cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်း ဩဂုတ်လ ၈ ရက်မှ ဩဂုတ်လ ၁၄ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
UACC သည် ဆက်လက်အားကောင်းလာပြီး အမြင့်ဆုံးလေဖိအားနည်းရပ်ဝန်းမှ well-marked LPA တခုအထိ ဖြစ်လာနိုင်ကာ မုန်တိုင်းဖြစ်လာနိုင်ချေကတော့ အတော်ကိုနည်းတာတွေ့ရပါတယ်။ အခုလို ပင်လယ်ပြင်က ထူးခြားမိုးလေဝသအခြေအနေကြောင့် အနောက်တောင်မုတ်သုံလေအားကောင်းလာပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေနဲ့ ကမ်းရိုးတန်းဒေသတွေမှာ မိုးအားပိုလာနိုင်ပြီး အလယ်ပိုင်းမိုးနည်းရေရှားရပ်ဝန်းဒေသတွေမှာတော့ မိုးအနည်းငယ်ရွာနိုင်မည့် အခြေအနေများသာဖြစ်ပေါ်နိုင်ပါတယ်။
  • ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံအရှေ့ဘက်၊ အန်ဒရာပရာဒက်ရှ်ပြည်နယ်ကမ်းရိုးတန်းအနီးမှာ ဩဂုတ်လ ၁၂ ရက်နေ့မှ စတင်ပြီး ပေ ၅၀၀၀ အထက်အမြင့်လေထုလွှာတွင် အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation-UACC)တခု ဖြစ်လာနိုင်ပါမယ်။ UACC သည် ဆက်လက်အားကောင်းလာပြီး အမြင့်ဆုံးလေဖိအားနည်းရပ်ဝန်းမှ well-marked LPA တခုအထိ ဖြစ်လာနိုင်ကာ မုန်တိုင်းဖြစ်လာနိုင်ချေကတော့ အတော်ကိုနည်းတာတွေ့ရပါတယ်။ အခုလို ပင်လယ်ပြင်က ထူးခြားမိုးလေဝသအခြေအနေကြောင့် အနောက်တောင်မုတ်သုံလေအားကောင်းလာပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေနဲ့ ကမ်းရိုးတန်းဒေသတွေမှာ မိုးအားပိုလာနိုင်ပြီး အလယ်ပိုင်းမိုးနည်းရေရှားရပ်ဝန်းဒေသတွေမှာတော့ မိုးအနည်းငယ်ရွာနိုင်မည့် အခြေအနေများသာဖြစ်ပေါ်နိုင်ပါတယ်။ 

    ယခု ဩဂုတ်လ ၈ ရက် မှ ၁၄ ရက်အထိ၊ ရက်သတ္တပါတ် ၁ ပါတ်အတွင်း - 

    ·          မန္တလေးတိုင်းမြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် မိုးရေချိန် အများဆုံး ၃ လက်မခန့် ရွာသွန်းရရှိနိုင်ပြီး၊ မြေအောက်အနက် ၄၀ စင်တီမီတာမှ မြေဆီလွှာစိုထိုင်းဆ(Soil Moisture ၁၀၀%)ရှိနေပါတယ်။ 

    ·          မန္တလေးတိုင်း အလယ်ပိုင်းမှ ပျော်ဘွယ်၊ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်း+သဲတော၊ မြစ်သား၊ စဉ့်ကိုင်၊ မလှိုင်၊ တောင်သာ၊ ငါ့သရောက်၊ ပုဂံ-ညောင်ဦး .. စသည့် ဒေသများတွင် မိုးရေချိန်အများဆုံး ၁ လက်မဝန်းကျင်ခန့်သာ ရွာသွန်းရရှိနိုင်ပါမယ်။ ဒီဒေသတွေမှာ မြေအောက်အနက် ၄၀ စင်တီမီတာမှ မြေဆီလွှာစိုထိုင်းဆ ၅၅% နှင့် ၈၀% အထိ ရှိနေနိုင်ပါမယ်။ 

    ·          တောင်-အနောက်တောင်ဘက်အရပ်မှ လေတိုက်နှုန်း တနာရီ ၁၀ မိုင် မှ မိုင် ၂၀ ခန့်ရှိနိုင်ပြီး၊ အလယ်ပိုင်း မိုးနည်းသည့်ဒေသတွေမှာ လေထုစိုထိုင်းဆ ၅၀% မှ ၇၀% ခန့်၊ မိုးပိုသည့်ဒေသများတွင် လေထုစိုထိုင်းဆ ၇၀% မှ ၉၀% ခန့်ရှိနိုင်ပါတယ်။ အမြင့်ဆုံးနေ့အပူချိန် ၃၅°C နဲ့ အနိမ့်ဆုံး ညအပူချိန် ၂၁°C ရှိနိုင်ပါတယ်။ မန္တလေးတိုင်းအရှေ့ဘက် တောင်ကုန်းမြင့်ဒေသဖြစ်တဲ့ ပြင်ဦးလွင်မှာ အမြင့်ဆုံးနေ့အပူချိန် ၂၆°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၁°C ရှိနိုင်ပါမယ်။ 

