cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဘင်္ဂလားပင်လယ်အော်တွင် ထူးခြားမိုးလေဝသအခြေအနေဖြစ်ပေါ်နိုင်ကြောင်း အသိပေးတင်ပြခြင်း

. Weather News
ဩဂုတ်လ ၁၂ ရက်နေ့မှ ၁ ပတ်အတွင်းမှာ - ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်း စတဲ့ ဒေသတွေမှာ မိုးအသင့်အတင့်ရွာနိုင်ပြီး၊ နေရာကွက်၍ မိုးများနိုင်ကာ(၂၄ နာရီအတွင်း မိုးရေချိန် ၁.၂ လက်မ မှ ၂ လက်အထက်အထိ ရွာသွန်းရရှိနိုင်)၊
  • =====

    🔸 ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံအရှေ့ဘက်၊ အန်ဒရာပရာဒက်ရှ်ပြည်နယ်ကမ်းရိုးတန်းအနီးမှာ ဩဂုတ်လ ၁၂ ရက်နေ့မှ စတင်ပြီး ပေ ၅၀၀၀ အထက်အမြင့်လေထုလွှာတွင် အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation-UACC)တခု ဖြစ်လာနိုင်ပါမယ်။ UACC သည် ဆက်လက်အားကောင်းလာပြီး အမြင့်ဆုံးလေဖိအားနည်းရပ်ဝန်းမှ well-marked LPA တခုအထိဖြစ်လာနိုင်ကာ မုန်တိုင်းဖြစ်လာနိုင်ချေကတော့ အတော်ကိုနည်းတာတွေ့ရပါတယ်။

    🔸 ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ထူးခြားမိုးလေဝသအခြေအနေဖြစ်ပေါ်လာတာကြောင့်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အလယ်ပိုင်းနဲ့ ကပ္ပလီပင်လယ်တွေမှာ အနောက်တောင်မုတ်သုံလေ အားကောင်းလာပြီး၊ မြန်မာ့ကမ်းရိုးတန်းဒေသတွေနဲ့ ပင်လယ်ပြင်မှာ မိုးသက်လေပြင်းကျရောက်ခြင်း၊ လှိုင်းကြီးခြင်းများဖြစ်ပေါ်လာနိုင်ပါတယ်။

    ဒီအခြေအနေကြောင့်၊

    ဩဂုတ်လ ၁၂ ရက်နေ့မှ ၁ ပတ်အတွင်းမှာ -

    🔸 ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်း စတဲ့ ဒေသတွေမှာ မိုးအသင့်အတင့်ရွာနိုင်ပြီး၊ နေရာကွက်၍ မိုးများနိုင်ကာ(၂၄ နာရီအတွင်း မိုးရေချိန် ၁.၂ လက်မ မှ ၂ လက်အထက်အထိ ရွာသွန်းရရှိနိုင်)၊

    🔸 မိုးနည်းရေရှားဒေသတွေဖြစ်တဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း‌အောက်ပိုင်းနဲ့ မန္တလေး-မကွေးနယ်စပ်အနီးဒေသတွေမှာတော့ မိုးအနည်းငယ်မှ မိုးအသင့်အတင့်( ၂၄ နာရီ မိုးရေချိန် ၁.၂ လက်မ အောက်)ရွာသွန်းရရှိနိုင်ပါတယ်။

    🔸 မြန်မာ့ကမ်းရိုးတန်းအနီးပင်လယ်ပြင်မှာ ဩဂုတ် ၁၂ ရက် မှ ၂၀ ရက်အတွင်း လေပြင်းတနာရီ ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပြီး၊

    🔸 လေဖိအားနည်းရပ်ဝန်းဗဟိုချက်အနီးမှာ လှိုင်းအမြင့် ၁၁.၅ ပေခန့်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်မှာ လှိုင်းအမြင့် ၆ ပေ မှ ၇ ပေခန့်၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်မှာ လှိုင်းအမြင့် ၅ ပေ မှ ၆ ပေခန့်အထိရှိနိုင်ပါတယ်။

    ADDITIONAL INFORMATION FROM EAST

    🔸 ဩဂုတ်လ ၁၂ ရက်ဝန်းကျင်မှာ ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာ၊ ဂူအမ်ကျွန်းမြောက်ဘက်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း(16W – SIXTEEN)က အနောက်ဘက်ကို ဆက်လက်ရွေ့လျားရင်း အားပိုကောင်းလာကာ တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ပါမယ်။

    🔸 တိုင်ဖွန်းမုန်တိုင်းအဖြစ်ရောက်ရှိပြီးတဲ့နောက် အနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး တောင်တရုတ်ပင်လယ်ကို ဝင်ရောက်လာနိုင်တာကြောင့် SIXTEEN ကို သတိထားစောင့်ကြည့်ပြီး တောင်တရုတ်ပင်လယ်ကိုဝင်ရောက်လာမည့်ရက်၊ ကုန်းတွင်းကိုဘယ်နေရာမှာဖြတ်ကျော်ဝင်ရောက်နိုင်မယ်ဆိုတာနဲ့ မုန်တိုင်းအကြွင်းအကျန်တွေ ဘယ်လိုဆက်လက်ရွေ့လျားနိုင်မယ်ဆိုတာကိုပါ သတိကြီးကြီးထား၍ စောင့်ကြည့်ရပါမယ်။

    https://www.mmweather.org/divisional-cities-weather

    (ဩဂုတ်လ ၇ ရက် ၊ နေ့လည် ၁ နာရီ ၁၅ မိနစ်)

    Win Naing

    Administration Team,

    MMWEATHER,

    https://www.mmweather.org/home

    -------------           

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12             

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို              

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.             

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437  


  • article
likes
5
comments
1
views
2782