cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပြောင်းစျေး ပြန်ကျလာ

. Market News
“ထိုင်းက မြန်မာနိုင်ငံကို ပိတ်ပြီး အမေရိကန်က ပြောင်းကို ဩဂုတ်လကနေစတင်တင်သွင်းမယ်လို့လဲ သိရပါတယ်။”
  • ထိုင်းနိုင်ငံသို့ ပြောင်း တင်ပို့ခွင့်ရသည့် နောက်ဆုံးလဖြစ်သည့် သြဂုတ်လတွင် ပြောင်းစျေး ကျဆင်းလာကြောင်း သိရပါသည်။ ဩဂုတ်လကုန်မှစ၍ မြန်မာနိုင်ငံမှ ပြောင်း အခွန်မဲ့တင်သွင်းခြင်းကို ပိတ်သိမ်းမည်ဖြစ်ပြီး လက်ရှိ ထိုင်း၀ယ်ယူဈေးဆက်တိုက်ဈေးပေးနည်းလာခြင်းမှ တဆင့် မြန်မာပြည်ဘက်ကပါ ဈေးမရတော့ခြင်းဖြစ်ကြောင်း သုံးသပ်ထားကြသည်။

    " ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့် နဲ့ ပြောင်းတင်းပို့လို့ရမဲ့ အချိန်က ဒီလနောက်ဆုံးပါ။ ထိုင်းက မြန်မာနိုင်ငံကို ပိတ်ပြီး အမေရိကန်က ပြောင်းကို ဩဂုတ်လကနေစတင်တင်သွင်းမယ်လို့လဲ သိရပါတယ်။ အခုက စျေးကျနေတယ် ဒေါ်လာဈေး အပြောင်းအလဲ နဲ့ မှုဝါဒပေါ်လစီ ပြောင်းလာချိန်တွင်တော့ ဈေးပြောင်းလဲမှုရှိတယ်။ '' ဟု ပြောင်းကုန်သည်တစ်ဉီးကပြောထားသည်။

    ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှာ ယခင်က ဇူလိုင်လ ၂၈ရက်နေ့တွင် ပြောင်း တစ်ပိဿာကို ၁၆၉၀ ကျပ် ထိရှိခဲ့ပြီး လက်ရှိ ပြောင်း တစ်ပိဿာကို ၁၆၃၀ မှ ၁၆၅၀ ကျပ် အထိ စျေးကျသွားကြောင်း တွေ့ရပါသည်။ 

    ယင်းအပြင် ပြောင်း FOB စျေး နှုန်း မှာ ၂၅၀ဒေါ်လာ မှ ၂၆၀ ဒေါ်လာ ပတ်ဝန်းကျင်ဖြင့် စျေးငြိမ်နေကြောင်း သိရပါသည်။ 

    ထိုင်းနိုင်ငံ အခွန် ကင်းလွတ်ခွင့် ပြီးသွားပါက ဗီယမ်နမ်နိုင်ငံအပြင် အခြားနိုင်ငံ အနည်းငယ်နှင့် ပြည်တွင်းတွင် တိရိစ္ဆာန်အစာချက်စက်ရုံများသို့ အဓိက အရောင်းအဝယ် ပြုလုပ်ရမည်ဖြစ်ကြောင်း ကုန်သည်အချို့က ပြောထားသည်။ သို့သော် အခြားနိင်ငံများသို့ ပြောင်းရောင်းရာတွင် ငွေ လွှဲခြင်းဆိုင်ရာ ပြဿာနာများရှိနေခြင်းကြောင့် အခက်ခဲရှိသေးကြောင်း ကုန်သည်တချို့ထံမှ သိရပါသည်။ 

    တောင်သူများအနေဖြင့်ယခုနှစ်မှာ သွင်းအားစုစျေးမြင့်တက်သည့်ဒဏ်ကို ကြံ့ကြံ့ခံ၍စိုက်ပျိုးခဲ့ကြခြင်း

    ဖြစ်၍ စိုက်စရိတ် ယခင်နှစ်များထက် ပို၍ကုန်ကျခဲ့ကြောင်းလည်း သိရသည်။ ထိုင်းနိုင်ငံအနေဖြင့် ပြည်ပပြောင်းများကို တစ်နှစ်ပတ်လုံးဝယ်ယူခြင်း မရှိပဲ အကောက်ခွန်ကင်းလွတ်ကာလဖြစ်သည့် နှစ်စဉ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ အထိ၊ ၇ လ ပဲဝယ်ယူလျက်ရှိပြီး ယခု အခွန် ကင်းလွတ်ခွင့် တင်ပို့မှု ကာလမှာလည်း ကုန်လုနီးပါး ရှိနေပြီး ဖြစ်ကြောင်း သိရသည်။

    နှစ်စဉ် ပြည်တွင်း၌ တစ်နှစ်လျှင် ပြောင်း တန်ချိန် နှစ် ဒသမ သုံးသန်း နှင့် နှစ် ဒသမ ခြောက်သန်း ကြား ထွက်ရှိ လျက်ရှိကြောင်း သိရပါသည်။ 

    ဖိုးချဲ(AMIA)

    ------   

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
8
comments
0
views
2438