cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်

. Market Analysis
မတ်ပဲစျေးအေးပြီး ပဲစဥ်းငုံစျေးကျဆင်း ၊ ကြက်သွန်နီစျေးအတက်ပြလာပြီး ပြောင်းစျေးအေးနေ
  • ( ၄. ၈.၂၀၂၅ မှ ၈.၈. ၂၀၂၅)

    မတ်ပဲ

    မတ်ပဲကတော့ အခုတစ်ပတ်မှာလည်း စျေးတန်းအေးပြီး တစ်တန်ကို သိန်း ၃၀ အထက်ကို​မှာပဲဆက်ရှိနေ ပါတယ်။ အရင်အပတ်ကထက် တစ်တန်ကို ၆၀၀၀ လောက်သာ အကျပြပါတယ်။

    မတ်ပဲက အိန္ဒိယရဲ့ ဝယ်လိုအားအပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။ ဒီနှစ်မှာ အိန္ဒိယက မြန်မာ့မတ်ပဲကို ဝယ်လိုအားနည်းတာကြောင့် စျေးကွက်အေးနေတာဖြစ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာ မှ သောကြာနေ့အတွင်း ၃၀၀၇၀၀၀ မှ ၃၀၂၄၀၀၀ ကျပ်အတွင်းစျေးတန်းရှိပါတယ်။

    အရင်တစ်ပတ်က မတ်ပဲ FAQ တစ်တန်ကိုတနင်္လာ မှ သောကြာနေ့အတွင်း ၃၀၀၉၀၀၀ မှ ၃၀၃၀၀၀၀ ကျပ်ရှိခဲ့တာကြောင့် ခုတစ်ပတ်မှာ တစ်တန်ကို ၂၀၀၀ မှ ၆၀၀၀ လောက်အကျပြ ပါတယ်။

    ပဲစင်းငုံ

    ပဲစင်းငုံကတော့  အခုတစ်ပတ်မှာ စျေးတန်းကျဆင်းသွားပါတယ်။ တစ်တန်ကို ၄၀၀၀၀ လောက်ကျပါတယ်။ ပဲစဥ်းငုံက ပြည်တွင်းမှာ ပစ္စည်းလက်ကျန် နည်းလာပေမယ့်လည်း စျေးကွက်က တက်မလာတဲ့အပြင် အကျဘက်ကိုသာ ရောက်ရောက်လာပါတယ်။ ပဲစဥ်းငုံကလည်း မတ်ပဲနည်းတူပါပဲ။ အိန္ဒိယဝယ်လိုအား ကောင်းမှ စျေးတန်းအတက်ပြပြီး အဝယ်အေးတဲ့အခါ အကျစျေးတန်းမှာပဲ ရှိနေတတ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အတွင်း ပဲစင်းငုံနီတစ်တန်ကို ၂၇၅၅၀၀၀ မှ ၂၇၈၅၀၀၀ ကျပ်ရှိပါတယ်။

    အရင်တစ်ပတ်တုန်းက တနင်္လာကနေ သောကြာနေ့မှာဆိုရင် ပဲစင်းငုံနီတစ်တန်ကို ၂၇၉၈၀၀၀ မှ ၂၈၂၀၀၀၀ ကျပ်ရှိခဲ့ပါတယ်။

    ကြက်သွန်နီ

    ကြက်သွန်နီက လက်ရှိပြည်တွင်း စျေးကွက်က တစ်ပိဿာကို ၅၀ မှ ၁၀၀ ကျပ်လောက်အတက်ပြလာပြီး ရန်ကုန်စျေးကွက်မှာ အရောင်း အဝယ်သွက်လာနေတယ်လို့ ကုန်သည်နဲ့ ပွဲရုံတွေဆီကသိရပါတယ်။

    ကုန်သည် ဝယ်လက်တွေက အရည်အသွေးကောင်းတဲ့ ကြက်သွန်ကို ဝယ်ယူမှုများပြားသလို အရည်အသွေးညံ့တဲ့ ကြက်သွန်ကလည်း စျေးအလိုက် အရောင်း အဝယ်ရှိနေတယ်လို့သိရပါတယ်။ တောင်သူတွေသာ ကြက်သွန်ကိုထိန်းပြီးရောင်းနိုင်ပါက ယခုစျေးတန်းအောက်ထပ်မကျနိုင်ဘဲ အတက်ဘက်သာဦးတည်နိုင်တယ်လို့ သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မုံရွာကြက်သွန်က ၈၅၀ မှ ၁၇၀၀ ကျပ်၊ ဆိပ်ဖြုက ၈၅၀ မှ ၁၇၀၀ ကျပ်၊ မြင်းခြံက ၆၀၀ မှ ၁၆၅၀ ကျပ်၊ ရွှေဘိုကြက်သွန်က ၁၁၀၀ မှ ၁၇၀၀ ကျပ်သာ စျေးဖွင့်ထားပါတယ်။

    ပြောင်း

    ပြောင်းကတော့ ထိုင်းကိုအခွန်ကင်းလွတ်ခွင့်နဲ့တင်ပို့ခွင့်ကာလ ကုန်ဆုံးချိန်နီးကပ်လာမှုနဲ့အတူ စျေးထပ်မကျတော့ဘဲ အရင်တစ်ပတ်ကဖြစ်ပေါ်ခဲ့တဲ့အကျစျေးတန်းမှာပဲ ငြိမ်နေတာတွေ့ရပါတယ်။ လက်ရှိမှာ မြန်မာ့ပြောင်းကို ထိုင်းက ဝယ်လိုအားရှိပေမယ့်လည်း ပြောင်းပေးစျေးနည်းတာကြောင့် မြန်မာ့ပြောင်းစျေးကျနေတာဖြစ်ပါတယ်။ စျေးကျပေမယ့် ပြည်တွင်းမှာဝယ်လိုအားရှိပြီး ပြောင်းသန့်ပါက အရောင်းအဝယ်သွက် နေပါတယ်။

    ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ယခုတပတ် ပြောင်းတစ်ပိဿာကို ၁၆၃၀ မှ ၁၆၅၀ ကျပ်သာရှိပါတယ်။

    မန္တလေးကုန်စည်ဒိုင်မှာ ပြောင်း (cp) နဲ့ ပြောင်း ( ရှမ်း) တစ်အိတ်ကို ၈၄၀၀၀ မှ ၈၆၀၀၀ ကျပ်သာရှိပါတယ်။ အရင်တစ်ပတ်ကထက်တစ်အိတ်ကို ၁၀၀၀ ကျပ်နှုန်း ကျဆင်းပါတယ်။

    ------   

    မိုးလေဝသအဖွဲ့ဝင်ရန် - 

    https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
8
comments
0
views
3300