cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်း ဩဂုတ်လ ၇ ရက် မှ ၁၃ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ဧရာဝတီတိုင်းအလယ်ပိုင်းမှ ကုန်းတွင်းဒေသများတွင် ၇ ရက်အတွင်း မိုးရေချိန်အများဆုံး ၄ လက်မခန့် ရွာသွန်းရရှိနိုင်ပြီး၊ ဧရာဝတီတိုင်းမြောက်ပိုင်း(ဟင်္သာတမြို့အထက်ပိုင်း)‌ဒေသများတွင် ၇ ရက်အတွင်းမိုးရေချိန် ၃ လက်မခန့် ရွာသွန်းရရှိနိုင်ပါမယ်။
  • ဖြစ်ပေါ်နိုင်သည့် ထူးခြားသောမိုးလေဝသအခြေအနေ 

    ဩဂုတ်လ ၁၃ ရက်နေ့နံနက်ပိုင်းတွင်၊ ဘင်္ဂလာပင်လယ်အော်အနောက်မြောက်ပိုင်း၊ အထက်အမြင့်ပေ ၅၀၀၀ နှင့်အထက်လေထုအလွှာအတွင်း အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation – UACC)တခု စတင်ဖြစ်ပေါ်နိုင်ပြီး၊ အနောက်-အနောက်မြောက်ဘက်သို့ဖြည်းညှင်းစွာရွေ့လျားရင်း ဩဂုတ်လ ၁၅ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်လာနိုင်ပါတယ်။ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် အနောက်တောင်မုတ်သုံလေအားပြန်ကောင်းလာပြီး၊ ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနှင့်၊ မွန်/တနင်္သာရီကမ်းရိုးတန်းဒေသများမှာ မိုးပြန်ကောင်းလာနိုင်ပါတယ်။ 

    ဩဂုတ်လ ၇ ရက် နေ့လည် ၁၂ နာရီမှ ဩဂုတ်လ ၁၃ ရက် နေ့လည် ၂ နာရီအထိ - ၇ ရက်အတွင်း - 

    ဧရာဝတီတိုင်း၏ ကမ်းရိုးတန်းဒေသများတွင် မိုးများနိုင်၊ မိုးသက်လေပြင်းကျရောက်နိုင်ပြီး - ၇ ရက်အတွင်း မိုးရေချိန် ၈ လက်မ အထက်၊ ၂၄ နာရီအတွင်း ပျမ်မျှမိုးရေချိန် ၁ လက်ကျော်ခန့် ရွာသွန်းရရှိနိုင်ပါမယ်။ 

    ·          ဧရာဝတီတိုင်းအလယ်ပိုင်းမှ ကုန်းတွင်းဒေသများတွင် ၇ ရက်အတွင်း မိုးရေချိန်အများဆုံး ၄ လက်မခန့် ရွာသွန်းရရှိနိုင်ပြီး၊ 

    ·          ဧရာဝတီတိုင်းမြောက်ပိုင်း(ဟင်္သာတမြို့အထက်ပိုင်း)‌ဒေသများတွင် ၇ ရက်အတွင်းမိုးရေချိန် ၃ လက်မခန့် ရွာသွန်းရရှိနိုင်ပါမယ်။ 

    ·          ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတွင် အနောက်တောင်ဘက်မှလေပြင်း တနာရီ မိုင် ၂၀ နှင့် အထက် တိုက်ခတ်နိုင်ပါမယ်။ 

    ·          ဧရာဝတီတိုင်းအနောက်ဘက်ကမ်ရိုးတန်းတွင် အနောက်တောင်ဘက်မှလေပြင်း တနာရီ ၂၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ 

    ·          ကမ်းနီးပင်လယ်ပြင်တွင်လှိုင်းအမြင့် ၃ ပေ ခန့်အထိ ရှိနိုင်ပါမယ်။ 

    ·          ယခုတပါတ်အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၆°C မှ ၂၄°C ရှိနိုင်ပါမယ်။ 

    ·          လေထုစိုထိုင်းဆ ၈၀% မှ ၁၀၀% ကြားတွင်ရှိနေနိုင်ပါမယ်၊ လေတိုက်နှုန်းပုံမှန်ရှိနေမှာဖြစ်တာကြောင့် လေထုစိုထိုင်းဆမြင့်မားသော်လည်း ခံစားရသည့်အပူချိန်မြင့်မားနေခြင်းမရှိနိုင်ပါ။ 

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI value) 20 ခန့်သာရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှုလည်းမရှိပါ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများထံသို့...

    စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်

    • လက်ရှိ စပါးစိုက်တောင်သူများ ဘက်တီးရီးယားရွက်ခြောက်၊ ရွက်စင်းရောဂါနှင့်ပတ်သတ်ပြီး မေးမြန်းလာမှုများရှိသဖြင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
    • နိုက်ထရိုဂျင်ပုလဲမြေဩဇာကို တစ်ကြိမ်တည်းအလွန်အကျွံထည့်ခြင်း မလုပ်သင့်ပါ။ အကြိမ်ရေခွဲထည့်ပေးပါ။
    • နိုက်ထရိုဂျင်အစား ပိုတက်ရှ်မြေဩဇာ (K) ကိုထည့်ပေးပါ။
    • ဘက်တီးရီးယားရွက်ခြောက်၊ရွက်စင်းကျနေချိန်တွင် စပါးအရွက်ဖြတ်ခြင်းမလုပ်ပါနဲ့။
    • ဘက်တီးရီးယားသတ်ဆေးအနေဖြင့် Copper oxychloride, Bismerthiazol တို့ကိုရွေးချယ်နိုင်ပါတယ်။
    • နောက်ရာသီတွင် မဖြစ်မနေ မျိုးပြောင်းစိုက်ပေးပါ။ စပါးမျိုးတစ်မျိုးတည်းကို ဆက်တိုက်မစိုက်ပါနဲ့။ 

    ငါးအစာ ကျွေးချိန်နှင့် အကြိမ်ရေအတွက် အကြံပြုချက်  

    ✅ငါး ငါးကျပ်သားခန့် အရွယ်အထိ တစ်နေ့ သုံးကြိမ်ခန့်၊ ငါးကျပ်သားကျော်လျှင် ဖမ်းဆီးရောင်းချချိန်အထိ တစ်နေ့နှစ်ကြိမ် ကျွေးနိုင်သည်။  

    ✅ငါးကန်ရေ၏ ပျော်ဝင်အောက်ဆီဂျင် လျော့ကျတတ်သည့် မိုးအုံ့သော ရက်များတွင် ပုံမှန်ကျွေးနေကျ အစာပမာဏ၏ ၇၀% အောက် လျော့ချကျွေးသင့်သည်။ (အကောင်းဆုံးပျော်ဝင်အောက်ဆီဂျင် ပမာဏ သည် ၅-၇ မီလီဂရမ်/၁လီတာ ဖြစ်သည်။) 

    ✅ငါးကန်ရေ၏ အပူချိန် အတက်အကျသည်လည်း အစာစားနှုန်းကို လျော့ကျစေသည်။ ( အကောင်းဆုံးအပူချိန် အတိုင်းအတာ ၂၅°C - ၃၂°C)။ အကယ်၍ ရေ၏ အပူချိန်သည် ၂၀°C- ၂၄°C ၊ ၁၆°C -၁၉°C နှင့် ၃၃°C -၃၈°C အတွင်း တည်ရှိပါက ပုံမှန်ကျွေးနေကျ အစာပမာဏ၏ ၈၀%၊ ၆၀% အထိလျော့ပြီး ကျွေးသင့်သည်။  

    ✅မနက်ပိုင်း နေထွက်ပြီး နှစ်နာရီခန့်အကြာတွင် နေ့စဉ်ကျွေးရမည့် ပမာဏ၏ ၆၀- ၆၅ % (တစ်နေ့လုံးကျွေးရမည့် အစာ၏ တစ်ဝက်ကျော်) ကို ကျွေး၍ ညနေနေမဝင်မီ နှစ်နာရီခန့် အလိုတွင် ကျန် ၃၅-၄၀ % ကို ကျွေးသင့်သည်။ 

    ✅ငါးကန်ရေ၏ အရည်အသွေးသည် မိုးဆက်တိုက်ရွာသည့် နေ့များတွင် အပြောင်းအလဲ မြန်သဖြင့် ငါးများအစာစားနှုန်း လျော့ကျလေ့ရှိသည်။ 

    ---------------           

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12             

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို              

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.             

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437   


  • article
likes
6
comments
0
views
3353