cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲခူးတိုင်း တစ်ပတ်စာ မိုးလေဝသအခြေအနေနှင့် စိုက်/မွေးအကြံပြုချက်

. Weather News
ပဲခူးတိုင်းအတွင်းရှိ ရေပြတ်နေသောစိုက်ခင်းများ ရွက်ညိုပြောက်ကျနေသည်ကိုကြားရသဖြင့် ကာကွယ်နှိမ်နင်းနည်းများကိုအကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
  • ယခု တစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်များနှင့် တောင်တရုတ်ပင်လယ်တို့တွင် ထူးခြားသောမိုးလေဝသဖြစ်စဉ်များ(လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြင်းမရှိပါ)။ ဩဂုတ်လ ၁၂ ရက်နေ့မှ စတင်၍ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် အမြင့် ၅၀၀၀ နှင့်အထက်လေထုလွှာအတွင်း အထက်လေပွေလှိုင်း (Upper Air Cyclonic Circulation – UACC) ၁ ခု ဖြစ်ပေါ်နိုင်ပါတယ်။ 

    အထက်လေပွေလှိုင်း UACC သည် အားပိုကောင်းလာပြီး ဩဂုတ်လ ၁၅-၁၆ ရက်များမှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာပြီး၊ မြောက်ဘက်(ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံနယ်စပ် ကမ်းရိုးတန်းဘက်)သို့ဆက်လက်ရွေ့လျားနိုင်ပါတယ်။ #ဖြစ်ပေါ်လာနိုင်တဲ့ပင်လယ်ပြင် ထူးခြားမိုးလေဝသအခြေအနေကြောင့် ဘင်္ဂလားပင်လယ်အော်တစ်ခုလုံးမှာ အနောက်တောင်မုတ်သုံလေ အားပြန်ကောင်းလာနိုင်ပါတယ်။ 

    ဩဂုတ်လ ၅ ရက် မှ ၁၁ ရက်အထိ ၁ ပါတ်အတွင်း ပဲခူးတိုင်းတွင် ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်အခြေအနေ 

    ·          ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူနှင့် အုတ်တွင်းမြို့တောင်ဘက်ဒေသများမှာ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် ၄ လက်မအထက် ၇ လက်မဝန်းကျင်အထိရှိနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်ခြင်းနှင့်မိုးရေချိန်ရေချိန်ရရှိမှုများခြင်းများ ရှိနိုင်ပါမယ်။ 

    ·          ပဲခူးတိုင်းအနောက်ဘက်ခြမ်း၊ အုတ်ဖို/ကြို့ပင်ကောက်မြို့နယ်များ၏ အထက်ဘက်နှင့် အနောက်ဘက်တခြမ်းလုံးတွင် ၇ ရက်အတွင်း မိုးရေချိန် ၁.၅ လက်မ ဝန်းကျင်ရွာသွန်းရရှိနိုင်ပြီး မိုးနည်းနေပါမယ်။ 

    အပူချိန် လေထုစိုထိုင်းဆနှင့် မုတ္တမကွေ့ပင်လယ်အခြေအနေများ 

    ·          ပဲခူးတိုင်းတစ်ခုလုံး၏ ပျမ်းမျှအမြင့်ဆုံးနေအပူချိန် ၃၃°C ရှိနိုင်ပြီး အနိမ့်ဆုံး ညအပူချိန် ၂၆°C ရှိနိုင်ပါမယ်။ လေထုစိုထိုင်းဆ ၈၀% မှ ၁၀၀% ကြားတွင်ပြောင်းလဲနေနိုင်ပြီး လေထုစိုထိုင်းဆမြင့်မားပြီး လေငြိမ်နေသည့်အချိန်များတွင် ခံစားရသည့်အပူချိန် ၃၈°C အထိရှိနိုင်ပါမယ်။ 

    ·          ပဲခူးတိုင်းအရှေ့တောင်ဘက် မုတ္တမကွေ့အတွင်း တောင်ဘက်/အနောက်တောင်ဘက်မှရွေ့လျားသည့် လှိုင်းအမြင့် ၂ ပေ မှ ၃ ပေ ခန့်အထိ ရှိနိုင်ပြီး တောင်ဘက်မှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၇ မိုင်ခန့်အထိရှိနိုင်ပါမယ်။ 

