မကွေးတိုင်း ဩဂုတ်လ ၆ ရက် မှ ဩဂုတ်လ ၁၂ ရက်အထိ မိုးလေဝသအခြေအနေ
- ယခု တစ်ပါတ်အတွင်း ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်များနှင့် တောင်တရုတ်ပင်လယ်တို့တွင် ထူးခြားသောမိုးလေဝသဖြစ်စဉ်များ(လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြင်းမရှိပါ)။ ဩဂုတ်လ ၁၂ ရက်နေ့မှ စတင်၍ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် အမြင့် ၅၀၀၀ နှင့်အထက်လေထုလွှာအတွင်း အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation – UACC) ၁ ခု ဖြစ်ပေါ်နိုင်ပါတယ်။ - အထက်လေပွေလှိုင်း UACC သည် အားပိုကောင်းလာပြီး ဩဂုတ်လ ၁၅-၁၆ ရက်များမှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာပြီး၊ မြောက်ဘက်(ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံနယ်စပ် ကမ်းရိုးတန်းဘက်)သို့ဆက်လက်ရွေ့လျားနိုင်ပါတယ်။ - ဖြစ်ပေါ်လာနိုင်တဲ့ ပင်လယ်ပြင် ထူးခြားမိုးလေဝသအခြေအနေကြောင့် ဩဂုတ်လ ၁၂ ရက် နောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်တစ်ခုလုံးမှာ အနောက်တောင်မုတ်သုံလေ အားပြန်ကောင်းလာနိုင်ပါတယ်။ - ဩဂုတ်လ ၆ ရက် မှ ၁၂ ရက်အထိ ၁ ပါတ်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်အခြေအနေ - မကွေးတိုင်းတောင်ပိုင်း တောင်တွင်းကြီး၊ သရက်မြို့နှင့် မကွေးတိုင်းမြောက်ပိုင်း ထီးလင်း၊ ဂန့်ဂေါမြို့နယ်/ခရိုင်များတွင် မိုးရေချိန် ၁.၅ လက်မအထက် ရွာသွန်းရရှိနိုင်ပြီး မကွေးတိုင်း အလယ်ပိုင်းမှ ခရိုင်မြို့နယ်အများစုတွင် ၇ ရက်အတွင်း မိုးရေချိန် ၀.၅ လက်မ အောက်သာ ရွာသွန်းရရှိနိုင်/မိုးနည်းနေနိုင်ပါမည်။ ယခု၁ ပတ်အတွင်း မကွေးတိုင်း၏ မိုးရွာသွန်းနိုင်မည့်အခြေအနေနည်းနေပါဦးမယ်။ - အပူချိန် လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေများ - · မကွေးတိုင်းတခုလုံး၏ ပျမ်းမျှအမြင့်ဆုံးနေအပူချိန် ၃၅°C ရှိနိုင်ပြီး အနိမ့်ဆုံး ညအပူချိန် ၂၅°C ရှိနိုင်ပါမယ်။ လေထုစိုထိုင်းဆ ၈၀% မှ ၁၀၀% ကြားတွင်ပြောင်းလဲနေနိုင်ပြီး လေထုစိုထိုင်းဆမြင့်မားပြီး လေငြိမ်နေသည့်အချိန်များတွင် ခံစားရသည့်အပူချိန် Apparent Temperature or Temperature Feels Like ၄၁°C အထိရှိနိုင်ပါမယ်။ - · မကွေးတိုင်းအတွင်း လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI) 20~30 ခန့်ရှိနိုင်ပါမယ်။ အန္တရာယ်မရှိပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - မကွေးတိုင်းဒေသကြီးအတွင်း ငရုတ်စိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် - မကွေးတိုင်းဒေသကြီးအတွင်း ငရုတ်စိုက်တောင်သူများမေးလာသော ငရုတ်ခါးရိရောဂါမှာ အပင်ခြေနားမှစ၍ညှိုးပြီး ပျိုးခင်းအဆင့်တွင်ကျရောက်ပါက အပင်ငယ်များသေဆုံးကာ ဆိုးဝါးလှသော ရောဂါဖြစ်သည့်အတွက် အထူး ဂရုစိုက်ရမည်။ ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ- - ရောဂါကျရောက်ဖူးသော မြေနေရာတွင် ပျိုးထောင်ခြင်းမှရှောင်ကြဥ်ပါ။
- မျိုးစေ့များအား မစိုက်ပျိုးခင် Thiram ကဲ့သို့သော မျိုးစေ့လူးနယ်မှိုသတ်ဆေး အသုံးပြုပေးပါ။
- မြေဆောင်ရောဂါဖြစ်သည့်အတွက် Hymexazol ကဲ့သို့သော မြေဆောင်မှိုသတ်ဆေး အားမြေပြင်ချိန်တွင် ကြိုတင်ပက်ဖျန်းပေးဖြင့်ကာကွယ်ပါ။
- ရောဂါကျရောက်လာပါက Metalaxyl၊ Azoxystrobin၊ Trifloxystrobin၊ Tebuconazole များကဲ့သို့သော မှိုသတ်ဆေးများအား သတ်မှတ်နှုန်းထားအတိုင်းပက်ဖျန်းပေးပါ။
 - ငါးအစာ ကျွေးချိန်နှင့် အကြိမ်ရေအတွက် အကြံပြုချက် - ✅ငါး ငါးကျပ်သားခန့် အရွယ်အထိ တစ်နေ့ သုံးကြိမ်ခန့်၊ ငါးကျပ်သားကျော်လျှင် ဖမ်းဆီးရောင်းချချိန်အထိ တစ်နေ့နှစ်ကြိမ် ကျွေးနိုင်သည်။ - ✅ငါးကန်ရေ၏ ပျော်ဝင်အောက်ဆီဂျင် လျော့ကျတတ်သည့် မိုးအုံ့သော ရက်များတွင် ပုံမှန်ကျွေးနေကျ အစာပမာဏ၏ ၇၀% အောက် လျော့ချကျွေးသင့်သည်။ (အကောင်းဆုံးပျော်ဝင်အောက်ဆီဂျင် ပမာဏ သည် ၅-၇ မီလီဂရမ်/၁လီတာ ဖြစ်သည်။) - ✅ငါးကန်ရေ၏ အပူချိန် အတက်အကျသည်လည်း အစာစားနှုန်းကို လျော့ကျစေသည်။ ( အကောင်းဆုံးအပူချိန် အတိုင်းအတာ ၂၅°C - ၃၂°C)။ အကယ်၍ ရေ၏ အပူချိန်သည် ၂၀°C- ၂၄°C ၊ ၁၆°C -၁၉°C နှင့် ၃၃°C -၃၈°C အတွင်း တည်ရှိပါက ပုံမှန်ကျွေးနေကျ အစာပမာဏ၏ ၈၀%၊ ၆၀% အထိလျော့ပြီး ကျွေးသင့်သည်။ - ✅မနက်ပိုင်း နေထွက်ပြီး နှစ်နာရီခန့်အကြာတွင် နေ့စဉ်ကျွေးရမည့် ပမာဏ၏ ၆၀- ၆၅ % (တစ်နေ့လုံးကျွေးရမည့် အစာ၏ တစ်ဝက်ကျော်) ကို ကျွေး၍ ညနေနေမဝင်မီ နှစ်နာရီခန့် အလိုတွင် ကျန် ၃၅-၄၀ % ကို ကျွေးသင့်သည်။ - ✅ငါးကန်ရေ၏ အရည်အသွေးသည် မိုးဆက်တိုက်ရွာသည့် နေ့များတွင် အပြောင်းအလဲ မြန်သဖြင့် ငါးများအစာစားနှုန်း လျော့ကျလေ့ရှိသည်။ - စိုက်ပျိုးရေး နှင့် မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ - ---------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
