cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပင်လယ်ပြင်မှာဖြစ်ပေါ်လာနိုင်မည့် ထူးခြားသောမိုးလေဝသအခြေအနေ

. Weather News
ဩဂုတ်လ ၁၁ ရက်နေ့ နံနက်အစောပိုင်းက စ ပြီး ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းအနီးမှာ လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်လာပြီး ဩဂုတ်လ ၁၃ ရက် အထိ ဆက်လက်ရှိနေနိုင်ပါတယ်။
  • (ဩဂုတ်လ ၈ ရက် နေ့လည် ၁၂ နာရီ)

    ========

    🔸 ဩဂုတ်လ ၁၁ ရက်နေ့ နံနက်အစောပိုင်းက စ ပြီး ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းအနီးမှာ လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်လာပြီး ဩဂုတ်လ ၁၃ ရက် အထိ ဆက်လက်ရှိနေနိုင်ပါတယ်။

    🔸 ဩဂုတ် ၁၃ ရက် ညနေပိုင်းမှာ အနောက်ဘက်(အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ်ပြည်နယ်ကမ်းရိုးတန်းဘက်)ကို ရွေ့လျားပြီး ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် အနောက်ဘက်ကိုဆက်လက်ရွေ့လျားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

    🔸 လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းဒေသတွေ(အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသတွေမှာ) မိုးသက်လေပြင်းကျပြီး မိုးများနိုင်ပါတယ်။ ကျန်ပြည်နယ်တိုင်းဒေသတွေမှာတော့ လေဖိအားနည်းအရှိန်သက်ရောက်မှုက မုန်တိုင်းဖြစ်ပေါ်တဲ့အခါ ဖြစ်လာတဲ့သက်ရောက်မှုလောက် ပြင်းထန်မည့်အခြေအနေမရှိပါ။

    💦 မြန်မာနိုင်ငံနေရာအနှံ့အပြားမှာတော့ မိုးလယ်ကာလကုန်ဆုံးခြင်းမရှိသေးတာကြောင့် အနောက်တောင်မုတ်သုံလေအားကောင်းရင်ကောင်းသလို နေရာကွက်ပြီးမိုးများနိုင်မည့်ဒေသတွေ ရှိနေပါမယ်။

    🔸 မြန်မာနိုင်ငံအလယ်ပိုင်းက မိုးနည်းရေရှားဒေသတွေဖြစ်တဲ့ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသတွေမှာတော့ မိုးရေချိန်ရရှိနိုင်ချေနည်းနေပါဦးမယ်။

    🔸 ပြည်နယ်တိုင်းဒေသများရဲ့ မိုးလေဝသအခြေအနေ ၄ ရက်ကြိုတင်ခန့်မှန်း Weather Widget တွေကိုလည်း ကြည့်ပေးကြပါ။ https://www.mmweather.org/divisional-cities-weather

    ---------------           

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12             

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို              

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.             

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437  


  • article
likes
15
comments
0
views
2762