cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးဈေးကွက်ရှိ ပဲကြီးစျေး သုံးသပ်ချက်

. Market Analysis
ပဲကြီး ၅၅.၂၅ ပိဿာချိန် စျေးနှုန်းများကို သုံးသပ်ကြည့်ပါက ၂၀၂၅ ခုနှစ် ပထမခြောက်လအတွင်း စျေးအေးနေပြီး ဇူလိုင်၊ သြဂုတ်လများမှာ သိသိသာသာ စျေးတက်လာတာကို တွေ့ရပါတယ်။
  •  သြဂုတ်လ ပထမပတ်အတွက် သုံးသပ်ချက်

    မန္တလေးဈေးကွက်ရှိ ပဲကြီး ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ပဲကြီး(ကြီး)(သစ်)စျေးနှုန်းမှာ ၅၅.၂၅ ပိဿာလျှင် ၃၈၀၀၀၀/-ကျပ်မှ ၃၉၆၀၀၀ /-ကျပ်အထိလည်းကောင်း၊ ပဲကြီး(လတ်)(သစ်) ပျမ်းမျှဈေးနှုန်းမှာ ၅၅.၂၅ ပိဿာ လျှင် ၃၅၀၀၀၀ /-ကျပ်မှ ၃၇၀၀၀၀ /-ကျပ်လည်းကောင်း၊ ပဲကြီး(သေး)(သစ်) ပျမ်းမျှစျေးနှုန်းမှာ ၅၅.၂၅ ပိဿာ လျှင် ၃၀၀၀၀၀ /-ကျပ်မှ ၃၂၂၀၀၀ /-ကျပ်အထိလည်းကောင်း၊ အသီးသီးဈေးပေါက်နေပါတယ်။  

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လ နှိုင်းယှဉ်ခြင်း  

    ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (ပထမပတ်) ပဲကြီးပျမ်းမျှဈေးနှုန်းကို ယခင်လ ( ဇူလိုင်လ) ပျမ်းမျှဈေးနှုန်းနှင့် နှိုင်းယှဉ်သော် အမျိုးအစားအားလုံး စျေးတက်လာတာ တွေ့ရပါတယ်။ ပဲကြီး(ကြီး)(သစ်) ပျမ်းမျှစျေးနှုန်းမှာ ၅၅.၂၅ ပိဿာလျှင် 60500/-ကျပ်၊ ပဲကြီး(လတ်)(သစ်) ပျမ်းမျှဈေးနှုန်းမှာ ၅၅.၂၅ ပိဿာ လျှင် 50000/-ကျပ်၊ ပဲကြီး(သေး)(သစ်) ပျမ်းမျှ စျေးနှုန်းမှာ ၅၅.၂၅ ပိဿာလျှင် 46000/-ကျပ်၊ စျေးတက်လာတာကို တွေ့ရပါတယ်။  

    ၂၀၂၅ ခုနှစ် လအလိုက်သုံးသပ်ခြင်း  

    ၂၀၂၅ ခုနှစ် သြဂုတ်လ ပထမပတ် အထိ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ပဲကြီး(ကြီး)(သစ်) ၏ ၅၅.၂၅ ပိဿာ ပျမ်းမျှဈေးနှုန်းများမှာ ဇန်နဝါရီလတွင် 285,278 /-ကျပ်၊ ဖေဖော်ဝါရီ တွင် 277,544 /-ကျပ်၊ မတ်လတွင်  270,053 /- ကျပ်၊ ဧပြီလတွင် 268,785 /-ကျပ်၊ မေလတွင် 281,095 /-ကျပ်၊ ဇွန်လတွင် 274,940 /-ကျပ်၊ ဇူလိုင်လတွင် 327500/-ကျပ်၊ နှင့် သြဂုတ်လ (ပထမပတ်) တွင် 388000/ကျပ် ဖြင့် သီးသီးဈေး ပေါက်နေပါတယ်။   

    ပဲကြီး(လတ်)(သစ်) ၏ ၅၅.၂၅ ပိဿာ ပျမ်းမျှဈေးနှုန်းများမှာ ဇန်နဝါရီလတွင် 255,000 /-ကျပ်၊ ဖေဖော်ဝါရီ တွင် 254,342 /-ကျပ်၊ မတ်လတွင်  251,579 /- ကျပ်၊ ဧပြီလတွင် 249,844 /-ကျပ်၊ မေလတွင်  256,786 /-ကျပ်၊ ဇွန်လတွင် 253,315 /-ကျပ်၊ ဇူလိုင်လတွင် 310000/-ကျပ်၊ နှင့် သြဂုတ်လ (ပထမပတ်) တွင် 360000/ကျပ် ဖြင့် သီးသီးဈေး ပေါက်နေပါတယ်။  

     ပဲကြီး(သေး)(သစ်) ၅၅.၂၅ ပိဿာ ပျမ်းမျှဈေးနှုန်းများမှာ ဇန်နဝါရီလတွင် 230,000 /-ကျပ်၊ ဖေဖော်ဝါရီ တွင်  231,333 /-ကျပ်၊ မတ်လတွင်   221,193 /- ကျပ်၊ ဧပြီလတွင် 218,938 /-ကျပ်၊ မေလတွင် 225,738 /-ကျပ်၊ ဇွန်လတွင် 222,338 /-ကျပ်၊ ဇူလိုင်လတွင် 265000/-ကျပ်၊ နှင့် သြဂုတ်လ (ပထမပတ်) တွင် 311000/ကျပ် ဖြင့် သီးသီးဈေး ပေါက်နေပါတယ်။  

    ဈေးကွက် သုံးသပ် ခန့်မှန်းချက်  

    ပဲကြီး ၅၅.၂၅ ပိဿာချိန် စျေးနှုန်းများကို သုံးသပ်ကြည့်ပါက ၂၀၂၅ ခုနှစ် ပထမခြောက်လအတွင်း စျေးအေးနေပြီး ဇူလိုင်၊ သြဂုတ်လများမှာ သိသိသာသာ စျေးတက်လာတာကို တွေ့ရပါတယ်။ လက်ရှိမှာ ပဲကြီးကို ရန်ကုန်မှ ကုန်သည်ဝယ်လက်ရှိခြင်း၊ အကြော်လှော်လုပ်ငန်းသမားများ ဝယ်ယူမှုရှိခြင်းများကြောင့် ပြည်တွင်း စျေးကွက် ဝယ်လိုအား ရှိနေပါတယ်။ ဒါ့အပြင် ဆောင်းပဲလက်ကျန် နည်းလာချိန် မိုးပဲကလည်း စျေးကွက်အတွင်း မဝင်သေးတာကြောင့် စျေးတန်းမြင့်လာတာဖြစ်တယ်လို့ ယူဆမိပါတယ်။ 

    ကျေးဇူးတင်ပါတယ်ခင်ဗျာ။  

    ထွက်တိုး  

    --------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437  


  • article
likes
2
comments
0
views
2265