    ·          ပဲခူးတိုင်းတွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI) 30 ~ 70 ခန့်ရှိနိုင်ပါမယ်။ အန္တရာယ်မရှိပါ။ 

    ဩဂုတ်လ ၅ ရက် မှ ၁၁ ရက်အထိ ၁ ပါတ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်အခြေအနေ 

    ·          မကွေးတိုင်း၊ မန္တလေးတိုင်းအနောက်ဘက်(မလှိုင်မြို့ အနောက်ဘက်)၊ ဧရာဝတီတိုင်းမြောက်ဘက်(ဟင်္သာတမြို့မြောက်ဘက်)၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအချို့တွင် ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် ၁.၅ လက်မအောက်ရှိနိုင်ပြီး မိုးရွာသွန်းမှု နည်းနေနိုင်ပါတယ်။ 

    ·          ကျန်ပြည်နယ်တိုင်းဒေသများတွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မ အထက် ၇ လက်မအထိ ရွာသွန်းရရှိနိုင်ပြီး မိုးရွာသွန်းမှု အသင့်အတင့်မှ နေရာကွက်၍ မိုးများခြင်းရှိနိုင်ပါမည်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများထံသို့..

    စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်

    • ပဲခူးတိုင်းအတွင်းရှိ ရေပြတ်နေသောစိုက်ခင်းများ ရွက်ညိုပြောက်ကျနေသည်ကိုကြားရသဖြင့် ကာကွယ်နှိမ်နင်းနည်းများကိုအကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
    • ရွက်ညိုပြောက်အတွက် မှိုသတ်ဆေးကို Trifloxystrobin (သို့မဟုတ်) Iprodione ကိုဖျန်းနိုင်ပါတယ်။
    • ရွက်ညိုပြောက်ကျနေသောစပါးခင်းများ နိုက်ထရိုဂျင်ပုလဲမြေဩဇာကိုချင့်ချိန်ထည့်ပြီး၊ အဓိက ဆီလီကာ (Si)၊ မဂ္ဂနီဆီယမ် (Mg) နှင့် ကယ်လ်ဆီယမ် (Ca) ပါဝင်သောမြေဩဇာကို ထည့်ပေးပါ။
    • မျိုးစေ့ဆောင်ရောဂါဖြစ်လို့ နောက်ရာသီမှာ ရွက်ညိုပြောက်ကျခဲ့သောစိုက်ခင်းမှ မျိုးကိုပြန်မစိုက်ပါနဲ့။

    ငါးမှုန်ကန် ပြုစု၊ အစာကျွေးနည်း   

    ငါးမှုန်အရွယ်ကို (၃)ရက်ကျော်မှ အစာကျွေးခြင်းကိုဆောင်ရွက်ရာတွင် ငါးမှုန်များ၏ ပါးစပ် ပေါက်ကလေးများသည် သေးငယ်ပြီး အရည်ကိုသာ စားသုံးနိုင်ကြသဖြင့် အာဟာရပြည့်ဝသော အရည် (ပဲဖတ်)ရည်ကို ကျွေးပေးရပါသည်။ ငါးမှုန်ဘဝတွင် ပဲဖတ်ရည်ကို တစ်နေ့ (၃-၄)ကြိမ် ပက်ပေးခြင်းဖြင့် သက်ရှင် ကြီးထွားနိုင်ပါသည်။ (၇)ရက်မှ (၁၀)ရက်ကြာသောအချိန်တွင် ပေါင်ဒါကဲ့သို့ အမှုန့်ဖြစ်သောအမှုန့် အစာကို ကျွေးနိုင်ပါသည်။ ဥပမာအားဖြင့် ဇကာချထားသောဖွဲနု နှင့် ပဲမှုန့်ဖတ် ရောပြီး ကျွေးနိုင်ပါသည်။ အစာစက်ရုံများမှ ထုတ်လုပ်သောအစာများကိုကျွေးနိုင်ပါက ပိုမိုကောင်းမွန် အဆင်ပြေပါသည်။ ငါးမှုန်အရွယ်တွင် ပရိုတိန်း (၃၅)ရာခိုင်နှုန်းပါသောအစာကျွေးပါက ကြီးထွား နှုန်းမြန်ပါသည်။   

    ----     

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12     

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ     

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.     

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
9
comments
0
views
2973