန်မြို့တွင်းမြို့နယ်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မအောက် ရွာသွန်းရရှိနိုင်ပါတယ်။ 

    ·          ယခု ၁ ပါတ်အတွင်း ရန်ကုန်တိုင်းတစ်ခုလုံးရဲ့ ပျမ်းမျှတိမ်ဖုံးအုပ်သည့်အခြေအနေ - နံနက်အစောပိုင်းတွင် ၄၀% ခန့်နှင့် မွန်းလွဲ/ညနေပိုင်းတွေမှာ ၉၀% ခန့် ရှိနိုင်ပါမယ်။ 

    ·         ရန်ကုန်တိုင်းအတွင်း တောင်/အနောက်တောင်အရပ်မှ လေတိုက်နှုန်း တစ်နာရီ ၁၅ မိုင်မှ မိုင်၂၀ အထိ တိုက်ခတ်နိုင်ပြီး၊ လေထုစိုထိုင်းဆ ၇၀% မှ ၁၀၀% ကြားတွင် ပြောင်းလဲနေနိုင်ပါတယ်။ 

    ·         အမြင့်ဆုံးနေ့အပူချိန် ၃၃°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၆°C ရှိနိုင်ပြီး၊ လေထုစိုထိုင်းဆမြင့်မား၍ လေငြိမ်နေချိန်များမှာ ခံစားရသည့်အပူချိန် ၃၉°C မှ ၄၀°C အထိရှိနိုင် ပူအိုက်နေနိုင်ပါတယ်။ 

    ·         ရန်ကုန်တိုင်းပင်လယ်ကမ်းရိုးတန်းအနီးပင်လယ်ပြင်မှာ တောင်-အနောက်တောင်ဘက်မှ လှိုင်းအမြင့် ၃ ပေခန့်ရှိနိုင်ပြီး လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၈ မိုင်ခန့်ရှိနိုင်ပါတယ်။ 

    ရန်ကုန်တိုင်းရဲ့ လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI Value)က ၂၀ သာရှိမှာမို့ လေထုညစ်ညမ်းခြင်းမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများထံသို့... 

    စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် 

    • ရာသီဥတု ပူပြီး၊ စိုက်ခင်းရေများတဲ့အခြေအနေကြောင့်လည်း လက်ရှိဖြုတ်ပိုးကျနေတာ တွေ့ရသလို၊ ကျနိုင်ချေများတာကြောင့် စိုက်ခင်းကိုသေချာကွင်းဆင်းစစ်ဆေးဖို့ လိုပါတယ်။ 
    • ဖြုတ်ပိုးက အပူချိန် ၃၄-၃၆ ဒီဂရီ၊ ပူအိုက်စိုစွတ်တဲ့အခြေအနေ၊ စိုက်ခင်းထဲစိုထိုင်းဆ( ၉၀-၁၀၀% ) နှင့် စပါးခင်းထဲရေအမြဲရှိတဲ့အခြေအနေကို ကြိုက်နှစ်သက်ပါတယ်။ 
    • ပြီးတော့ ယူရီးယားပုလဲမြေဩဇာ(N) အလွန်အကျွံထည့်ခြင်းကိုရှောင်ပါ။ 
    • ဖြုတ်ကျရောက်တာကိုတွေ့ပါက ရေထုတ်ပေးပါ။ လေကြောင်းခွဲပေးပါ။ 
    • ရေထုတ်ပြီးမှ Buprofezin+Acetamiprid, Pymetrozine+ Nitnepyram, Fenobucarb+ Cyantraniliprole အဆင်ပြေရာကိုဖျန်းပေးပါ။ 
    • ပိုတက်ရှ်(K)ကိုအဓိကထည့်ပေးပါ။  

    ကန်ရေနှင့် ငါးသန်/ငါးသားပေါက် အသားကျအောင်ပြုလုပ်ခြင်းနှင့် ကန်တွင်းသို့ ထည်သွင်းခြင်း

    ငါးသန်/ ငါးသား ပေါက်များ ထည့်ထားသည် ပလပ်စ တစ်အိတ်ကို ကန်ရေပြင်ပေါ်တွင် အနည်းဆုံး၁၅မိနစ် ခန့် ပေါလောအနေအထား ထားပေးပါ။ 

    ထို့နောက် လက်နှစ်ဖက် (သို့) မတ်ခွက်ကိုအသုံးပြု၍ ကန်ထဲမှ ရေကို အိတ်ထဲသို့ ဖြည်းဖြည်းခြင်း ၁၁ -၁၅ မိနစ်ခန့် ထည့်ပါ။ ထို့နောက် အိတ်ကို အနည်းငယ် စောင်းပြီး ကန်ထဲမှရေကို အိတ်ထဲသို့ လက်ဖြင့်ယက် ထုတ်ပေးခြင်းဖြင့် ရေစီးကြောင်းအသွင် ဖြစ်ပေါ်စေပြီး ငါးသားပေါက်များ ယင်းရေစီးကြောင်းကို ဆန့်ကျင် ဖက်အနေအထားဖြင့် ကန်ထဲသို့ ကူးခတ်သွားမည်။ 

    ထို့ကြောင့် ငါးမွေးမြူရေးနှင့်ပတ်သတ်ပြီး အကြံဉာဏ်ရယူလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ 

    ------    

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12    

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.    

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
0
views
2688