ရှမ်းပြည်နယ် ဩဂုတ်လ ၉ ရက် မှ ဩဂုတ်လ ၁၅ ရက်အထိ မိုးလေဝသအခြေအနေ
- ယခု တပါတ်အတွင်း ဩဂုတ် ၁၁ ရက်နေ့မှ ၁၄ ရက်အထိ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ရန်ရှိပြီး မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေနိုင်ပါတယ်။ - ယခုလာမည့် ၁ ပါတ်အတွင်း - · ရှမ်းပြည်နယ်တခုလုံးမှာ မိုးအနည်းငယ်၊ မိုးအသင့်အတင့်နှင့် မိုးများနိုင်သည့်အခြအနေများ နေရာစိပ်စိပ်ဖြစ်ပေါ်နိုင်ပါတယ်။ - · ယခုတပတ် ၇ ရက်အတွင်း မိုးရေချိန် ၁.၂ လက်မ(30mm)မှ ၅ လက်မခန့်(127mm)အထိ နေရာကွက်၍ရွာသွန်းရရှိနိုင်ပါတယ်။ - · ရှမ်းပြည်နယ်မြောက်ပိုင်းကချင်ပြည်နယ်-နယ်စပ်အနီးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း-မန္တလေးတိုင်းနယ်စပ်အနီးက တောင်တွေပေါ်မှာ ၇ ရက်မိုးရေချိန် ၅ လက်မခန့်အထိ ရွာသွန်းရရှိနိုင်မှာဖြစ်ပါတယ်။ - · ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ နေ့စဉ်ပျမ်းမျှမိုးရေချိန် ၀.၈ လက်မခန့်ရွာသွန်းနိုင်ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ နေ့စဉ်ပျမ်းမျှမိုးရေချိန် ၁ လက်မ ဝန်းကျင်ခန့်အထိ ရွာသွန်းရရှိနိုင်ပါမယ်။ - · ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၂၈°C နဲ့ အနိမ့်ဆုံး ည အပူချိန် ၂၂°C ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၁၈ မိုင် ရှိနိုင်ပါမယ်။ - · ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အမြင့်ဆုံးအပူချိန် ၂၆°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၈°C ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၂၂ မိုင် ရှိပါမယ်။ - · ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၃°C ရှိပြီး၊ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၁၈ မိုင် ရှိပါမယ်။ - · ရှမ်းပြည်နယ်တခုလုံးရဲ ပျမ်းမျှ လေထုစိုထိုင်းဆ ၉၀% နဲ့ ၁၀၀% ရှိနေပြီး၊ ခံစားရတဲ့အပူချိန် ၃၅°C အထိ ရှိနိုင်ပါမယ်။ - · ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့မှာ လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI Value) 45 အထိ ရှိနိုင်ပြီး ကျန်ဒေသတွေမှာ ပျမ်းမျှခြင်း 15 မှ 25 ရှိနိုင်ပါမယ်။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ရှမ်းပြည်နယ်အတွင်း စပါးစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် - ရှမ်းပြည်နယ်အတွင်း စပါးစိုက်ပျိုးရာတွင် လောင်မီးပိုး/ ကျောက်ဆူးပိုးကျရောက်နေ၍ အောက်ပါနည်းလမ်းများ အတိုင်းကာကွယ်နှိမ်နင်းပေးပါ။ - စပါးခင်းပတ်ဝန်းကျင်ရှိ ပေါင်းမြက်တွေကိုရှင်းလင်းပါ။
- နိုက်ထရိုဂျင်မြေဩဇာ၊ရွက်ဖျန်းမြေဩဇာပက်ဖျန်းခြင်းမှရှောင်ကြဥ်ပါ။
- ဓာတုဆေး အနေဖြင့် Profefnofos၊ Acephate၊ Cartap hydrochloride ကဲ့သို့သောပိုးသတ်ဆေးများအသုံးပြု၍ ကာကွယ်နိုင်ပါသည်။
 - ငါးသားပေါက် ပြုစုခြင်း အကြံပြုချက် - ငါးသန်များကိုမရောင်းမှီ ၂ရက် ၃ရက်အကြာတွင် ၂ကြိမ်မှ ၃ကြိမ်အထိ အောက်ပါအတိုင်း ပြုလုပ်ပေးခြင်းဖြင့် ပတ်ဝန်းကျင်နှင့်နေသားကျခြင်း (သို့မဟုတ်)ကျင့်သားရပါမည်။ နေ့စဉ်ငါးသားပေါက်များကို ပိုက်ဆွဲပြီး ငါးများစုမိသောအခါ မိနစ် ၂၀-၃၀ ခန့် ရေဖျန်းပြီး ပြန်လွှတ်ပေးရမည်။ ၄င်းအတိုင်း နေ့စဉ် တကြိမ်စီနှင့် ၂ရက် ၃ရက်လုပ်ပေးရပါမည်။ ပဲဖတ်နှမ်းဖတ်ကျွေးရာတွင် တဧကလျှင် ၁၂ပိဿာခန့် ကျွေးရပါမည်။ ငါးသန်များ ရောင်ချလိုပါက မရောင်းချမှီ (၂၄)နာရီကြိုတင်ပြီး အစာဖြတ်ထားရပါမည်။ - ငါးသားပေါက်ရောင်းချမည်ဆိုပါက၊ ငါးသားပေါက်များ ရွှံ့မပေစေရန် ငါးဖမ်းပိုက်သည် ပါးလွှာသော သီးသန့်ငါးဖမ်းပိုက်ဖြင့် ဖမ်းဆီးရပါမည်။ ဖမ်းဆီးပြီးနောက် ကန်ထဲတွင် သီးသန့်ထားသော ပိုက်ကာထား သည့် နေရာတွင် (၄-၅)နာရီကြာ အသားကျစေရန်ထားရှိရပါမည်။ ထိုအချိန်တွင် ငါးများမစင်စွန့်ခြင်းကြောင့် ငါးများ၏ အစာအိမ်တွင် အစာမရှိနိုင်ပါ၊ အဆိုပါအခြေအနေတွင် ငါးများသယ်ယူရာတွင် အခက်အခဲမရှိ နိုင်ကြောင်းတွေ့ရှိရပါသည်။ - ငါးသားပေါက်များ ခရီးဝေးသယ်ယူရမည်ဆိုပါက ငါးမဖမ်းမှီ ပထမနေ့တွင် ကန်အတွင်းသို့ တဧက လျှင် ထုံး(၁၀)ပိဿာ ထည့်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။ - -------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