    ·          မန္တလေးတိုင်းအတွင်းအလယ်ပိုင်းက မိုးနည်းတဲ့ဒေသတွေမှာ လေထုစိုထိုင်းဆ မြင့်လာပြီး လေငြိမ်တဲ့အချိန်တွေမှာ ခံစားရတဲအပူချိန် ၄၁°C အထိရှိနိုင်/ပူအိုက်နေနိုင်ပါမယ်။ 

    မန္တလေးတိုင်းတခုလုံးရဲ့ ပျမ်းမျှလေထုညစ်ညမ်းမှုအညွှန်းကိန်း AQI က ၂၀ ခန့်သာရှိနေပြီး လေထုညစ်ညမ်းခြင်းအတွက် စိုးရိမ်စရာမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    မန္တလေးတိုင်းဒေသကြီးအတွင်း မြေပဲစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    မန္တလေးတိုင်းဒေသကြီးအတွင်း မြေပဲစိုက်ပျိုးရာတွင် မြေပဲဥများများအုပီးအထွက်နှုန်းကောင်းစေရန် အပင်ပြုစုနည်းများကို အကြံပြုလိုပါတယ်။ 

    • ပေါင်းမြက်ထူပါက စွယ်ချတာနည်းစေတဲ့အတွက် ပေါင်းမြက်များအား ကင်းစင်နေရမည်။ 
    • မြေပဲစွယ်မဆင်းခင် တစ်ပတ်အလိုမှာ တန်းကြားမှာ ပေါင်းမြက်ရှင်းခြင်းကို အပြီးလုပ်ဆောင်၍ ပင်ခြေကို ဂျစ်ပဆန်ကျောက်မှုန့် ထည့်ကာဘောင်တင်ပေးရမည်၊ ထိုအချိန်တွင် မြေတွင်း အစိုဓာတ် အလုံအလောက်ရှိစေရန်အလွန်အရေးကြီးပါတယ်။ 
    • မြေခံမထည့်ထားသောမြေပဲခင်းဖြစ်ပါက ဂျစ်ပဆန်ကျောက်မှုန့်ထည့်ချိန်တွင် N:P:Kမြေသြဇာ ရောထည့်ပေးပါ။ 
    • ရွက်ဖျန်းအားဆေးအနေဖြင့် ပင်ပိုင်းကြီးထွားချိန်တွင် အမိုင်နိုအက်ဆစ်၊ ပန်းပွင့်ချိန်တွင် N:P:K အပြင် ဘိုရွန်၊ ကယ်လ်ဆီယမ်နှင့် အခြားအနည်းလိုအာဟာရများပါဝင်သော ရွက်ဖျန်း အားဆေးများ ပက်ဖျန်း ခြင်းဖြင့် အတောင့်ဖြစ်ပေါ်မှုကိုပိုမို အောင်မြင်စေနိုင်ပါတယ်။  

    ငါးမြစ်ချင်း ဆေးထိုးသားဖောက်ခြင်း အကြံပြုချက် 

    မြန်မာနိုင်ငံတွင် ငါးမြစ်ချင်း မျိုးစိတ်သားဖောက်သော ရာသီမှာ ဧပြီ လမှ စက်တင်ဘာလအထိ ဖြစ်ပါသည်။ သားဖောက်ရန်အကောင်းဆုံး အပူချိန်မှာ 22 °C မှ 31 °C ဖြစ်ပါသည်။ လက်ရှိဆေးထိုးသားဖောက်လုပ်ငန်းတွင် မျိုးအောင်သော ငါးမများသည် ဥချစဉ်တွင် ၂၀၀၀၀၀ မှ ၃၀၀၀၀၀ အထိ ရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ ဆေးထိုးသားဖောက်လုပ်ငန်းမှ ဥချပြီး အကောင်ပေါက်စ (ငါးမှုန်)ဘဝတွင် (၃)ရက်ကြာချိန်တွင် မြေကန်သို့ပြောင်းရွှေ့ပြီး ငါးမှုန်ပြုစုကြပါသည်။ အဆိုပါငါးမှုန်ပြုစုကန်တွင် ၁၅ရက်မှ ၂၀ရက်အထိကြာ ချိန်တွင် ငါးသားပေါက် (ငါးသန်)အရွယ် ရောက်ရှိလာပါသည်။ အဆိုပါအရွယ်တွင် အစာကိုကောင်းစွာ စားနိုင်သောအရွယ်ဖြစ်သောကြောင့် အာဟာရပြည့်ဝသော အစာများကို ကျွေးရန် လိုအပ်ပါသည်။ အဆိုပါ အရွယ်တွင် အစာကောင်းမွန်ပါက ရက် ၆၀ မှ ရက် ၉၀ အတွင်း ကျန်းမာသန်စွမ်းပြီး အရွယ်ရောက်သော ငါးဖျန်းများ ရရှိလာပါသည်။ အဆိုပါ ငါးဖျန်းများကို အသားတိုးကန်အတွင်း ပြောင်းရွှေ့မွေးမြူကြပါသည်။ အသားတိုး ကန်အတွင်းတွင် (၁၀)လမှ (၁၂)လအကြာမွေးမြူပြီး စျေးကွက်သို့ တင်ပို့‌ရောင်းချနေကြသည်ကို တွေ့ရှိရပါသည်။ 

    ---------------           

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12             

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို              

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.             

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437     


  • article
likes
4
comments
0
views
2840