cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း ဩဂုတ်လ ၁၁ ရက် မှ ဩဂုတ်လ ၁၇ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
လက်ရှိစပါးဆစ်ပိုးကျရောက်မှုနဲ့ပတ်သတ်ပြီး မေးမြန်းလာသောကြောင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
  • ဩဂုတ်လ ၁၅-၁၆ ရက်များမှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ပြီး၊ အနောက်-အနောက်မြောက်ဘက် (အိန္ဒိယနိုင်ငံ ဩရိဿကမ်းရိုးတန်းဘက်)သို့ဆက်လက်ရွေ့လျားနိုင်ပါတယ်။ ဒီတပါတ်အတွင်းမှာ မုတ်သုံလေအား အသင့်အတင့်မှ အားကောင်းနေနိုင်ပြီး အလယ်ပိုင်းမိုးနည်းရေရှားဒေသများဖြစ်တဲ့ မကွေးတိုင်း၊ မကွေးတိုင်းနှင့်ထိစပ်နေတဲ့ မန္တလေးတိုင်းအနောက်ဘက်ဒေသတွေမှာ မိုးအနည်းငယ်သာရွာနိုင်ကာ၊ ကျန်ပြည်နယ်တိုင်းဒေသအားလုံးမှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာသွန်းနိုင်ပါတယ်။ 

    ·         ရန်ကုန်တိုင်းတခုလုံးမှာ အခုရက်သတ္တပါတ် ၁ ပါတ်အတွင်း မိုးအနည်းငယ်(၂၄ နာရီအတွင်း မိုးရေချိန် ၁ လက်မ ဝန်းကျင် - ၃၀ မီလီမီတာအောက်)ရွာနိုင်ပါမယ်။ 

    ·         ပင်လယ်ကမ်းခြေနားနီးတဲ့ ရန်ကုန်တောင်ပိုင်းမြို့နယ်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၆ လက်မခွဲခန့်အထိ ရွာသွန်းနိုင်ပြီး၊ ရန်ကုန်တိုင်းမြောက်ပိုင်းမြို့နယ်တွေနဲ့ ရန်ကုန်မြို့တွင်းက မြို့နယ်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၅ လက်မခန့် ရွာသွန်းရရှိနိုင်ပါတယ်။ 

    ·         ရန်ကုန်မြို့ပေါ်တွင် ဩဂုတ် ၁၁ ရက် နှင့် ၁၆ ရက်နေ့များ၌ မိုးအသင့်အတင့်ရွာနိုင်/နေရာကွက်ပြီး မိုးများနိုင်ပါမယ်။ 

    ·         ယခု ၁ ပါတ်အတွင်း ရန်ကုန်တိုင်းတခုလုံးရဲ့ ပျမ်းမျှတိမ်ဖုံးအုပ်သည့်အခြေအနေ - ၉၀% နှင့်အထက်မှာ ရှိနေနိုင်ပါမယ်။ 

    ·        ရန်ကုန်တိုင်းအတွင်း တောင်/အနောက်တောင်အရပ်မှ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၁၅ မိုင်မှ မိုင်၂၀ အထိ တိုက်ခတ်နိုင်ပြီး၊ လေထုစိုထိုင်းဆ ၉၀% မှ ၁၀၀% ရှိနိုင်ပါမယ်။ 

    ·        အမြင့်ဆုံးနေ့အပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ပြီး၊ လေထုစိုထိုင်းဆမြင့်မား၍ လေငြိမ်နေချိန်များမှာ ခံစားရသည့်အပူချိန် ၃၇°C အထိရှိနိုင်ပါတယ်။ 

    ·        ရန်ကုန်တိုင်းပင်လယ်ကမ်းရိုးတန်းအနီးပင်လယ်ပြင်မှာ တောင်-အနောက်တောင်ဘက်မှ လှိုင်းအမြင့် ၃ ပေခန့်ရှိနိုင်ပြီး လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၂၅ မိုင်ခန့်ရှိနိုင်ပါတယ်။ 

    ရန်ကုန်တိုင်းရဲ့ လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI Value)က ၂၀ သာရှိမှာမို့ လေထုညစ်ညမ်းခြင်းမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများထံသို့... 

    စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် 

    • လက်ရှိစပါးဆစ်ပိုးကျရောက်မှုနဲ့ပတ်သတ်ပြီး မေးမြန်းလာသောကြောင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။ 
    • စပါးပင်ငယ်စဥ်မှာဆို အဓိက စပါးပင်စည်အတွင်းထိုးဖောက်စားသောက်ခြင်းကြောင့် အူပုပ်တဲ့လက္ခဏာကိုတွေ့ရပြီး ပင်စည်ကိုခွဲကြည့်ပါက ဆစ်ပိုး၏လောက်ကောင် (သို့မဟုတ်) စားသောက်ပြီး အညစ်အကြေးများကို တွေ့ရတတ်ပါတယ်။ 
    • စပါးနှံစပြူချိန်တွင်ကျရောက်ပါက အနှံသည်အစေ့အဆန်မအောင်မြင်ဘဲ အနှံဖြူသွားသောလက္ခဏာကို အဓိကတွေ့ရပါတယ်။ 
    • ဆစ်ပိုးကျရောက်နေပါက အရွက်အဖျားပိုင်းတွင်တွေ့ရသော ဆစ်ပိုးဥမြုံတွေကို လက်နဲ့ကောက်ပေးပါ။ 
    • နိုက်ထရိုဂျင်ပုလဲမြေဩဇာကို အကြိမ်ရေခွဲထည့်ပေးပါ။ 
    • ပိုတက်ရှ်မြေဩဇာ (K) ကိုအဓိကထည့်ပေးပါ။ 
    • ပြီးလျှင် ရေထုတ်ပြီးမှ ဆေးဖျန်းပေးပါ။ 
    • ဆစ်ပိုးအတွက် ရွေးချယ်နိုင်သောဓာတုပိုးသတ်ဆေးများ - Profenofos+ Lufenuron / Cartap hydrochloride/ Acephate+ Monosultap, Carbosulfan 

    ငါးသားပေါက်များကို ပတ်ဝန်းကျင်နှင့်ကျင့်သားရအောင် ပြုစုခြင်း 

    ငါးသန်များကိုမရောင်းမှီ ၂ရက် ၃ရက်အကြာတွင် ၂ကြိမ်မှ ၃ကြိမ်အထိ အောက်ပါအတိုင်း ပြုလုပ်ပေးခြင်းဖြင့် ပတ်ဝန်းကျင်နှင့်နေသားကျခြင်း (သို့မဟုတ်)ကျင့်သားရပါမည်။ နေ့စဉ်ငါးသားပေါက်များကို ပိုက်ဆွဲပြီး ငါးများစုမိသောအခါ မိနစ် ၂၀-၃၀ ခန့် ရေဖျန်းပြီး ပြန်လွှတ်ပေးရမည်။ ၄င်းအတိုင်း နေ့စဉ် တကြိမ်စီနှင့် ၂ရက် ၃ရက်လုပ်ပေးရပါမည်။ ပဲဖတ်နှမ်းဖတ်ကျွေးရာတွင် တဧကလျှင် ၁၂ပိဿာခန့် ကျွေးရပါမည်။ ငါးသန်များ ရောင်ချလိုပါက မရောင်းချမှီ (၂၄)နာရီကြိုတင်ပြီး အစာဖြတ်ထားရပါမည်။  

              ငါးသားပေါက်ရောင်းချမည်ဆိုပါက၊ ငါးသားပေါက်များ ရွှံ့မပေစေရန် ငါးဖမ်းပိုက်သည် ပါးလွှာသော သီးသန့်ငါးဖမ်းပိုက်ဖြင့် ဖမ်းဆီးရပါမည်။ ဖမ်းဆီးပြီးနောက် ကန်ထဲတွင် သီးသန့်ထားသော ပိုက်ကာထား သည့် နေရာတွင် (၄-၅)နာရီကြာ အသားကျစေရန်ထားရှိရပါမည်။ ထိုအချိန်တွင် ငါးများမစင်စွန့်ခြင်းကြောင့် ငါးများ၏ အစာအိမ်တွင် အစာမရှိနိုင်ပါ၊ အဆိုပါအခြေအနေတွင် ငါးများသယ်ယူရာတွင် အခက်အခဲမရှိ နိုင်ကြောင်းတွေ့ရှိရပါသည်။  

               ငါးသားပေါက်များ ခရီးဝေးသယ်ယူရမည်ဆိုပါက ငါးမဖမ်းမှီ ပထမနေ့တွင် ကန်အတွင်းသို့ တဧက လျှင် ထုံး(၁၀)ပိဿာ ထည့်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။  

    --------------            

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12              

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို               

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.              

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437    


  • article
likes
8
comments
0
views
4009